တိရစ္ဆာန်တွေမှာလည်း ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့သစ္စာတရားကို ပြသနိုင်တဲ့ တိရစ္ဆာန်လေးတွေကတော့ ရှားပါးပါတယ်နော် ။ အခု lovemedia ကနေ ပြောပြပေးသွားမှာကတော့ ချစ်သူကို အလွန်ချစ်ကြတဲ့ တိရစ္ဆာန်လေး (၇)မျိုးအကြောင်းပဲ ဖြစ်ပါတယ်။
၁။ Sun conure ကြက်တူရွေး
ဒီကြက်တူရွေးလေးတွေက သူတို့ရဲ့လက်တွဲဖော်ကို ၄ လ၊ ၅ လကြာ ရွေးချယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေဟာ တောင်အမေရိကတိုက်ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ နေထိုင်ကြပါတယ်။ အုပ်စုဖွဲ့ နေထိုင်တတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် အသံကျယ်ကြီးနဲ့ ဆက်သွယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေက အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို မရောက်ခင်မှာ တစ်ကောင်ကိုတစ်ကောင် အစာကျွေးတာ၊ အမွေးတွေကို သပ်ပေးတာတွေ ပြုလုပ်ကြပါတယ်။
၂။ အမောက်ပါတဲ့ ခဲရောင်ကြိုးကြာ
အမောက်ပါတဲ့ ခဲရောင်ကြိုးကြာလေးတွေက သူတို့ရဲ့မင်္ဂလာပွဲကို အထူးကျင်းပကြပါတယ်။ သူတို့ကတော့ အာဂျန်ဒါနိုင်ငံမှာ နေထိုင်ကျက်စားကြပါတယ်။ ကြိုးကြာစုံတွဲဟာ အချစ်နဲ့သစ္စာကို ပြသဖို့အတွက် ကြိုးကြာအုပ်ကြီးရှေ့မှာ အတူတူ ကပြကြပါတယ်။ ပြီးတော့မှ အသိုက်ပြောင်းကြပါတယ်။
၃။ ကြေးနီရောင် Titi မျောက်
Titi မျောက်က သဝန်တိုတတ်ပါတယ်။ သူတို့လေးတွေက တောင်အမေရိကတိုက်ရဲ့ မိုးသစ်တောတွေမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့လက်တွဲဖော်တွေနဲ့ အရမ်းကို စိတ်ချင်းနီးစပ်ကြပါတယ်။ Titi မျောက်လေးတွေက တစ်ကောင်နဲ့တစ်ကောင် ခွဲနေရရင် စိတ်မချမ်းသာ နိုင်ကြပါဘူး။ သူတို့ရဲ့အမြီးလေးတွေကို အချင်းချင်းလိမ်ယှက်ပြီး ကြည်နူးစရာ အချိန်တွေကို အတူကုန်ဆုံးကြပါတယ်။
၄။ အတ္တလန္တိတ်ပင်လယ်ပျော်ငှက်
အတ္တလန္တိတ်ပင်လယ်ပျော်ငှက်လေးတွေက နှုတ်သီးအချင်းချင်း ပွတ်တိုက်ပြီး အနမ်းဖလှယ် ကြပါတယ်။ ဒီငှက်လေးတွေက သူတို့ရဲ့ချစ်သူကို မပြောင်းမလဲ ချစ်ကြပါတယ်။ အသစ်တွဲတယ် ဆိုတာ မရှိသလောက်ပါပဲ။ နှစ်စဉ်သူတို့ရဲ့အသိုက်ရှိရာကို အတူတူပြန်လာကြပါတယ်။ ငှက်အမေက ဥဥပြီး ဥတွေကို စောင့်ရှောက်နေချိန်မှာ ငှက်အဖေက အစာယူလာပြီး အသိုက်ကို ကာကွယ်ပေးပါတယ်။
