အခ်စ္နွင့္ဘဝ

တစ်စုံတစ်ယောက်ကို ကိုယ်က အစွမ်းကုန်ချစ်ခဲ့ပေမယ့် အဆုံးသတ်မလှတဲ့အခါ ….

သင့္အတြက္ မဟုတ္တဲ့သူကို ေမွ်ာ္လင့္မေနပါနဲ႔

တစ္စုံတစ္ေယာက္ကို ကိုယ္က အစြမ္းကုန္ခ်စ္ခဲ့ေပမယ့္ အဆုံးသတ္မလွတဲ့အခါ ပုံမွန္ထက္ အရမ္းခံစားရပါတယ္။

ဒီလိုအေျခအေနမွာ ဘယ္သူက အသည္းမကြဲဘဲေနမလဲ။

ဒါေပမယ့္ ဘယ္သူမဆို ဒဏ္ရာဘယ္ေလာက္နက္နက္ တေန႔ေန႔မွာေတာ့ ဒီနာက်င္စရာေတြၾကားက ႐ုန္းထြက္သြားႏိုင္ၾကတာပါဘဲ။

ဒီလိုအခ်ိန္မွာ ကိုယ့္ကို စိတ္ဓာတ္က်မသြားေအာင္ အားေပးေဖာ္လိုပါတယ္။

ဒီအခ်က္ေတြကေတာ့ သင့္ကို စိတ္သစ္ လူသစ္ ဘဝသစ္တစ္ခုကို ျပန္လည္တည္ေဆာက္ႏိုင္ေအာင္ လမ္းျပပါလိမ့္မယ္။

၁။ ကိုယ္က သူေပ်ာ္ေအာင္ အၿမဲလုပ္မေပးႏိုင္ဘူးဆိုတာ လက္ခံထားပါ။

ေပ်ာ္႐ႊင္မႈဆိုတာ ေ႐ြးခ်ယ္ခြင့္လိုပါဘဲ ကိုယ္က သူ႔ကို ေပ်ာ္ေအာင္လုပ္ေပးေပမယ့္ သူမေပ်ာ္ဘူးဆိုတာ သင့္အမွား သင့္လိုအပ္ခ်က္ေၾကာင့္ မဟုတ္ပါဘူး။ သူတို႔ရဲ႕စိတ္အေပၚပဲမူတည္တာပါ။

သင္ဘာေတြပဲလုပ္ေပးလုပ္ေပး သူအၿမဲတမ္း ေပ်ာ္မွာမဟုတ္ဘူးဆိုတာ သင္လက္ခံဖို႔ လိုအပ္ပါတယ္ ။

၂။ သူတို႔ခံစားခ်က္ကို သင္လုပ္ယူလို႔မရပါဘူး။

သင္သူ႔ကို ဘယ္ေလာက္ခ်စ္ခ်စ္ ဘယ္ေလာက္ ရယ္စရာေတြေျပာေျပာ ဘယ္ေလာက္နားလည္ေပးေပး သူသင့္ကို ခ်စ္လာေအာင္ သင္လုပ္ယူလို႔မရပါဘူး။

သူ႔အနား သင္အေကာင္းဆုံးေနေပးခဲ့ေပမယ့္ သူကေတာ့ သင့္အေပၚဘာခံစားခ်က္မွမရွိဘူးဆိုရင္ အဲ့လိုလူတစ္ေယာက္အတြက္ သင္ဘာေတြမ်ား ေမွ်ာ္လင့္ေနဦးမွာလဲ။

တေန႔ေန႔မွာ သင့္ရဲ႕အခ်စ္ကို ခံစားမိတဲ့သူ သင္ေပးဆပ္တာေတြကို အသိမွတ္ျပဳတဲ့သူနဲ႔ေတြ႕လာမွာပါ။ ဒီတေယာက္အတြက္နဲ႔ သင့္အခ်စ္ေတြ အဖ်က္ဆီးမခံလိုက္ပါနဲ႔။

၃။ သင့္မွာလိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ အျငင္းခံရတယ္လို႔မထင္ပါနဲ႔ ။

သင့္မွာ အရာအားလုံးျပည့္စုံေနရင္ေတာင္ သူ႔အခ်စ္ကိုရခ်င္မွရႏိုင္မွာပါ။ သင့္႐ုပ္ရည္ေၾကာင့္လဲမဟုတ္ဘူး။ သင့္အရည္အခ်င္းေၾကာင့္လဲမဟုတ္ပါဘူး။ သူ႔ႏွလုံးသားကိုက သင့္အတြက္ မဟုတ္တာေၾကာင့္ပါ ။

၄။ အရာအားလုံးက အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ ျဖစ္လာတာကိုယုံၾကည္ပါ။

အရာအားလုံးက ေျပာင္းလဲခ်ိန္တန္ေတာ့ ေျပာင္းလဲသြားမယ္။ လူတခ်ိဴ႕က ကိုယ့္ဘဝထဲက ထြက္သြားၾကမယ္။ ဒါေပမယ့္ ကိုယ့္ဘဝကေတာ့ မၿပီးဆုံးသြားပါဘူး ။ကိုယ့္ဘဝထဲဝင္လာတယ္ ၿပီးေတာ့ထြက္သြားတယ္။

