ၾကားသိရသမွ်

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က Grand Royal အရက်စက်ရုံမီးလောင်မှုဖြစ်ပွားနေတဲ့ ရုပ်သံဖိုင်

ရုပ်သံဖိုင်ကို အောက်ဆုံးမှာဖေါ်ပြထားပါတယ်..။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ အရက်ချက်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားကာ Level 3 အဆင့် မီးငြိမ်းသတ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ဇန်နဝါရီလ ၁၃ရက်နေ့ ၃နာရီခွဲအချိန်ခန့်ကစပြီး မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ် ၄လမ်းမကြီးရှိ Grand Royal အရက်ချက်စက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေတာဖြစ်ပါတယ်။

“၃နာရီခွဲထဲက လောင်တာ။ အခု level 3 လို့ မီးသတ်က ထုတ်ပြန်ထားတယ်။ လောင်တာကတော့ grand royal အရက်ချက်စက်ရုံလောင်တာ။ မီးသတ်ကားတွေလည်းအများကြီးသွားနေတယ်”လို့ အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။

ထိုမီးလောင်ကျွမ်းမှုကြောင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်လျက်ရှိပြီး Level 3 အဆင့် ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်လျက်ရှိတယ်လို့ မီးသတ်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

နေ့လယ် ၃ နာရီကျော်ကတည်း မှော်ဘီက Grand Royal အရက်ချက်စက်ရုံမီးလောင်မှု ယခု ညနေ ၅ နာရီခွဲ အထိ မီးငြှိမ်းသတ်နေရဆဲလို့ မီးသတ်က ပြောပါတယ်။

ယင်းမီးလောင်မှုကို Level 3 အဆင့်သတ်မှတ်ပြီး မီးငြှိမ်းသတ်နေတယ်လို့ဆိုပြီး မီးသတ်တပ်ဖွဲ့က လိုက်ဖ်ရိုက်ကူးထုတ်လွှင့်နေပြီး မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့မသိရှိရသေးပါဘူး








#Credit