ခ်စ္သူအေပၚ အရမ္းကိုစိတ္ႏွစ္ၿပီး အ႐ူးအမူးခ်စ္တဲ့သူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳး(၅)ခု…
အခုတစ္ခါမွာေတာ႔ Gleaning ပရိတ္သတ္ၾကီးအတြက္ ခ်စ္သူအေပၚ အရမ္းကို စိတ္ႏွစ္ၿပီး အ႐ူးအမူးခ်စ္တဲ့သူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳး ၅ ခုအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။
(၁) ပူပင္ေသာက ေရာက္ျခင္း”
ကိုယ့္ရဲ႕ အခ်စ္စိတ္ေတြ အားလုံးက သူမွ သူဘဲ ျဖစ္ေနတဲ့ အခါ သူ႔ဘက္က ကိုယ့္ကို ထားသြားမွာ၊ အမွားလုပ္မိမွာ၊ ကိုယ့္အေပၚ သစၥာေဖာက္မွာ စသျဖင့္ အခ်ိန္တိုင္း စိုးရိမ္ပူပန္ စိတ္ေတြနဲ႔ပဲ ျဖတ္သန္းေနရ ပါလိမ့္မယ္ …။
ျဖစ္ႏိုင္ရင္ ကိုယ့္အနားမွာဘဲ အခ်ိန္တိုင္း ရွိခ်င္တဲ့ အတြက္ သူ႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ ေတြကို ကိုယ့္ဘက္က ခ်ဳပ္ခ်ယ္ေကာင္း ခ်ဳပ္ခ်ယ္ လာမိပါလိမ့္မယ္။ ဒီအေျခအေနေတြ အားလုံးဟာ တျဖည္းျဖည္းနဲ႔ ခ်စ္တဲ့စိတ္ကေန အတၱဘက္ကို ေရာက္မွန္းမသိ ေရာက္သြားတတ္ပါတယ္ …။
ကိုယ့္ဘက္က ဆုံးရႈံးရမွာ ေၾကာက္လို႔ သူ႔အေပၚ ခ်ဳပ္ခ်ယ္မႈေတြ မ်ားလာတဲ့ အခါ တဖက္သူက ကိုယ့္ကို ၿငီးေငြ႕ၿပီး ကိုယ့္အနားက ထြက္သြားခ်င္ စိတ္ေတြ ျဖစ္ေပၚတတ္ ပါတယ္။ ဒီလိုနဲ႔ ကိုယ္ေတြရဲ႕ Relationship က အဆုံးသတ္တဲ့ အေျခအေနထိ ေရာက္သြား တတ္ၾကပါတယ္ …။
(၂) ရည္မွန္းခ်က္ေတြ ေနာက္ေႏွးျခင္း”
လူတေယာက္ကို ရာႏႈန္းျပည့္ သူ႔အေပၚမွာ စိတ္ႏွစ္ၿပီး ခ်စ္ရတဲ့ အခါ တျဖည္းျဖည္းနဲ႔ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ ရည္႐ြယ္ခ်က္ေတြမွာ ေနာက္ေႏွး ႀကံ့ၾကာမႈေတြ ျဖစ္ေပၚတတ္ပါတယ္ …။
