မာနနဲ့သိက္ခာတရားကို တန်ဖိုးထားတတ်တဲ့မိန်းကလေးတွေဆိုတာဒီလိုပါ…
တစ်ချို့မိန်းကလေးတွေက မာနကြီးတယ်၊ တွေ့ရာလူနဲ့ သိပ်အရော မဝင်တတ် ဘူးလို့ ထင်ရတတ်ပြီး တကယ်တမ်းမှာတော့ သူတို့က သူတို့ရဲ့ မာနနဲ့ သိက္ခာတရားကို တန်ဖိုးထားတတ် ကြသူတွေ ဖြစ်လို့နေပါတယ်။ ယောကျာ်းလေးတွေနဲ့ လည်း ခပ်တင်းတင်းနေ တတ်ကြပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ သူတွေဆို သိပ် ရင်းရင်းနှီးနှီးမဆက်ဆံ တတ်ကြပါဘူး …
ဒါက မာနကြီးတာ မျိုးနဲ့ မတူပဲ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်မြင့် ထားတဲ့ အအတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလို မာနနဲ့သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်နော် …
ယောကျာ်းလေးတွေနဲ့ သိပ်အကျွမ်းတဝင်မနေတတ်ဘူး”
ဒီလို မိန်းကလေးတွေက အထူးသဖြင့် မိန်းကလေးတွေထက် ယောကျာ်းလေးတွေနဲ့ ရောရောနှောနှော မနေတတ်ပါဘူး။ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်း အချင်းချင်းသာ ပေါပေါတောတော နေချင်နေ လိမ့်မယ် တစ်ခြား ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ ယောကျာ်းလေးတွေ ကိုတော့ ခပ်တင်းတင်းပဲ ဆက်ဆံတတ်ပါတယ်။ ဒါတွေကြောင့်ပဲ သူတို့တွေကို မာနကြီး တယ်လို့ အထင်ခံ ရတတ် ပါတယ်
လွယ်လွယ် ခေါင်းမညိမ့်တတ်ဘူး”
ဒီလို မိန်းကလေးတွေက လွယ်လွယ် မချစ်တတ် သလို၊ လွယ်လွယ်လည်း ခေါင်းမညိမ့် တတ်ကြပါဘူး။ အဲဒီ့လူရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို လေ့လာဖို့ အချိန်ယူ တတ်ကြပါသေးတယ်။ နောက်ပြီး သူတို့အပေါ် အခွင့်အရေးယူ အပျော်ကြံတာမျိုး ကိုလည်း အရမ်း မုန်းတတ်ကြပါတယ်
သူတို့ရဲ့ အချစ်ကို ရချင်ရင်တော့ အချိန် တစ်ခုတော့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်း ရပါလိမ့်မယ်။ စောင့်ဆိုင်းရတဲ့ အချိန်နဲ့ တန်အောင်လည်း သူတို့ရဲ့ အချစ်က တန်ဖိုးကြီးလွန်းပါတယ်
ကိုယ့်ရဲ့တန်ဖိုးကို မြင့်အောင်နေတတ်တယ်”
သူတို့လေးတွေက ကိုယ့်အားကိုယ် ကိုးတတ်သလို တစ်ခြားသူတွေ ဆီက အကူအညီကိုလည်း အလွယ်တကူ မရယူ တတ်ကြပါဘူး။ သူတို့တွေက ငွေကြေး စည်းစိမ်တွေ ထက် ကိုယ့်ကျင့်တရားကိုပဲ အဓိက တန်ဖိုးထားတတ်ကြပါတယ်
အမြဲတမ်း ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်အောင် နေထိုင်တတ် သလို တစ်ခြားသူတွေကိုလည်း အထင်မသေးတတ်ကြပါဘူးနော်။ ကိုယ့်ကိုယ်ကို ချစ်ပြီး သူတို့ရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်တတ်ကြပါတယ်
မိန်းကလေးအချင်းချင်း စာနာတတ်တယ်”
ဒီလို မိန်းကလေးတွေက ယောကျာ်းလေးတွေကိုသာ ခပ်တင်းတင်း ဆက်ဆံတတ်ပေမယ့် ကိုယ့်မိန်းကလေးအချင်းချင်းတော့ အမြဲတမ်း ကူညီဖေး မပေးတတ်တဲ့ သူတွေပါ
အကူအညီ လိုနေတဲ့ မိန်းကလေးတွေကို ကူညီတတ်သလို၊ စိတ်ဓာတ်ခွန်အား လိုအပ်နေတဲ့ မိန်းကလေးတွေကို စိတ်ဓာတ် ခွန်အားပေးတတ်ကြပါတယ်။ မိန်းကလေးတိုင်းကို တန်ဖိုးမြင့်မြင့်နဲ့ ကောင်းမွန်တဲ့ ခရီးလမ်းကို လျှောက်လှမ်းစေချင်ကြသူတွေပဲ ဖြစ်ပါတယ်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားတယ်”
မာနရှိတဲ့ မိန်းကလေးတွေ ဆိုတာ တစ်ခြားသူ အပေါ် မှီခိုအားကိုးနေ ရမှာကို လုံးဝ မကြိုက် တတ်ကြပါဘူး။ သူတို့ရဲ့ ဘဝကို သူတို့ စိတ်ကြိုက် ပုံဖော်တတ်ကြပြီး ဘဝကို မြင့်မြင့်မားမား ဖြတ်သန်းနိုင်အောင် ကြိုးစား တတ်ကြပါဘူး။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်သလို စိတ်ဓာတ်လည်း ခိုင်မာကြပါသေးတယ်
Khin