အခ်စ္နွင့္ဘဝ

“အိမ္ေထာင္ေရးတစ္ခုမွာ ဘာအေရးႀကီးဆုံးလဲ?”

အိမ္ေထာင္ေရး တစ္ခုမွာ ဘာအေရးႀကီးဆုံးလဲ ? အခ်စ္ေရး? နားလည္မႈ႕? သစၥာတရား? အကုန္လုံး အေရးႀကီးမယ္ ထင္မိတယ္

ရီးစားခ်စ္သူျဖစ္တယ္ ကိုယ့္ေကာင္မေလး ကိုယ့္ခ်စ္သူက အေခ်ာဆုံး ခ်စ္လိုက္တာ တုန္ေရာ မိုးမျမင္ေနမျမင္လပါ မျမင္ေတာ့ဘူး။

ဒီမိန္းကေလးမွ ဒီမိန္းကေလး လက္ထက္လိုက္ၾကတယ္ ကေလးေမြးတယ္။ ဆက္ၿပီးလွပေနတဲ့သူရွိတယ္။ ဝလာမယ္ ပုံပ်က္သြားမယ္ အဲ့လိုလဲ ရွိမယ္။

အိမ္မွာေနေတာ့ မင္းသမီးေလး တစ္ပါးလို ေယာက္က်ားရလိုက္ေတာ့ ဘဝတစ္စိတ္တစ္ပိုင္းေျပာင္းပီ ကေလးရလိုက္ရင္ ဘဝတစ္ခု လုံးေျပာင္းသြားတယ္။

မိဘကၾကည့္ကူလို႔ လြယ္ကူတဲ့သူ ရွိမယ္။ အနားမွာ ဘယ္သူမွမရွိလို႔ ခက္ခဲတဲ့သူရွိမယ္။ ကေလးကိုဂ႐ုစိုက္ ေလ့က်င့္ ျပင္ဆင္ရင္းကိုယ့္အတြက္ဆိုတာေမ့သြားတတ္တယ္။

လွဖို႔ပဖို႔ထက္ ကေလးက်န္းမာေရးက အေရးႀကီးတယ္။

ဝလို႔ဝလာမွန္း မသိေတာ့ဘူး ႐ုပ္ေျပာင္းသြားတာ မသိေတာ့ဘူး မလွေတာ့တာ သတိမထားမိဘူး ဒါကေယာက္က်ားေတြအတြက္ အေၾကာင္းျပခ်က္လား။

နင္ကမွ ဂ႐ုမစိုက္တာ သူက အငယ္ဖက္လွည့္မွာေပါ့။ နင္က လွလွပပမွ မေနတာ သူက အေပ်ာ္ရွာမွာေပါ့။

ဒါေတြကိုမိန္းမေတြက လက္ခံရမွာလား။ မိန္းမလုပ္တဲ့သူရဲ႕အပစ္တဲ့လား။ သူသစၥာမရွိတာ ေဖာက္ျပန္တာက မိန္းမလုပ္တဲ့သူက မလွေတာ့လို႔တဲ့လား။

ခ်စ္တယ္ဆိုတာ ႐ုပ္ပ်က္သြားလဲခ်စ္ေနရမယ္။ ေလျဖတ္သြားလဲခ်စ္ေနရမယ္။ အိပ္ယာ ထဲလဲေနလဲခ်စ္ေနရမယ္။ ဒုကၡိတျဖစ္လဲခ်စ္ေနမွာ မဟုတ္ဘူးလား။

ခုက ခႏၶာကိုယ္ကဝလာတာပဲရွိေသးတာေလ ဒါလဲ သူ႔ေၾကာင့္ကေလးရလို႔ ကေလးေမြးရတာေလဒါကအေၾကာင္းျပခ်က္ျဖစ္သင့္လား။

အ လို႔ ခံရတယ္လို႔ ေျပာတဲ့သူေတြကို ေမးခ်င္မိတယ္။

ဘယ္လိုမွ မအတာလဲ ?-မေဖာက္ျပန္တဲ့ ေယာက္က်ားကို ေ႐ြးယူထားတာမ်ိဳးလား(ေ႐ြးလို႔ရလား ႀကိဳသိရလို႔လား ????)

