ဗဟုသုတ

လူ့သဘောကို နောကျေသူ ဘီအီးဒီအောင်သိုက်

လူ့သဘောကို နောကျေသူ ဘီအီးဒီအောင်သိုက်

ဘီအီးဒီအောင်သိုက် ဆိုသည်မှာ ဇာတ်ဆရာ၊ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာ ဟူသည့် ဂုဏ်ပုဒ်များဖြင့် မသိသူ မရှိလောက်အောင် ထင်ရှားခဲ့သော အနုပညာရှင်ကြီး ဖြစ်သည်။

သဘင်လောကမှာ “ဘီအီးဒီအောင်သိုက် ဇာတ်ပွဲ” ကျော်ကြားခဲ့သလို ကက်ဆက်ဇာတ်လမ်းမှာလည်း သရုပ်ဆောင် ဒါရိုက်တာ အဖြစ် အောင်မြင်ခဲ့သည်။

မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားလေ့ရှိသည့် စာရေးဆရာလည်း ဖြစ်သည်။ သူ၏ ဆောင်ပုဒ်ကား “မည်သူ့ကိုမှ အထင်မကြီးတတ်သလို မည်သူ့ကိုမှလည်း အထင်မသေးတတ်ပါ” ဟူ၏။

သဘင်ဆောင်းပါးများ ရေးသားသည့် အယ်ဒီတာ ကိုအေးကြူလေးနှင့် ပတ်သက်၍ သူနှင့် စတင် သိကျွမ်းခွင့် ရသည်။

နောက်ပိုင်းမှာ သရုပ်ဆောင် ဒါရိုက်တာ ဦးမြတ်လေး၏ လေးနဲ့အပေါင်း ရုပ်ရှင်ကုမ္ပဏီ ရုံးခန်းတွင် မကြာခဏ ဆုံမိကြကာ ပိုမို ရင်းနှီးခဲ့ကြသည်။

သူက ဦးမြတ်လေးကို ရုပ်ရှင် အတတ်ပညာပိုင်းနှင့် ပတ်သက်၍ တလေးတစား မေးမြန်း ဆွေးနွေးတတ်သည်။ သူတို့နှစ်ဦး ညီအစ်ကိုလို သံယောဇဉ် ရှိကြသည်။

ကိုအောင်သိုက်က ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် သူဇာတ်ကနေသည့် အခါမျိုး၌ မနက်ဆိုလျှင် သူစီးနေကျ ဒတ်ဆန်းကား အနီရောင်လေးဖြင့် ဦးမြတ်လေးထံ ရောက်လာတတ်သည်။ သူသည် ရောက်ရာ ဒေသတွင်လည်း စာပေသမားများ ရှိရာသို့ သွားတတ်သူ ဖြစ်သည်။

ကိုအောင်သိုက်၏ အကျင့်တစ်ခုမှာ ကောင်းပေ့ဆိုသည့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များသို့ သွားရောက် စားသောက်လေ့ရှိခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘယ်ထမင်းဆိုင် ကောင်းသည်၊ ဘယ်လက်ဖက်ရည်ဆိုင် ကောင်းသည်ကို သူသိသည်။ နောက် သူသည် ဟန်မဆောင်တတ်၊ လောကွတ် မလုပ်တတ်ပေ။

လူတစ်ယောက်ကို ကျွေးချင်လျှင် တစ်ခါတည်း ခေါ်ကျွေးသည်၊ စားမလား သောက်မလား ဆိုသည့် လောကွတ်မျိုး မမေးချေ။ ကျွန်တော့်ကို လာလိုက်ခဲ့ပါဦး ဆိုကာ သူ့ကားပေါ် ခေါ်တင်သွားရာ ထမင်းဆိုင်ရောက်မှ ထမင်းကျွေးဖို့မှန်း သိရသည်။ ထိုသို့ သူကျွေး၍ စားဖူးသည်မှာ လေးငါးခါ ဖြစ်သည်။

ရန်ကုန်မြို့ပန်းဆိုးတန်းတွင် ရွှေမင်းသား လက်ဖက်ရည်ဆိုင်နှင့် ကိုတင်လှိုင်ဆိုင်တို့ ရှိခဲ့ပြီး ရုပ်ရှင် လောကသားများ၊ စာရေးဆရာများ၊ စာနယ်ဇင်း သမားများ၊ အဆိုတော်များနှင့် စည်ကားနေတတ်သည်။

