ဗဟုသုတ

သိမ္ထြက္ေလာင္းရင္ အလွဴေငြ ကပ္သင့္… မကပ္သင့္…

သိမ္ထြက္ေလာင္းရင္ အလွဴေငြ ကပ္သင့္… မကပ္သင့္…
သိမ္ထြက္ေလာင္းရင္ အမ်ားစုက ေငြသားေလးေတြ စာအိတ္ထဲ ထည့္ကပ္ၾကတယ္… ကိုယ္လဲကပ္ခဲ့ဖူးပါတယ္… ေနာက္ဘယ္ေတာ့မွ မကပ္ေတာ့ပါ ဘုရား။

“ သိမ္ထြက္ ရဟန္းသစ္ မ်ားအား ဖ်က္ဆီးျခင္း ႏွစ္မ်ိဳး ”

သိမ္မွ ထြက္ခါစ ရဟန္းသည္ အျပစ္ အားလုံး တို႔မွ စင္ၾကယ္ ဆဲပင္ ရွိရာ… ရဟႏၲာ၏ ကိုယ္ကာယပမာ တူလွစြာ၏။

ထိုစဥ္……

(က) ေတာေနတို႔ကား သိမ္ဝမွ ႀကိဳ၍ ဆံပင္ကို ျဖန္႔ခင္း နင္းေစ၏။

(ခ) ၿမိဳ႕ေနတို႔ကား သိမ္ဝမွပင္ ႀကိဳ၍ ေငြကို အလႉခံေစ၏။

ထိုဓေလ့ ထုံးတမ္း ႏွစ္မ်ိဳးတို႔တြင္…..

(က) ဆံပင္ျဖန္႔ခင္း နင္းေစျခင္းကား ဤကာယသံသဂၢ သိကၡာပုဒ္အရ သံဃာဒိသိသ္အျပစ္ ၿငိစြန္းသြားေစၿပီ။

(ခ) ေငြလက္ခံေစမူကား လာမည့္ ဇာတ႐ူပရဇတ သိကၡာပုဒ္ အရ နိႆိဂၢိ ပါစိတ္အာပတ္ အသင့္ခံလိုက္ရ ရွာၿပီ။

ထိုဓေလ့ ႏွစ္မ်ိဳးစလုံးပင္ …..

သိကၡာတင္ ရဟန္းသစ္၏ ျဖဴစင္ေသာ စိတ္ကို ညစ္ေစေသာ အမူအက်င့္ ႏွစ္မ်ိဳးခ်ည္း ျဖစ္ေန ၾက၍ ဆင္ျခင္သင့္ ၾက၏ ။

“မဟာေဗာဓိၿမိဳင္ ဆရာေတာ္”

သိသင့္ သိထိုက္ေသာ အေၾကာင္းအရာ တစ္ခုမို႔ အားလုံးအတြက္ ျပန္လည္ မွ်ေဝ ပူေဇာ္ပါ၏။Credit

Unicode

သိမ်ထွက်လောင်းရင် အလှူငွေ ကပ်သင့်… မကပ်သင့်…
သိမ်ထွက်လောင်းရင် အများစုက ငွေသားလေးတွေ စာအိတ်ထဲ ထည့်ကပ်ကြတယ်… ကိုယ်လဲကပ်ခဲ့ဖူးပါတယ်… နောက်ဘယ်တော့မှ မကပ်တော့ပါ ဘုရား။

“ သိမ်ထွက် ရဟန်းသစ် များအား ဖျက်ဆီးခြင်း နှစ်မျိုး ”

သိမ်မှ ထွက်ခါစ ရဟန်းသည် အပြစ် အားလုံး တို့မှ စင်ကြယ် ဆဲပင် ရှိရာ… ရဟန္တာ၏ ကိုယ်ကာယပမာ တူလှစွာ၏။

ထိုစဉ်……

(က) တောနေတို့ကား သိမ်ဝမှ ကြို၍ ဆံပင်ကို ဖြန့်ခင်း နင်းစေ၏။

(ခ) မြို့နေတို့ကား သိမ်ဝမှပင် ကြို၍ ငွေကို အလှူခံစေ၏။

ထိုဓလေ့ ထုံးတမ်း နှစ်မျိုးတို့တွင်…..

(က) ဆံပင်ဖြန့်ခင်း နင်းစေခြင်းကား ဤကာယသံသဂ္ဂ သိက္ခာပုဒ်အရ သံဃာဒိသိသ်အပြစ် ငြိစွန်းသွားစေပြီ။

(ခ) ငွေလက်ခံစေမူကား လာမည့် ဇာတရူပရဇတ သိက္ခာပုဒ် အရ နိဿိဂ္ဂိ ပါစိတ်အာပတ် အသင့်ခံလိုက်ရ ရှာပြီ။

ထိုဓလေ့ နှစ်မျိုးစလုံးပင် …..

သိက္ခာတင် ရဟန်းသစ်၏ ဖြူစင်သော စိတ်ကို ညစ်စေသော အမူအကျင့် နှစ်မျိုးချည်း ဖြစ်နေ ကြ၍ ဆင်ခြင်သင့် ကြ၏ ။

“မဟာဗောဓိမြိုင် ဆရာတော်”

သိသင့် သိထိုက်သော အကြောင်းအရာ တစ်ခုမို့ အားလုံးအတွက် ပြန်လည် မျှဝေ ပူဇော်ပါ၏။Credit