၅။ ရေနဂါး
ရေနဂါးတွေက သူတို့ရဲ့ချစ်သူ သေသွားတဲ့အထိ ဘေးမှာ နေပေးကြပါတယ်။ သူတို့က အချင်းချင်း ကူညီဖေးမကြပါတယ်။ ရေနဂါးအမက မျိုးဥကို ရေနဂါးအထီးထဲကို လွှဲပေးပြီး ရေနဂါးက ကိုယ်ဝန်ဆောင်တာပါ။
၆။ Dik-dik သမင်
Dik-dik သမင်လေးတွေက အကောင်ပေမယ့် အရမ်းချစ်တတ်ကြပါတယ်။ သူတို့ရဲ့လက်တွဲဖော်ကို သူရဲကောင်းဆန်ဆန် ကာကွယ်ပေးကြပါတယ်။ သူတို့တွေက ရန်ဖြစ်ခဲပါတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ထားရင်တောင်မှ သမင်အထီးက သမင်အမကို ကာကွယ်ပေးဖို့ အဆင်သင့်ပါပဲ။ အခြား dik-dik သမင်တွေ ရောက်လာရင် သမင်အထီးတွေက တစ်ကောင်ဆီကိုတစ်ကောင် တစ်ဟုန်ထိုးပြေးသွားပြီး မြန်မြန်ရပ်လိုက်ကြပါတယ်။ အခြားအထီးတစ်ကောင်က အရှုံးပေးတဲ့အထိ သူတို့ရဲ့ဦးခေါင်းတွေနဲ့ ဝှေ့ကြပါတယ်။
၇။ တစ်ကောင်ကိုတစ်ကောင် ဆုံးရှုံးရမှာကြောက်လို့ လက်လေးတွေကို ကိုင်ပြီး အိပ်တတ်တဲ့ဖျံ
ဖျံဆွေက မိသားစုကို အလွန်ချစ်ပြီး မိသားစုလိုက် နေထိုင်ကြပါတယ်။ မိသားစုရဲ့ အလုပ်တွေကို ညီညီမျှမျှ လုပ်ကြပြီး တစ်ခါတရံမှာ ကလေးလည်း ကူထိန်းပေးတတ်ပါသေးတယ်။
Zombie (Lovemedia)
For Zawgyi
သူတို႔ရဲ႕ခ်စ္သူကို အလြန္ခ်စ္ၾကတဲ့ တိရစာၦန္ေလး (၇)မ်ိဳး
တိရစာၦန္ေတြမွာလည္း ခ်စ္ျခင္းေမတၱာနဲ႔ သစၥာတရားေတြ ရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕သစၥာတရားကို ျပသႏိုင္တဲ့ တိရစာၦန္ေလးေတြကေတာ့ ရွားပါးပါတယ္ေနာ္ ။ အခု lovemedia ကေန ေျပာျပေပးသြားမွာကေတာ့ ခ်စ္သူကို အလြန္ခ်စ္ၾကတဲ့ တိရစာၦန္ေလး (၇)မ်ိဳးအေၾကာင္းပဲ ျဖစ္ပါတယ္။
၁။ Sun conure ၾကက္တူေ႐ြး
ဒီၾကက္တူေ႐ြးေလးေတြက သူတို႔ရဲ႕လက္တြဲေဖာ္ကို ၄ လ၊ ၅ လၾကာ ေ႐ြးခ်ယ္ၾကပါတယ္။ Sun conure ၾကက္တူေ႐ြးေလးေတြဟာ ေတာင္အေမရိကတိုက္ရဲ႕ အေရွ႕ေျမာက္ဘက္ပိုင္းမွာ ေနထိုင္ၾကပါတယ္။ အုပ္စုဖြဲ႕ ေနထိုင္တတ္ၾကၿပီး တစ္ေကာင္နဲ႔တစ္ေကာင္ အသံက်ယ္ႀကီးနဲ႔ ဆက္သြယ္ၾကပါတယ္။ Sun conure ၾကက္တူေ႐ြးေလးေတြက အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးကို မေရာက္ခင္မွာ တစ္ေကာင္ကိုတစ္ေကာင္ အစာေကြၽးတာ၊ အေမြးေတြကို သပ္ေပးတာေတြ ျပဳလုပ္ၾကပါတယ္။
၂။ အေမာက္ပါတဲ့ ခဲေရာင္ႀကိဳးၾကာ