အခ်ိန္တိုင္းလိုလို သူ႔အေပၚ စိတ္က ေရာက္ေနတဲ့ အတြက္ အလုပ္ လုပ္တဲ့ ေနရာမွာလည္း အလြဲလြဲ အေခ်ာ္ေခ်ာ္ေတြ ျဖစ္တတ္ၿပီး ထင္ထားသေလာက္လည္း ေအာင္ျမင္မႈ မရရွိႏိုင္ေတာ႔ပါဘူး …။
ကိုယ့္ဘဝ တက္လမ္း အတြက္ ကိစၥတစ္ခုခု လုပ္ေတာ့မယ္ ဆိုရင္ေတာင္ သူက ကိုယ့္သြားမယ္႔ ပန္းတိုင္းမွာ အတားအဆီး တစ္ခုလို ျဖစ္လာပါလိမ္႔မယ္။ ဒီကိစၥကို လုပ္လိုက္လို႔ ေအာင္ျမင္မယ္ ဆိုေပမဲ့ သူမႀကိဳက္မွာ၊ သူရဲ႕ အေဝးကို ေရာက္သြားမွာ စသျဖင့္ သူ႔အတြက္ သူ႔အတြက္နဲ႔ ကိုယ့္ရဲ႕ ကိုယ္ပိုင္ တိုးတက္ခ်ိန္ေတြ ကုန္ဆုံးသြားရ ပါလိမ့္မယ္ …။
ဒါ့ေၾကာင့္ ခ်စ္သူထားတဲ့ အခါ ႏွစ္ဦးစလုံး အျပန္အလွန္ နားလည္မႈ ရွိၿပီး ကိုယ့္ဘဝအတြက္ ဝန္ထုပ္ဝန္းပိုး မျဖစ္ေအာင္ ကိုယ္ဘဝ အတြက္ ေပးရမဲ့ အခ်ိန္၊ သူ႔အတြက္ ေပးရမဲ့ အခ်ိန္အားလုံးကို သီးျခားပိုင္းျခား ထားႏိုင္ဖို႔ လိုအပ္ပါတယ္ေနာ္ …။
(၃) မိသားစုနဲ႔ အဆင္မေျပျဖစ္ျခင္း”
စားလဲ သူ၊ သြားလဲ သူ အရာအားလုံးအေပၚ သူ႔က လႊမ္းမိုးေနတဲ့ အခါ မိသားစု ေရးရာမွာ လည္း ေခါင္းထဲ သိပ္မရွိတတ္ ၾကေတာ့ ပါဘူး …။
အိမ္က မိသားစုအတြက္ အေရးႀကီးတဲ့ အခ်ိန္ေတြမွာ မိသားစုနဲ႔အတူ မေနေပးႏိုင္ဘဲ ခ်စ္သူက ခ်ိန္းလို႔ သြားရတာမ်ိဳး၊ခ်စ္သူက စိတ္ ကြက္မွာဆိုလို႔ သူ႔အတြက္ ျဖည့္ဆည္းေပး တာမ်ိဳး စတဲ့ အျဖစ္အပ်က္ေတြက ၾကာလာတဲ့ အခါ သင္ဟာ မိသားစုဝင္ ထဲကေန အျပင္ကို ခြဲထြက္သြားၿပီး မိသားစုနဲ႔လည္း အဆင္မေျပ ျဖစ္တတ္ၾကပါတယ္ …။
ခ်စ္သူနဲ႔ မိသားစုေရးရာ ကိစၥအခ်ိဳ႕ ယွဥ္လာတဲ့ အခါ ဘယ္ကိစၥက အေရးႀကီးလည္း ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ ျပဳလုပ္တာ အေကာင္းဆုံးပါပဲ …။ (အေမေနမေကာင္းတဲ့ ေန႔မွာ ခ်စ္သူနဲ႔ ခ်ိန္းထားတယ္ဆိုရင္ေရာ သင္ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲ?)
