လူတွေကွယ်ပျောက်သွားတဲ့အခါ သူတို့ချစ်မြတ်နိုးရတဲ့သူတွေဟာ ဝမ်းနည်းငိုကြွေးကြပေမဲ့ သူတို့ရဲ့သစ္စာအရှိဆုံးအဖော်တွေကတော့ ဘယ်အရာတွေဖြစ်ပျက်သွားလဲဆိုတာကို ချက်ချင်းနားမလည်နိုင်ကြပါဘူး။သစ္စာရှိတဲ့ခွေးလေးတစ်ကောင်ဟာ သူ့ပိုင်ရှင်ရဲ့ဆေးရုံကုတင်အိပ်ယာဘေးမှာ အချိန်အတော်ကြာစောင့်နေတာကိုတွေ့ခဲ့ရပြီး စိတ်မကောင်းစရာက သူ့သခင်ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကို သူမသိနေခဲ့တာပါဘဲ။နယူးဂျာစီပြည်နယ်မှ Labradorခွေးအမျိုးအစားရောစပ်ထားတဲ့ သုံးနှစ်အရွယ်ခွေးလေး Moose ဟာ သူ့ ပိုင်ရှင်ရဲ့ဆေးရုံအိပ်ယာ နံဘေးမှာစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေခဲ့တဲ့ပုံကိုတွေ့ကြမှာပါ။
စိတ်မကောင်းစွာနဲ့ Moose လေးရဲ့ပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာတစ်ကောင်တည်းဝမ်းနည်းနေတဲ့ခွေးကလေးကိုထားခဲ့ကာ လောကကြီးကိုအပြီးအပိုင်နှုတ်ဆက်ထွက်သွားခဲ့ပါပြီ။ဒါကြောင့်တခြားလူတွေက Moose အား ဂရုစိုက်ပေးနိုင်မဲ့မိသားစုအသစ်တစ်ခုရရှိစေလိုတဲ့မျှော်လင့်ချက်နဲ့ Mooseရဲ့ဓာတ်ပုံကို ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ကြတာပါ။Mooseလေးရဲ့ဝမ်းနည်းစရာကောင်းတဲ့သတင်းအချက်အလက်အချို့ဖြင့် social media ပေါ်မျှဝေခဲ့ပြီး သူ့ကို လူတွေကမွေးစားခေါ်ဆောင်သွားဖို့အတွက်လည်း မျှော်လင့်နေခဲ့ကြပါတယ်။
ဒါပေမဲ့Mooseလေးရဲ့ပုံကိုမျှဝေပြီးနောက်မှာတော့မွေးစားဖို့စိတ်အားထက်သန်နေကြတဲ့ လူရာပေါင်းများစွာရဲ့အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီး အဲဒီနောက် Mooseလေးလည်း သူ့ရဲ့ ထာဝရအေးချမ်းတဲ့အိမ်ကိုတွေ့ရှိသွားခဲ့ပါတယ်။အဆိုပါသဘောထားပြည့်ဝတဲ့ မိသားစုကလည်း ကျန်ရှိနေသေးတဲ့သူ့ဘဝအတွက် ဂရုစိုက်ပြီးချစ်မြတ်နိုးပေးကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။
Mooseလေးဟာ ချစ်ဖို့ကောင်းတဲ့မိသားစုတစ်စုကိုတွေ့ရှိသွားခဲ့ပေမယ့် ရာနဲ့ချီကျန်ရှိနေသေးတဲ့သစ္စာစောင့်သိခွေးတွေကလည်း လူတွေရဲ့အကူအညီကိုလိုအပ်နေသေးကြောင်း သတင်းတစ်ခုက ဖော်ပြထားပါသေးတယ်။