အေမာက္ပါတဲ့ ခဲေရာင္ႀကိဳးၾကာေလးေတြက သူတို႔ရဲ႕မဂၤလာပြဲကို အထူးက်င္းပၾကပါတယ္။ သူတို႔ကေတာ့ အာဂ်န္ဒါႏိုင္ငံမွာ ေနထိုင္က်က္စားၾကပါတယ္။ ႀကိဳးၾကာစုံတြဲဟာ အခ်စ္နဲ႔သစၥာကို ျပသဖို႔အတြက္ ႀကိဳးၾကာအုပ္ႀကီးေရွ႕မွာ အတူတူ ကျပၾကပါတယ္။ ၿပီးေတာ့မွ အသိုက္ေျပာင္းၾကပါတယ္။
၃။ ေၾကးနီေရာင္ Titi ေမ်ာက္
Titi ေမ်ာက္က သဝန္တိုတတ္ပါတယ္။ သူတို႔ေလးေတြက ေတာင္အေမရိကတိုက္ရဲ႕ မိုးသစ္ေတာေတြမွာ ေနထိုင္ၾကပါတယ္။ သူတို႔ရဲ႕လက္တြဲေဖာ္ေတြနဲ႔ အရမ္းကို စိတ္ခ်င္းနီးစပ္ၾကပါတယ္။ Titi ေမ်ာက္ေလးေတြက တစ္ေကာင္နဲ႔တစ္ေကာင္ ခြဲေနရရင္ စိတ္မခ်မ္းသာ ႏိုင္ၾကပါဘူး။ သူတို႔ရဲ႕အၿမီးေလးေတြကို အခ်င္းခ်င္းလိမ္ယွက္ၿပီး ၾကည္ႏူးစရာ အခ်ိန္ေတြကို အတူကုန္ဆုံးၾကပါတယ္။
၄။ အတၱလႏၲိတ္ပင္လယ္ေပ်ာ္ငွက္
အတၱလႏၲိတ္ပင္လယ္ေပ်ာ္ငွက္ေလးေတြက ႏႈတ္သီးအခ်င္းခ်င္း ပြတ္တိုက္ၿပီး အနမ္းဖလွယ္ ၾကပါတယ္။ ဒီငွက္ေလးေတြက သူတို႔ရဲ႕ခ်စ္သူကို မေျပာင္းမလဲ ခ်စ္ၾကပါတယ္။ အသစ္တြဲတယ္ ဆိုတာ မရွိသေလာက္ပါပဲ။ ႏွစ္စဥ္သူတို႔ရဲ႕အသိုက္ရွိရာကို အတူတူျပန္လာၾကပါတယ္။ ငွက္အေမက ဥဥၿပီး ဥေတြကို ေစာင့္ေရွာက္ေနခ်ိန္မွာ ငွက္အေဖက အစာယူလာၿပီး အသိုက္ကို ကာကြယ္ေပးပါတယ္။
၅။ ေရနဂါး
ေရနဂါးေတြက သူတို႔ရဲ႕ခ်စ္သူ ေသသြားတဲ့အထိ ေဘးမွာ ေနေပးၾကပါတယ္။ သူတို႔က အခ်င္းခ်င္း ကူညီေဖးမၾကပါတယ္။ ေရနဂါးအမက မ်ိဳးဥကို ေရနဂါးအထီးထဲကို လႊဲေပးၿပီး ေရနဂါးက ကိုယ္ဝန္ေဆာင္တာပါ။
၆။ Dik-dik သမင္
Dik-dik သမင္ေလးေတြက အေကာင္ေပမယ့္ အရမ္းခ်စ္တတ္ၾကပါတယ္။ သူတို႔ရဲ႕လက္တြဲေဖာ္ကို သူရဲေကာင္းဆန္ဆန္ ကာကြယ္ေပးၾကပါတယ္။ သူတို႔ေတြက ရန္ျဖစ္ခဲပါတယ္။ သူတို႔အခ်င္းခ်င္း ရန္ျဖစ္ထားရင္ေတာင္မွ သမင္အထီးက သမင္အမကို ကာကြယ္ေပးဖို႔ အဆင္သင့္ပါပဲ။ အျခား dik-dik သမင္ေတြ ေရာက္လာရင္ သမင္အထီးေတြက တစ္ေကာင္ဆီကိုတစ္ေကာင္ တစ္ဟုန္ထိုးေျပးသြားၿပီး ျမန္ျမန္ရပ္လိုက္ၾကပါတယ္။ အျခားအထီးတစ္ေကာင္က အရႈံးေပးတဲ့အထိ သူတို႔ရဲ႕ဦးေခါင္းေတြနဲ႔ ေဝွ႔ၾကပါတယ္။
၇။ တစ္ေကာင္ကိုတစ္ေကာင္ ဆုံးရႈံးရမွာေၾကာက္လို႔ လက္ေလးေတြကို ကိုင္ၿပီး အိပ္တတ္တဲ့ဖ်ံ
ဖ်ံေဆြက မိသားစုကို အလြန္ခ်စ္ၿပီး မိသားစုလိုက္ ေနထိုင္ၾကပါတယ္။ မိသားစုရဲ႕ အလုပ္ေတြကို ညီညီမွ်မွ် လုပ္ၾကၿပီး တစ္ခါတရံမွာ ကေလးလည္း ကူထိန္းေပးတတ္ပါေသးတယ္။
Zombie (Lovemedia)