(၄) အရမ္း နာက်င္ရျခင္း”
အခ်စ္ႀကီးတဲ့ သူအတြက္ ခံစားမႈကလည္း အတိုင္းမသိ ႀကီးမားတတ္ ၾကပါတယ္။ သူ႔အေပၚ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္သေလာက္ သူ႔ဘက္က တုံ႔ျပန္မႈက ကိုယ့္အေပၚ အသိအမွတ္ မျပဳတဲ့အခါ အရမ္းကို နာက်င္ ခံစားရတတ္ပါတယ္ …။
အျခားသူေတြ အျမင္မွာေတာ့ ကိုယ္ေတြရဲ႕ အျဖစ္အပ်က္က သာမန္ကိစၥ တစ္ခုလို ျမင္ေနေပမဲ့ ကိုယ့္ဘက္က သူ႔ကို အမ်ားႀကီး ေမွ်ာ္လင့္ထားၿပီး ေမွ်ာ္လင့္ထား သလို မျဖစ္လာတဲ့ အခါ ဝမ္းနည္းမႈေတြ တေပြ႕တပိုက္နဲ႔ ရင္ဆိုင္ရတတ္ ပါတယ္ …။
အရမ္းကို ဂ႐ုစိုက္ၿပီး ခ်စ္တတ္တဲ့ အတြဲေတြ အတြက္ေတာ့ ျပႆနာ မဟုတ္ေပမဲ့ ကိုယ္တစ္ဦးထဲ ကပဲ သူ႔အေပၚ အ႐ူးအမူး ခ်စ္ျပေနရင္ေတာ့ အဆုံးသတ္မွာ ကိုယ္ပဲ နာက်င္ ခံစားရမယ္ ဆိုတာ မလြဲမေသြ ပါပဲ …။
(၅) ေနာင္တေတြနဲ႔ အဆုံးသတ္ျခင္း”
ကိုယ့္ဘက္က အခ်ိန္ျပည့္ ဂ႐ုစိုက္ၿပီး သူ႔အေပၚ ခ်စ္ေပးေနေပမဲ့ သူ႔ဘက္က တုံ႔ျပန္မႈက ကိုယ့္အေပၚ မေကာင္းတဲ့အခါ အခ်ိန္ေတြ ၾကာလာတာနဲ႔ အမွ် ပူေဆြး ေသာက ေရာက္ရ တတ္ၾက ပါတယ္ …။
အစပိုင္းမွာ သူ႔ရဲ႕ လုပ္ရပ္ကို ၾကည့္ၿပီး ဝမ္းနည္းရာကေန တျဖည္းျဖည္းမ်ားလာ တဲ့အခါ ေဒါသစိတ္ေတြ၊ ေပါက္ကြဲခ်င္စိတ္ေတြ တျဖည္းျဖည္း ျဖစ္ေပၚလာ ပါလိမ့္မယ္ …။
အတိတ္ေတြကို စဥ္းစားမိတိုင္း ကိုယ့္ရဲ႕ ေပးဆပ္မႈက သူနဲ႔ မတန္ဘူး သူ႔အတြက္ ေပးဆပ္ခဲ့ရ တာေတြအတြက္ ကိုယ့္ကိုကိုယ္ ေဒါသလည္းထြက္ ေနာင္တလည္းရ ဆိုတဲ့ အျဖစ္မ်ိဳးနဲ႔ အဆုံးသတ္ သြားပါလိမ့္မယ္။ ဒီလို အတိတ္က ရရွိခဲ့တဲ့ အမာ႐ြတ္ေတြက ႀကီးတဲ့အထိ ကိုယ့္ရဲ႕ စိတ္ကို ခတ္ထန္ ေစပါတယ္ေနာ္ …။ ။
ခရက္ဒစ္ Thar nge
Unicode
ချစ်သူအပေါ် အရမ်းကိုစိတ်နှစ်ပြီး အရူးအမူးချစ်တဲ့သူတွေ ဖြစ်တတ်တဲ့ ဆိုးကျိုး(၅)ခု…
အခုတစ်ခါမှာတော့ Gleaning ပရိတ်သတ်ကြီးအတွက် ချစ်သူအပေါ် အရမ်းကို စိတ်နှစ်ပြီး အရူးအမူးချစ်တဲ့သူတွေ ဖြစ်တတ်တဲ့ ဆိုးကျိုး ၅ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော် …။
(၁) ပူပင်သောက ရောက်ခြင်း”
ကိုယ့်ရဲ့ အချစ်စိတ်တွေ အားလုံးက သူမှ သူဘဲ ဖြစ်နေတဲ့ အခါ သူ့ဘက်က ကိုယ့်ကို ထားသွားမှာ၊ အမှားလုပ်မိမှာ၊ ကိုယ့်အပေါ် သစ္စာဖောက်မှာ စသဖြင့် အချိန်တိုင်း စိုးရိမ်ပူပန် စိတ်တွေနဲ့ပဲ ဖြတ်သန်းနေရ ပါလိမ့်မယ် …။
ဖြစ်နိုင်ရင် ကိုယ့်အနားမှာဘဲ အချိန်တိုင်း ရှိချင်တဲ့ အတွက် သူ့ရဲ့ ကိုယ်ပိုင်အချိန် တွေကို ကိုယ့်ဘက်က ချုပ်ချယ်ကောင်း ချုပ်ချယ် လာမိပါလိမ့်မယ်။ ဒီအခြေအနေတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့ ချစ်တဲ့စိတ်ကနေ အတ္တဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ်ပါတယ် …။
