တခါက….အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမ နဲ့ နေ့ တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကား များရ တာ တွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့ ။ယဉ်ကျေး မှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်းထမင်းခူး ပေးရတယ်။ပီးတော့ ပြင်ဆင်ပေးရတယ်ပေါ့။
တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသ မီးက သူ့ရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။အဖေဖြစ်သူက လည်း ယော က္ခ မ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးလိုက်သတဲ့။ ပြီးတော့ ဆေးလဲ ပေးလိုက် ပါ သတဲ့။
ဆေးခပ်နေတဲ့ ၆ လအတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုဆက် ဆံရ မယ်လို့လဲ မှာလိုက်တယ်။ဒါမှလည်း သေကြောင်းကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်း လည်း ရှင်းပြလိုက်တယ်လေ။ ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။
ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်းပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့အဆင်ပြေလာကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမ လိမ္မာကြောင်း တော်ကြောင်းကို သ တင်းကောင်းများ ပြောလေ့ ရှိပါတယ်။
ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာ ယာပြီး အဆင်ပြေ နေလာပါတယ်။ ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရမိနေ သ တဲ့။ ဒါကြောင့် သူ့အဖေဆီ ပန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေ အောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
“ငါ့သမီး ကို ပေးလိုက် တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေးပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီး ရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အာဃာတ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ” တဲ့ ။လောကကြီးမှာ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်လိုက် ပါ လား…?
Credir ; ဓမ္မအလင်းရောင်
Unicode
တစ်ပါးသူထက် မိမိကိုယ်ကို အရင်ပြောင်းလဲကြည့်ပါ
တစ္ခါက….အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမ နဲ့ နေ့ တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကား များရ တာ တွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့ ။ယဉ်ကျေး မှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်းထမင်းခူး ပေးရတယ်။ပီးတော့ ပြင်ဆင်ပေးရတယ်ပေါ့။