ထိုဆိုင်များ၌ ကိုအောင်သိုက် လက်ဖက်ရည်သောက်ရင်း ထိုင်လေ့ရှိသည်။ သူခင်မင်သော သူတစ်ယောက် ခပ်လှမ်းလှမ်းမှ လာတာတွေ့သည်နှင့် လက်ဖက်ရည်၊ ကော်ဖီ စသည်ဖြင့် ထိုသူ သောက်လေ့ ရှိသည့်အတိုင်း မှာထားတတ်သည်။

ရောက်လာသည်နှင့် ဒါနလေး ဖြစ်သွားအောင် သောက်သွားပါဦး ဆိုကာ ခေါ်၍ တိုက်တော့သည်။ ထိုသို့ မှတ်ဉာဏ် ကောင်းသလို သဒ္ဓါစိတ်လည်း ထက်သန်သူ ဖြစ်သည်။

တစ်နေ့ ကိုအောင်သိုက်က မေးသည်။

“ကိုအောင်ဟိဏ်း အားသလား”

“ဟုတ်ကဲ့၊ ကျွန်တော် အားပါတယ်”

“ကျွန်တော် ကိုနီလွင် (သပြု) နဲ့ တွေ့ချင်တယ်ဗျာ၊ ကူညီနိုင်မလား”

“ရပါတယ်၊ သူက ကားရိုက် မပြတ်ဘူး။ သူဘယ်မှာ ရိုက်နေလဲ ဆိုတာ သွားစုံစမ်းလိုက်ဦးမယ်”

ကျွန်တော် ၃၅ လမ်း ဗီဒီယိုတန်းမှာ သွားစုံစမ်းသည်။ မကြီးကြီးလမ်း၊ ခြံနံပါတ် ၇ မှာဟု သတင်းရခဲ့သည်နှင့် ကိုအောင်သိုက်ကို ပြောပြရာ ထိုနေရာကို သူမသိ ဆိုသဖြင့် ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးဖြစ်သည်။

ရောက်တော့ ကိုအောင်သိုက်က အိမ်အပြင်မှာ နေခဲ့သည်။ ကျွန်တော်က ကိုနီလွင်နှင့် အလွန် ရင်းနှီးသော သူငယ်ချင်း ဖြစ်သောကြောင့် ရိုက်ကွင်းထဲသို့ ဝင်ချသွားသည်။ ရိုက်လက်စ မပြီးသေး၍ ခဏ ရပ်စောင့်နေရသည်။

ပြီးသည်နှင့် “ကိုနီလွင် မင်းကို ကိုအောင်သိုက်က တွေ့ချင်လို့တဲ့၊ အပြင်မှာ စောင့်နေတယ်” ပြောလိုက်ရာ

“အော်… ဟုတ်ကဲ့ ဟုတ်ကဲ့” ဆိုကာ ရိုက်ကွင်းထဲမှ ကိုနီလွင် ထွက်လာသည်။ ကျွန်တော်က သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို နှိုက်ယူကာ တစ်လိပ် မီးညှိ သောက်လိုက်ပြီး ဘူးကို ပြန်ပေးလိုက်သည်။ ထို့နောက် ကိုအောင်သိုက်နှင့် အလုပ်ကိစ္စ ပြောပြီး ကျွန်တော်တို့ ပြန်လာကြသည်။

လမ်းမှာ ကိုအောင်သိုက်က ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ထပြောသည်။

“ကိုအောင်ဟိဏ်း ခင်ဗျား စာရေးကောင်းပါလျက်နဲ့ ဆင်းရဲနေရတဲ့ အကြောင်းရင်းကို အခုမှ သိတယ်”

သူ့ရဲ့စကားကြောင့် အံ့အားသင့်သွားပြီး မေးမိသည်။

“ဆိုပါဦး၊ ဘာဖြစ်လို့လဲဗျ”

“ကိုအောင်ဟိဏ်း ဇာတ်ညွှန်းရေးတာ ကိုနီလွင် သိလား”

“သိတာပေါ့၊ အရင်က သူ့တောင် သွားကူ ရေးပေးရသေးတာပဲ”

“ခင်ဗျားကို သူ ဇာတ်ညွှန်း အပ်ဖူးသလား”

“မအပ်ဖူးပါဘူး”

“ဘယ်အပ်ပါ့မလဲ၊ ခင်ဗျားက အလိုက်မှ မသိတာ။ ဆရာနီ ဆရာနီ ဆိုပြီး ဝိုင်းရိုသေ နေကြရတဲ့ နေရာမျိုးမှာ ခင်ဗျားက ‘ကိုနီလွင် မင်းကို ကိုအောင်သိုက်က တွေ့ချင်လို့တဲ့၊ အပြင်မှာ စောင့်နေတယ်’ လို့ ပြောတယ်။