ကိုယ့်ဘက်က ဆုံးရှုံးရမှာ ကြောက်လို့ သူ့အပေါ် ချုပ်ချယ်မှုတွေ များလာတဲ့ အခါ တဖက်သူက ကိုယ့်ကို ငြီးငွေ့ပြီး ကိုယ့်အနားက ထွက်သွားချင် စိတ်တွေ ဖြစ်ပေါ်တတ် ပါတယ်။ ဒီလိုနဲ့ ကိုယ်တွေရဲ့ Relationship က အဆုံးသတ်တဲ့ အခြေအနေထိ ရောက်သွား တတ်ကြပါတယ် …။
(၂) ရည်မှန်းချက်တွေ နောက်နှေးခြင်း”
လူတယောက်ကို ရာနှုန်းပြည့် သူ့အပေါ်မှာ စိတ်နှစ်ပြီး ချစ်ရတဲ့ အခါ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေမှာ နောက်နှေး ကြံ့ကြာမှုတွေ ဖြစ်ပေါ်တတ်ပါတယ် …။
အချိန်တိုင်းလိုလို သူ့အပေါ် စိတ်က ရောက်နေတဲ့ အတွက် အလုပ် လုပ်တဲ့ နေရာမှာလည်း အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်ပြီး ထင်ထားသလောက်လည်း အောင်မြင်မှု မရရှိနိုင်တော့ပါဘူး …။
ကိုယ့်ဘဝ တက်လမ်း အတွက် ကိစ္စတစ်ခုခု လုပ်တော့မယ် ဆိုရင်တောင် သူက ကိုယ့်သွားမယ့် ပန်းတိုင်းမှာ အတားအဆီး တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စကို လုပ်လိုက်လို့ အောင်မြင်မယ် ဆိုပေမဲ့ သူမကြိုက်မှာ၊ သူရဲ့ အဝေးကို ရောက်သွားမှာ စသဖြင့် သူ့အတွက် သူ့အတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် တိုးတက်ချိန်တွေ ကုန်ဆုံးသွားရ ပါလိမ့်မယ် …။
ဒါ့ကြောင့် ချစ်သူထားတဲ့ အခါ နှစ်ဦးစလုံး အပြန်အလှန် နားလည်မှု ရှိပြီး ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်းပိုး မဖြစ်အောင် ကိုယ်ဘဝ အတွက် ပေးရမဲ့ အချိန်၊ သူ့အတွက် ပေးရမဲ့ အချိန်အားလုံးကို သီးခြားပိုင်းခြား ထားနိုင်ဖို့ လိုအပ်ပါတယ်နော် …။
(၃) မိသားစုနဲ့ အဆင်မပြေဖြစ်ခြင်း”
စားလဲ သူ၊ သွားလဲ သူ အရာအားလုံးအပေါ် သူ့က လွှမ်းမိုးနေတဲ့ အခါ မိသားစု ရေးရာမှာ လည်း ခေါင်းထဲ သိပ်မရှိတတ် ကြတော့ ပါဘူး …။
အိမ်က မိသားစုအတွက် အရေးကြီးတဲ့ အချိန်တွေမှာ မိသားစုနဲ့အတူ မနေပေးနိုင်ဘဲ ချစ်သူက ချိန်းလို့ သွားရတာမျိုး၊ချစ်သူက စိတ် ကွက်မှာဆိုလို့ သူ့အတွက် ဖြည့်ဆည်းပေး တာမျိုး စတဲ့ အဖြစ်အပျက်တွေက ကြာလာတဲ့ အခါ သင်ဟာ မိသားစုဝင် ထဲကနေ အပြင်ကို ခွဲထွက်သွားပြီး မိသားစုနဲ့လည်း အဆင်မပြေ ဖြစ်တတ်ကြပါတယ် …။
ချစ်သူနဲ့ မိသားစုရေးရာ ကိစ္စအချို့ ယှဉ်လာတဲ့ အခါ ဘယ်ကိစ္စက အရေးကြီးလည်း သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြုလုပ်တာ အကောင်းဆုံးပါပဲ …။ (အမေနေမကောင်းတဲ့ နေ့မှာ ချစ်သူနဲ့ ချိန်းထားတယ်ဆိုရင်ရော သင်ဘယ်သူ့ကို ရွေးချယ်မလဲ?)