က်န္ခဲ့တာကေတာ့ သင္ခန္းစာ တစ္ခုေပါ့။

သူထြက္သြားၿပီးတဲ့ေနာက္မွာ သူနဲ႔အတူ ရွိခဲ့တဲ့မွတ္ဉာဏ္ေတြပါ ထည့္ေပးလိုက္ၿပီး လြတ္သြားတဲ့သင့္ဦးေႏွာက္ေနရာေတြ ေပ်ာ္႐ြင္မႈေတြထည့္ဖို႔ အသင့္ျပင္ပါ။ ေရွ႕ေလွ်ာက္အေကာင္းဆုံးေတြျဖစ္လာဖို႔ ေမွ်ာ္လင့္ၿပီး ယုံၾကည္ထားပါ ။

၅။ သင့္အတြက္မဟုတ္တဲ့သူကိုေမွ်ာ္လင့္မေနပါနဲ႔ ။

လက္လႊတ္ခ်ိန္တန္ၿပီမို႔ သင္ဆက္ၿပီးေတာင့္ခံထားလဲ သင္ပဲနာက်င္ရမွာပါ။ သူသင့္အေပၚ စိတ္ျပန္လည္လာဦးမလားဆိုၿပီး လုံးဝေမွ်ာ္လင့္မေနပါနဲ႔ေတာ့။

သူ႔အမွားေတြသူသိၿပီး သင့္ဆီျပန္လာမယ္လို႔လဲမထင္ပါနဲ႔ေတာ့။ ဒါ မျဖစ္ႏိုင္ဘူးဆိုတာ သင္အသိဆုံးပါ။ ဒါဟာ သင့္စိတ္ကို မျပတ္သားျဖစ္ေစပါတယ္ ။

သင့္အတြက္ ဘယ္ေတာ့မွပြင့္မလာေတာ့မယ္တံခါးေရွ႕မွာပဲ ရပ္ေစာင့္ေနရင္ သင့္အတြက္ ဖြင့္ထားတဲ့တံခါးနဲ႔ လြဲသြားမွာေပါ့။

ေရွ႕အနာဂတ္မွာ အေကာင္းဆုံးအရာေတြ သင့္ကို ေစာင့္ႀကိဳေနခ်ိန္မွာ အဲ့ဒီေနရာမွာပဲ သင့္ကိုသင္ ပိတ္မိမေနပါေစနဲ႔။

မျဖစ္ႏိုင္တာေတြကို ထိုင္ေမွ်ာ္လင့္ေနမယ့္အစား ဘဝကို ဘယ္လို အေကာင္းဆုံး ေရွ႕ဆက္မလဲဆိုတာပဲ ေခါင္းထဲထားပါ။

အသည္းကြဲဒဏ္ရာေတြအျမန္ဆုံးသက္သာၿပီး ဘဝသစ္မွာ ေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။

Ju Ju

Unicode,

သင့်အတွက် မဟုတ်တဲ့သူကို မျှော်လင့်မနေပါနဲ့

တစ်စုံတစ်ယောက်ကို ကိုယ်က အစွမ်းကုန်ချစ်ခဲ့ပေမယ့် အဆုံးသတ်မလှတဲ့အခါ ပုံမှန်ထက် အရမ်းခံစားရပါတယ်။

ဒီလိုအခြေအနေမှာ ဘယ်သူက အသည်းမကွဲဘဲနေမလဲ။

ဒါပေမယ့် ဘယ်သူမဆို ဒဏ်ရာဘယ်လောက်နက်နက် တနေ့နေ့မှာတော့ ဒီနာကျင်စရာတွေကြားက ရုန်းထွက်သွားနိုင်ကြတာပါဘဲ။

ဒီလိုအချိန်မှာ ကိုယ့်ကို စိတ်ဓာတ်ကျမသွားအောင် အားပေးဖော်လိုပါတယ်။

ဒီအချက်တွေကတော့ သင့်ကို စိတ်သစ် လူသစ် ဘဝသစ်တစ်ခုကို ပြန်လည်တည်ဆောက်နိုင်အောင် လမ်းပြပါလိမ့်မယ်။

၁။ ကိုယ်က သူပျော်အောင် အမြဲလုပ်မပေးနိုင်ဘူးဆိုတာ လက်ခံထားပါ။

ပျော်ရွှင်မှုဆိုတာ ရွေးချယ်ခွင့်လိုပါဘဲ ကိုယ်က သူ့ကို ပျော်အောင်လုပ်ပေးပေမယ့် သူမပျော်ဘူးဆိုတာ သင့်အမှား သင့်လိုအပ်ချက်ကြောင့် မဟုတ်ပါဘူး။ သူတို့ရဲ့စိတ်အပေါ်ပဲမူတည်တာပါ။