ပြီးတော့ သူ့အိတ်ထဲက ဆေးလိပ်ဘူးကိုလည်း ယူသောက်လိုက်သေးတယ်။ ဘေးက သူ့တပည့်တွေက သူတို့ဆရာကို မလေးမစား လုပ်လို့ ခင်ဗျားကို မကြည်ကြည့်နဲ့ ဝိုင်းကြည့်နေကြတာ ခင်ဗျား မသိဘူး”

“မတတ်နိုင်ဘူးဗျာ။ ကျွန်တော်က သူ့ထက်လည်း အသက်ကြီးတယ်။ သူနဲ့ ဒီလိုပဲ ပြောဆိုနေကျလေ။ သူကအခု အောင်မြင်တဲ့ ဒါရိုက်တာကြီး ဖြစ်နေပေမယ့် ကျွန်တော့် သူငယ်ချင်း မောင်နီလွင်ပဲလေ”

“အေး.. ခင်ဗျား အဲသလို ရိုးသားလွန်းလို့ ကျွန်တော်က ခင်တာ”

ထိုသို့ ဘီအီးဒီအောင်သိုက်သည် တစ်ခဏအတွင်း ပြောပုံဆိုပုံ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ သဘောကို ခြုံငုံသုံးသပ်ပြီး ကျွန်တော့်အား ဝေဖန်ပြသွားခဲ့ဖူးလေသည်။ ။

အောင်ဟိဏ်း (ကျိုက်ထော်)

Zawgyi

လူ႔သေဘာကို ေနာေက်သူ ဘီအီးဒီေအာင္သိုက္

ဘီအီးဒီေအာင္သိုက္ ဆိုသည္မွာ ဇာတ္ဆရာ၊ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ၊ စာေရးဆရာ ဟူသည့္ ဂုဏ္ပုဒ္မ်ားျဖင့္ မသိသူ မရွိေလာက္ေအာင္ ထင္ရွားခဲ့ေသာ အႏုပညာရွင္ႀကီး ျဖစ္သည္။

သဘင္ေလာကမွာ “ဘီအီးဒီေအာင္သိုက္ ဇာတ္ပြဲ” ေက်ာ္ၾကားခဲ့သလို ကက္ဆက္ဇာတ္လမ္းမွာလည္း သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ အျဖစ္ ေအာင္ျမင္ခဲ့သည္။

မဂၢဇင္းမ်ားတြင္ ေဆာင္းပါးမ်ား ေရးသားေလ့ရွိသည့္ စာေရးဆရာလည္း ျဖစ္သည္။ သူ၏ ေဆာင္ပုဒ္ကား “မည္သူ႔ကိုမွ အထင္မႀကီးတတ္သလို မည္သူ႔ကိုမွလည္း အထင္မေသးတတ္ပါ” ဟူ၏။

သဘင္ေဆာင္းပါးမ်ား ေရးသားသည့္ အယ္ဒီတာ ကိုေအးၾကဴေလးႏွင့္ ပတ္သက္၍ သူႏွင့္ စတင္ သိကြၽမ္းခြင့္ ရသည္။ ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးျမတ္ေလး၏ ေလးနဲ႔အေပါင္း ႐ုပ္ရွင္ကုမၸဏီ ႐ုံးခန္းတြင္ မၾကာခဏ ဆုံမိၾကကာ ပိုမို ရင္းႏွီးခဲ့ၾကသည္။

သူက ဦးျမတ္ေလးကို ႐ုပ္ရွင္ အတတ္ပညာပိုင္းႏွင့္ ပတ္သက္၍ တေလးတစား ေမးျမန္း ေဆြးေႏြးတတ္သည္။ သူတို႔ႏွစ္ဦး ညီအစ္ကိုလို သံေယာဇဥ္ ရွိၾကသည္။

ကိုေအာင္သိုက္က ရန္ကုန္တိုင္း ပတ္ဝန္းက်င္တြင္ သူဇာတ္ကေနသည့္ အခါမ်ိဳး၌ မနက္ဆိုလွ်င္ သူစီးေနက် ဒတ္ဆန္းကား အနီေရာင္ေလးျဖင့္ ဦးျမတ္ေလးထံ ေရာက္လာတတ္သည္။ သူသည္ ေရာက္ရာ ေဒသတြင္လည္း စာေပသမားမ်ား ရွိရာသို႔ သြားတတ္သူ ျဖစ္သည္။