-ေဖာက္ျပန္ခ်င္ေဖာက္ျပန္ ေနခ်င္သလိုေနမယ္ဆိုတာမ်ိဳးကိုလား-လွပေက်ာ့ရွင္းေအာင္ ေနပီး ေယာက္က်ားေနာက္ တေကာက္ေကာက္လိုက္ေနတာမ်ိဳးလား- ကိုယ္တိုင္စီးပြားေရး လုပ္ပီး ေယာက္က်ားကို က်ေတာ့ အိမ္မွာထားထားတာမ်ိဳးလား

ေယာက္က်ားျဖစ္သူရဲ႕ နားလည္မႈ႕ သစၥာတရားနဲ႔နားလည္မႈ႕ရပီး ဂ႐ုစိုက္မႈ႕ကိုခံေနရတဲ့ မိန္းမတိုင္းကေရာ အၿမဲလွေနလို႔လားေနာ္??????

ေလာကမွာ ၿပီးျပည့္စုံတဲ့သူ ဆိုတာ မရွိဘူး။ မိန္းမတိုင္းလဲ မျပည့္စုံဘူး- လွပေက်ာ့ရွင္းပီး ခန႔္ညားတဲ့သူရွိမယ္- ႐ိုး႐ိုးေလးနဲ႔ယဥ္ယဥ္ေလးလွတဲ့သူရွိမယ္

-smartက်က်နဲ႔ စီးပြားေရးလုပ္ပီး styleျပည့္တဲ့သူ ရွိမယ္ – ေငြထိုင္ျဖဳန္းပီးအလွအပ အေပ်ာ္ပါးမက္တဲ့ မိန္းမရွိမယ္- မလွေပမဲ့ အိမ္မႈ႕ကိစၥ ႏိုင္နင္းတဲ့မိန္းမရွိမယ္

-လွပပီး ေငြရွာေတာ္တဲ့မိန္းမ ရွိမယ္ အိမ္မႈ႕ဖက္မႏိုင္တာလဲ ရွိမယ္ အရာရာမျပည့္စုံႏိုင္ဘူး ရွိရင္လဲ အဲ့လိုမိန္းမ ကိုယ္နဲ႔တန္လို႔လား ျပန္စဥ္းစားၾကည့္ အဲ့ေလာက္ျပည့္စုံေနတဲ့ မိန္းမကေကာ ကိုယ့္ကိုယ္လက္ထပ္ပါ့မလား ျပန္စဥ္းစား ကိုယ့္အလွည့္ေတာင္ ေရာက္ပါ့မလားလို႔ စဥ္းစား

ေယာက္က်ားေတြလဲ ျပည့္စုံတဲ့သူဆိုတာ မရွိဘူး. ဒါေပမဲ့ အသိတရားနဲ႔စည္း ဆိုတာေတာ့ လူတိုင္းရွိသင့္တယ္

Julia

Unicode

“အိမ်ထောင်ရေးတစ်ခုမှာ ဘာအရေးကြီးဆုံးလဲ?”

အိမ်ထောင်ရေး တစ်ခုမှာ ဘာအရေးကြီးဆုံးလဲ ? အချစ်ရေး? နားလည်မှု့? သစ္စာတရား? အကုန်လုံး အရေးကြီးမယ် ထင်မိတယ်

ရီးစားချစ်သူဖြစ်တယ် ကိုယ့်ကောင်မလေး ကိုယ့်ချစ်သူက အချောဆုံး ချစ်လိုက်တာ တုန်ရော မိုးမမြင်နေမမြင်လပါ မမြင်တော့ဘူး။

ဒီမိန်းကလေးမှ ဒီမိန်းကလေး လက်ထက်လိုက်ကြတယ် ကလေးမွေးတယ်။ ဆက်ပြီးလှပနေတဲ့သူရှိတယ်။ ဝလာမယ် ပုံပျက်သွားမယ် အဲ့လိုလဲ ရှိမယ်။

အိမ်မှာနေတော့ မင်းသမီးလေး တစ်ပါးလို ယောက်ကျားရလိုက်တော့ ဘဝတစ်စိတ်တစ်ပိုင်းပြောင်းပီ ကလေးရလိုက်ရင် ဘဝတစ်ခု လုံးပြောင်းသွားတယ်။

မိဘကကြည့်ကူလို့ လွယ်ကူတဲ့သူ ရှိမယ်။ အနားမှာ ဘယ်သူမှမရှိလို့ ခက်ခဲတဲ့သူရှိမယ်။ ကလေးကိုဂရုစိုက် လေ့ကျင့် ပြင်ဆင်ရင်းကိုယ့်အတွက်ဆိုတာမေ့သွားတတ်တယ်။