Mia (Mckzone Daily)
Source : elitereaders
Zawgyi
လူေတြကြယ္ေပ်ာက္သြားတဲ့အခါ သူတို႔ခ်စ္ျမတ္ႏိုးရတဲ့သူေတြဟာ ဝမ္းနည္းငိုေႂကြးၾကေပမဲ့ သူတို႔ရဲ႕သစၥာအရွိဆုံးအေဖာ္ေတြကေတာ့ ဘယ္အရာေတြျဖစ္ပ်က္သြားလဲဆိုတာကို ခ်က္ခ်င္းနားမလည္ႏိုင္ၾကပါဘူး။သစၥာရွိတဲ့ေခြးေလးတစ္ေကာင္ဟာ သူ႔ပိုင္ရွင္ရဲ႕ေဆး႐ုံကုတင္အိပ္ယာေဘးမွာ အခ်ိန္အေတာ္ၾကာေစာင့္ေနတာကိုေတြ႕ခဲ့ရၿပီး စိတ္မေကာင္းစရာက သူ႔သခင္ဘယ္ေတာ့မွျပန္မလာေတာ့ဘူးဆိုတာကို သူမသိေနခဲ့တာပါဘဲ။နယူးဂ်ာစီျပည္နယ္မွ Labradorေခြးအမ်ိဳးအစားေရာစပ္ထားတဲ့ သုံးႏွစ္အ႐ြယ္ေခြးေလး Moose ဟာ သူ႔ ပိုင္ရွင္ရဲ႕ေဆး႐ုံအိပ္ယာ နံေဘးမွာစိတ္ရွည္ရွည္နဲ႔ေစာင့္ဆိုင္းေနခဲ့တဲ့ပုံကိုေတြ႕ၾကမွာပါ။
စိတ္မေကာင္းစြာနဲ႔ Moose ေလးရဲ႕ပိုင္ရွင္ဟာ ကမာၻေပၚမွာတစ္ေကာင္တည္းဝမ္းနည္းေနတဲ့ေခြးကေလးကိုထားခဲ့ကာ ေလာကႀကီးကိုအၿပီးအပိုင္ႏႈတ္ဆက္ထြက္သြားခဲ့ပါၿပီ။ဒါေၾကာင့္တျခားလူေတြက Moose အား ဂ႐ုစိုက္ေပးႏိုင္မဲ့မိသားစုအသစ္တစ္ခုရရွိေစလိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ Mooseရဲ႕ဓာတ္ပုံကို ႐ိုက္ကူးဖို႔ဆုံးျဖတ္ခဲ့ၾကတာပါ။Mooseေလးရဲ႕ဝမ္းနည္းစရာေကာင္းတဲ့သတင္းအခ်က္အလက္အခ်ိဳ႕ျဖင့္ social media ေပၚမွ်ေဝခဲ့ၿပီး သူ႔ကို လူေတြကေမြးစားေခၚေဆာင္သြားဖို႔အတြက္လည္း ေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။
ဒါေပမဲ့Mooseေလးရဲ႕ပုံကိုမွ်ေဝၿပီးေနာက္မွာေတာ့ေမြးစားဖို႔စိတ္အားထက္သန္ေနၾကတဲ့ လူရာေပါင္းမ်ားစြာရဲ႕အာ႐ုံစိုက္မႈကို ရရွိသြားခဲ့ၿပီး အဲဒီေနာက္ Mooseေလးလည္း သူ႔ရဲ႕ ထာဝရေအးခ်မ္းတဲ့အိမ္ကိုေတြ႕ရွိသြားခဲ့ပါတယ္။အဆိုပါသေဘာထားျပည့္ဝတဲ့ မိသားစုကလည္း က်န္ရွိေနေသးတဲ့သူ႔ဘဝအတြက္ ဂ႐ုစိုက္ၿပီးခ်စ္ျမတ္ႏိုးေပးၾကလိမ့္မယ္လို႔ေမွ်ာ္လင့္မိပါတယ္။
Mooseေလးဟာ ခ်စ္ဖို႔ေကာင္းတဲ့မိသားစုတစ္စုကိုေတြ႕ရွိသြားခဲ့ေပမယ့္ ရာနဲ႔ခ်ီက်န္ရွိေနေသးတဲ့သစၥာေစာင့္သိေခြးေတြကလည္း လူေတြရဲ႕အကူအညီကိုလိုအပ္ေနေသးေၾကာင္း သတင္းတစ္ခုက ေဖာ္ျပထားပါေသးတယ္။
Mia (Mckzone Daily)
Source : elitereaders