ကိုေအာင္သိုက္၏ အက်င့္တစ္ခုမွာ ေကာင္းေပ့ဆိုသည့္ လက္ဖက္ရည္ဆိုင္၊ ထမင္းဆိုင္မ်ားသို႔ သြားေရာက္ စားေသာက္ေလ့ရွိျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္ ဘယ္ထမင္းဆိုင္ ေကာင္းသည္၊ ဘယ္လက္ဖက္ရည္ဆိုင္ ေကာင္းသည္ကို သူသိသည္။ ေနာက္ သူသည္ ဟန္မေဆာင္တတ္၊ ေလာကြတ္ မလုပ္တတ္ေပ။

လူတစ္ေယာက္ကို ေကြၽးခ်င္လွ်င္ တစ္ခါတည္း ေခၚေကြၽးသည္၊ စားမလား ေသာက္မလား ဆိုသည့္ ေလာကြတ္မ်ိဳး မေမးေခ်။ ကြၽန္ေတာ့္ကို လာလိုက္ခဲ့ပါဦး ဆိုကာ သူ႔ကားေပၚ ေခၚတင္သြားရာ ထမင္းဆိုင္ေရာက္မွ ထမင္းေကြၽးဖို႔မွန္း သိရသည္။ ထိုသို႔ သူေကြၽး၍ စားဖူးသည္မွာ ေလးငါးခါ ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ပန္းဆိုးတန္းတြင္ ေ႐ႊမင္းသား လက္ဖက္ရည္ဆိုင္ႏွင့္ ကိုတင္လႈိင္ဆိုင္တို႔ ရွိခဲ့ၿပီး ႐ုပ္ရွင္ ေလာကသားမ်ား၊ စာေရးဆရာမ်ား၊ စာနယ္ဇင္း သမားမ်ား၊ အဆိုေတာ္မ်ားႏွင့္ စည္ကားေနတတ္သည္။

ထိုဆိုင္မ်ား၌ ကိုေအာင္သိုက္ လက္ဖက္ရည္ေသာက္ရင္း ထိုင္ေလ့ရွိသည္။ သူခင္မင္ေသာ သူတစ္ေယာက္ ခပ္လွမ္းလွမ္းမွ လာတာေတြ႕သည္ႏွင့္ လက္ဖက္ရည္၊ ေကာ္ဖီ စသည္ျဖင့္ ထိုသူ ေသာက္ေလ့ ရွိသည့္အတိုင္း မွာထားတတ္သည္။

ေရာက္လာသည္ႏွင့္ ဒါနေလး ျဖစ္သြားေအာင္ ေသာက္သြားပါဦး ဆိုကာ ေခၚ၍ တိုက္ေတာ့သည္။ ထိုသို႔ မွတ္ဉာဏ္ ေကာင္းသလို သဒၶါစိတ္လည္း ထက္သန္သူ ျဖစ္သည္။

တစ္ေန႔ ကိုေအာင္သိုက္က ေမးသည္။

“ကိုေအာင္ဟိဏ္း အားသလား”

“ဟုတ္ကဲ့၊ ကြၽန္ေတာ္ အားပါတယ္”

“ကြၽန္ေတာ္ ကိုနီလြင္ (သျပဳ) နဲ႔ ေတြ႕ခ်င္တယ္ဗ်ာ၊ ကူညီႏိုင္မလား”

“ရပါတယ္၊ သူက ကား႐ိုက္ မျပတ္ဘူး။ သူဘယ္မွာ ႐ိုက္ေနလဲ ဆိုတာ သြားစုံစမ္းလိုက္ဦးမယ္”

ကြၽန္ေတာ္ ၃၅ လမ္း ဗီဒီယိုတန္းမွာ သြားစုံစမ္းသည္။ မႀကီးႀကီးလမ္း၊ ၿခံနံပါတ္ ၇ မွာဟု သတင္းရခဲ့သည္ႏွင့္ ကိုေအာင္သိုက္ကို ေျပာျပရာ ထိုေနရာကို သူမသိ ဆိုသျဖင့္ ကြၽန္ေတာ္ကိုယ္တိုင္ လိုက္ပို႔ေပးျဖစ္သည္။

ေရာက္ေတာ့ ကိုေအာင္သိုက္က အိမ္အျပင္မွာ ေနခဲ့သည္။ ကြၽန္ေတာ္က ကိုနီလြင္ႏွင့္ အလြန္ ရင္းႏွီးေသာ သူငယ္ခ်င္း ျဖစ္ေသာေၾကာင့္ ႐ိုက္ကြင္းထဲသို႔ ဝင္ခ်သြားသည္။ ႐ိုက္လက္စ မၿပီးေသး၍ ခဏ ရပ္ေစာင့္ေနရသည္။