(၄) အရမ်း နာကျင်ရခြင်း”
အချစ်ကြီးတဲ့ သူအတွက် ခံစားမှုကလည်း အတိုင်းမသိ ကြီးမားတတ် ကြပါတယ်။ သူ့အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလောက် သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် အသိအမှတ် မပြုတဲ့အခါ အရမ်းကို နာကျင် ခံစားရတတ်ပါတယ် …။
အခြားသူတွေ အမြင်မှာတော့ ကိုယ်တွေရဲ့ အဖြစ်အပျက်က သာမန်ကိစ္စ တစ်ခုလို မြင်နေပေမဲ့ ကိုယ့်ဘက်က သူ့ကို အများကြီး မျှော်လင့်ထားပြီး မျှော်လင့်ထား သလို မဖြစ်လာတဲ့ အခါ ဝမ်းနည်းမှုတွေ တပွေ့တပိုက်နဲ့ ရင်ဆိုင်ရတတ် ပါတယ် …။
အရမ်းကို ဂရုစိုက်ပြီး ချစ်တတ်တဲ့ အတွဲတွေ အတွက်တော့ ပြဿနာ မဟုတ်ပေမဲ့ ကိုယ်တစ်ဦးထဲ ကပဲ သူ့အပေါ် အရူးအမူး ချစ်ပြနေရင်တော့ အဆုံးသတ်မှာ ကိုယ်ပဲ နာကျင် ခံစားရမယ် ဆိုတာ မလွဲမသွေ ပါပဲ …။
(၅) နောင်တတွေနဲ့ အဆုံးသတ်ခြင်း”
ကိုယ့်ဘက်က အချိန်ပြည့် ဂရုစိုက်ပြီး သူ့အပေါ် ချစ်ပေးနေပေမဲ့ သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် မကောင်းတဲ့အခါ အချိန်တွေ ကြာလာတာနဲ့ အမျှ ပူဆွေး သောက ရောက်ရ တတ်ကြ ပါတယ် …။
အစပိုင်းမှာ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဝမ်းနည်းရာကနေ တဖြည်းဖြည်းများလာ တဲ့အခါ ဒေါသစိတ်တွေ၊ ပေါက်ကွဲချင်စိတ်တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာ ပါလိမ့်မယ် …။
အတိတ်တွေကို စဉ်းစားမိတိုင်း ကိုယ့်ရဲ့ ပေးဆပ်မှုက သူနဲ့ မတန်ဘူး သူ့အတွက် ပေးဆပ်ခဲ့ရ တာတွေအတွက် ကိုယ့်ကိုကိုယ် ဒေါသလည်းထွက် နောင်တလည်းရ ဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ် သွားပါလိမ့်မယ်။ ဒီလို အတိတ်က ရရှိခဲ့တဲ့ အမာရွတ်တွေက ကြီးတဲ့အထိ ကိုယ့်ရဲ့ စိတ်ကို ခတ်ထန် စေပါတယ်နော် …။ ။
ခရက်ဒစ် Thar nge