သင်ဘာတွေပဲလုပ်ပေးလုပ်ပေး သူအမြဲတမ်း ပျော်မှာမဟုတ်ဘူးဆိုတာ သင်လက်ခံဖို့ လိုအပ်ပါတယ် ။

၂။ သူတို့ခံစားချက်ကို သင်လုပ်ယူလို့မရပါဘူး။

သင်သူ့ကို ဘယ်လောက်ချစ်ချစ် ဘယ်လောက် ရယ်စရာတွေပြောပြော ဘယ်လောက်နားလည်ပေးပေး သူသင့်ကို ချစ်လာအောင် သင်လုပ်ယူလို့မရပါဘူး။

သူ့အနား သင်အကောင်းဆုံးနေပေးခဲ့ပေမယ့် သူကတော့ သင့်အပေါ်ဘာခံစားချက်မှမရှိဘူးဆိုရင် အဲ့လိုလူတစ်ယောက်အတွက် သင်ဘာတွေများ မျှော်လင့်နေဦးမှာလဲ။

တနေ့နေ့မှာ သင့်ရဲ့အချစ်ကို ခံစားမိတဲ့သူ သင်ပေးဆပ်တာတွေကို အသိမှတ်ပြုတဲ့သူနဲ့တွေ့လာမှာပါ။ ဒီတယောက်အတွက်နဲ့ သင့်အချစ်တွေ အဖျက်ဆီးမခံလိုက်ပါနဲ့။

၃။ သင့်မှာလိုအပ်ချက်တွေရှိနေတာကြောင့် အငြင်းခံရတယ်လို့မထင်ပါနဲ့ ။

သင့်မှာ အရာအားလုံးပြည့်စုံနေရင်တောင် သူ့အချစ်ကိုရချင်မှရနိုင်မှာပါ။ သင့်ရုပ်ရည်ကြောင့်လဲမဟုတ်ဘူး။ သင့်အရည်အချင်းကြောင့်လဲမဟုတ်ပါဘူး။ သူ့နှလုံးသားကိုက သင့်အတွက် မဟုတ်တာကြောင့်ပါ ။

၄။ အရာအားလုံးက အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်လာတာကိုယုံကြည်ပါ။

အရာအားလုံးက ပြောင်းလဲချိန်တန်တော့ ပြောင်းလဲသွားမယ်။ လူတချိူ့က ကိုယ့်ဘဝထဲက ထွက်သွားကြမယ်။ ဒါပေမယ့် ကိုယ့်ဘဝကတော့ မပြီးဆုံးသွားပါဘူး ။ကိုယ့်ဘဝထဲဝင်လာတယ် ပြီးတော့ထွက်သွားတယ်။

ကျန်ခဲ့တာကတော့ သင်ခန်းစာ တစ်ခုပေါ့။

သူထွက်သွားပြီးတဲ့နောက်မှာ သူနဲ့အတူ ရှိခဲ့တဲ့မှတ်ဉာဏ်တွေပါ ထည့်ပေးလိုက်ပြီး လွတ်သွားတဲ့သင့်ဦးနှောက်နေရာတွေ ပျော်ရွင်မှုတွေထည့်ဖို့ အသင့်ပြင်ပါ။ ရှေ့လျှောက်အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ပြီး ယုံကြည်ထားပါ ။

၅။ သင့်အတွက်မဟုတ်တဲ့သူကိုမျှော်လင့်မနေပါနဲ့ ။

လက်လွှတ်ချိန်တန်ပြီမို့ သင်ဆက်ပြီးတောင့်ခံထားလဲ သင်ပဲနာကျင်ရမှာပါ။ သူသင့်အပေါ် စိတ်ပြန်လည်လာဦးမလားဆိုပြီး လုံးဝမျှော်လင့်မနေပါနဲ့တော့။

သူ့အမှားတွေသူသိပြီး သင့်ဆီပြန်လာမယ်လို့လဲမထင်ပါနဲ့တော့။ ဒါ မဖြစ်နိုင်ဘူးဆိုတာ သင်အသိဆုံးပါ။ ဒါဟာ သင့်စိတ်ကို မပြတ်သားဖြစ်စေပါတယ် ။

သင့်အတွက် ဘယ်တော့မှပွင့်မလာတော့မယ်တံခါးရှေ့မှာပဲ ရပ်စောင့်နေရင် သင့်အတွက် ဖွင့်ထားတဲ့တံခါးနဲ့ လွဲသွားမှာပေါ့။

ရှေ့အနာဂတ်မှာ အကောင်းဆုံးအရာတွေ သင့်ကို စောင့်ကြိုနေချိန်မှာ အဲ့ဒီနေရာမှာပဲ သင့်ကိုသင် ပိတ်မိမနေပါစေနဲ့။

မဖြစ်နိုင်တာတွေကို ထိုင်မျှော်လင့်နေမယ့်အစား ဘဝကို ဘယ်လို အကောင်းဆုံး ရှေ့ဆက်မလဲဆိုတာပဲ ခေါင်းထဲထားပါ။

အသည်းကွဲဒဏ်ရာတွေအမြန်ဆုံးသက်သာပြီး ဘဝသစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

Ju Ju