လှဖို့ပဖို့ထက် ကလေးကျန်းမာရေးက အရေးကြီးတယ်။

ဝလို့ဝလာမှန်း မသိတော့ဘူး ရုပ်ပြောင်းသွားတာ မသိတော့ဘူး မလှတော့တာ သတိမထားမိဘူး ဒါကယောက်ကျားတွေအတွက် အကြောင်းပြချက်လား။

နင်ကမှ ဂရုမစိုက်တာ သူက အငယ်ဖက်လှည့်မှာပေါ့။ နင်က လှလှပပမှ မနေတာ သူက အပျော်ရှာမှာပေါ့။

ဒါတွေကိုမိန်းမတွေက လက်ခံရမှာလား။ မိန်းမလုပ်တဲ့သူရဲ့အပစ်တဲ့လား။ သူသစ္စာမရှိတာ ဖောက်ပြန်တာက မိန်းမလုပ်တဲ့သူက မလှတော့လို့တဲ့လား။

ချစ်တယ်ဆိုတာ ရုပ်ပျက်သွားလဲချစ်နေရမယ်။ လေဖြတ်သွားလဲချစ်နေရမယ်။ အိပ်ယာ ထဲလဲနေလဲချစ်နေရမယ်။ ဒုက္ခိတဖြစ်လဲချစ်နေမှာ မဟုတ်ဘူးလား။

ခုက ခန္ဓာကိုယ်ကဝလာတာပဲရှိသေးတာလေ ဒါလဲ သူ့ကြောင့်ကလေးရလို့ ကလေးမွေးရတာလေဒါကအကြောင်းပြချက်ဖြစ်သင့်လား။

အ လို့ ခံရတယ်လို့ ပြောတဲ့သူတွေကို မေးချင်မိတယ်။

ဘယ်လိုမှ မအတာလဲ ?-မဖောက်ပြန်တဲ့ ယောက်ကျားကို ရွေးယူထားတာမျိုးလား(ရွေးလို့ရလား ကြိုသိရလို့လား ????)

-ဖောက်ပြန်ချင်ဖောက်ပြန် နေချင်သလိုနေမယ်ဆိုတာမျိုးကိုလား-လှပကျော့ရှင်းအောင် နေပီး ယောက်ကျားနောက် တကောက်ကောက်လိုက်နေတာမျိုးလား- ကိုယ်တိုင်စီးပွားရေး လုပ်ပီး ယောက်ကျားကို ကျတော့ အိမ်မှာထားထားတာမျိုးလား

ယောက်ကျားဖြစ်သူရဲ့ နားလည်မှု့ သစ္စာတရားနဲ့နားလည်မှု့ရပီး ဂရုစိုက်မှု့ကိုခံနေရတဲ့ မိန်းမတိုင်းကရော အမြဲလှနေလို့လားနော်??????

လောကမှာ ပြီးပြည့်စုံတဲ့သူ ဆိုတာ မရှိဘူး။ မိန်းမတိုင်းလဲ မပြည့်စုံဘူး- လှပကျော့ရှင်းပီး ခန့်ညားတဲ့သူရှိမယ်- ရိုးရိုးလေးနဲ့ယဉ်ယဉ်လေးလှတဲ့သူရှိမယ်

-smartကျကျနဲ့ စီးပွားရေးလုပ်ပီး styleပြည့်တဲ့သူ ရှိမယ် – ငွေထိုင်ဖြုန်းပီးအလှအပ အပျော်ပါးမက်တဲ့ မိန်းမရှိမယ်- မလှပေမဲ့ အိမ်မှု့ကိစ္စ နိုင်နင်းတဲ့မိန်းမရှိမယ်

-လှပပီး ငွေရှာတော်တဲ့မိန်းမ ရှိမယ် အိမ်မှု့ဖက်မနိုင်တာလဲ ရှိမယ် အရာရာမပြည့်စုံနိုင်ဘူး ရှိရင်လဲ အဲ့လိုမိန်းမ ကိုယ်နဲ့တန်လို့လား ပြန်စဉ်းစားကြည့် အဲ့လောက်ပြည့်စုံနေတဲ့ မိန်းမကကော ကိုယ့်ကိုယ်လက်ထပ်ပါ့မလား ပြန်စဉ်းစား ကိုယ့်အလှည့်တောင် ရောက်ပါ့မလားလို့ စဉ်းစား

ယောက်ကျားတွေလဲ ပြည့်စုံတဲ့သူဆိုတာ မရှိဘူး. ဒါပေမဲ့ အသိတရားနဲ့စည်း ဆိုတာတော့ လူတိုင်းရှိသင့်တယ်

Julia