ၿပီးသည္ႏွင့္ “ကိုနီလြင္ မင္းကို ကိုေအာင္သိုက္က ေတြ႕ခ်င္လို႔တဲ့၊ အျပင္မွာ ေစာင့္ေနတယ္” ေျပာလိုက္ရာ

“ေအာ္… ဟုတ္ကဲ့ ဟုတ္ကဲ့” ဆိုကာ ႐ိုက္ကြင္းထဲမွ ကိုနီလြင္ ထြက္လာသည္။ ကြၽန္ေတာ္က သူ႔အိတ္ကပ္ထဲက စီးကရက္ဘူးကို ႏႈိက္ယူကာ တစ္လိပ္ မီးညႇိ ေသာက္လိုက္ၿပီး ဘူးကို ျပန္ေပးလိုက္သည္။ ထို႔ေနာက္ ကိုေအာင္သိုက္ႏွင့္ အလုပ္ကိစၥ ေျပာၿပီး ကြၽန္ေတာ္တို႔ ျပန္လာၾကသည္။

လမ္းမွာ ကိုေအာင္သိုက္က ဆိုင္းမဆင့္ ဗုံမဆင့္ ႐ုတ္တရက္ ထေျပာသည္။

“ကိုေအာင္ဟိဏ္း ခင္ဗ်ား စာေရးေကာင္းပါလ်က္နဲ႔ ဆင္းရဲေနရတဲ့ အေၾကာင္းရင္းကို အခုမွ သိတယ္”

သူ႔ရဲ႕စကားေၾကာင့္ အံ့အားသင့္သြားၿပီး ေမးမိသည္။

“ဆိုပါဦး၊ ဘာျဖစ္လို႔လဲဗ်”

“ကိုေအာင္ဟိဏ္း ဇာတ္ၫႊန္းေရးတာ ကိုနီလြင္ သိလား”

“သိတာေပါ့၊ အရင္က သူ႔ေတာင္ သြားကူ ေရးေပးရေသးတာပဲ”

“ခင္ဗ်ားကို သူ ဇာတ္ၫႊန္း အပ္ဖူးသလား”

“မအပ္ဖူးပါဘူး”

“ဘယ္အပ္ပါ့မလဲ၊ ခင္ဗ်ားက အလိုက္မွ မသိတာ။ ဆရာနီ ဆရာနီ ဆိုၿပီး ဝိုင္း႐ိုေသ ေနၾကရတဲ့ ေနရာမ်ိဳးမွာ ခင္ဗ်ားက ‘ကိုနီလြင္ မင္းကို ကိုေအာင္သိုက္က ေတြ႕ခ်င္လို႔တဲ့၊ အျပင္မွာ ေစာင့္ေနတယ္’ လို႔ ေျပာတယ္။

ၿပီးေတာ့ သူ႔အိတ္ထဲက ေဆးလိပ္ဘူးကိုလည္း ယူေသာက္လိုက္ေသးတယ္။ ေဘးက သူ႔တပည့္ေတြက သူတို႔ဆရာကို မေလးမစား လုပ္လို႔ ခင္ဗ်ားကို မၾကည္ၾကည့္နဲ႔ ဝိုင္းၾကည့္ေနၾကတာ ခင္ဗ်ား မသိဘူး”

“မတတ္ႏိုင္ဘူးဗ်ာ။ ကြၽန္ေတာ္က သူ႔ထက္လည္း အသက္ႀကီးတယ္။ သူနဲ႔ ဒီလိုပဲ ေျပာဆိုေနက်ေလ။ သူကအခု ေအာင္ျမင္တဲ့ ဒါ႐ိုက္တာႀကီး ျဖစ္ေနေပမယ့္ ကြၽန္ေတာ့္ သူငယ္ခ်င္း ေမာင္နီလြင္ပဲေလ”

“ေအး.. ခင္ဗ်ား အဲသလို ႐ိုးသားလြန္းလို႔ ကြၽန္ေတာ္က ခင္တာ”

ထိုသို႔ ဘီအီးဒီေအာင္သိုက္သည္ တစ္ခဏအတြင္း ေျပာပုံဆိုပုံ၊ ပတ္ဝန္းက်င္ႏွင့္ လူတို႔၏ သေဘာကို ၿခဳံငုံသုံးသပ္ၿပီး ကြၽန္ေတာ့္အား ေဝဖန္ျပသြားခဲ့ဖူးေလသည္။ ။

ေအာင္ဟိဏ္း (က်ိဳက္ေထာ္)

Photo: Internet