ၾကားသိရသမွ်

မန္တလေးကိုမလာပါနဲ့….ဒီအချက်တွေ နဲ့ ငြိနေ ရင် လုံးဝ မလာ နဲ့ …..

မန္တလေးကိုမလာပါနဲ့

ဒီအချက်တွေ နဲ့ ငြိနေ ရင် လုံးဝ မလာ နဲ့ .

မီးပျက်တာကို လက်မခံနိုင်ရင် မန္တလေးကိုမလာပါနဲ့

မီးပြန်လာရင် ဟေးးးလို့ထမအော်နိုင်ရင် မန္တလေးကိုမလာပါနဲ့

EPC ကလေးတွေလက်ဆော့တဲ့ဒဏ် ဂဂျီဂဂျောင်ကျတဲ့ဒဏ်မခံနိုင်ရင် မန္တလေးကိုမလာပါနဲ့

မြို့ပတ်လမ်းမှာ စော်လား အကို စော်လားလို့ အမေးမခံနိုင်ရင် မန္တလေးကိုမလာပါနဲ့

မီးပွီုင့်တွေနဲ့ storeဆိုင်ရှေ့တွေမှာ ပိုက်ဆံ‌လိုက်တောင်းနေတဲ့ ကလေးတွေဒဏ်ကိုမခံနိုင်ရင် မန္တလေးကိုမလာပါနဲ့ (ရိုက်မလုရုံတမယ်)

ဆိုင်ကယ်မစီးတက်ရင် မန္တလေးကို မလာပါနဲ့…

နေအပူဒဏ်မခံနိုင်ရင် မန္တလေးကိုမလာပါနဲ့

မီးပွိုင့်မီးမစိမ်းခင် ဆိုင်ကယ်ဖြတ်မောင်းတာမတွေ့ချင်ရင် မန္တလေးကို မလာပါနဲ့

တစ်ယောက်တည်း ဆိုင်ကယ်မမောင်းတတ်ရင်မန္တလေးကိုမလာပါနဲ့

ဆိုင်ကယ်ရှိရင်လည်း ဆိုင်ကယ်ခဏခဏပျောက်တာမခံနိုင်ရင် မန္တလေးကိုမလာပါနဲ့ (ဆိုင်ကယ် အကောင်းကို ဝယ်မစီးတော့တာ)

ရပ်ကွက်ထဲက CCTV အဒေါ်ကြီးတွေရဲ့ ဒဏ်ကို မခံနိုင်ရင် မန္တလေးကိုမလာပါနဲ့ ( အရေးကြီး ဆုံး အချက် ) 💢

သူများကိုပဲအားကျပီးစိတ်ကူးတေနဲ့မလာပါနဲ့

သေချာစဉ်းစားပါသူများမြို့နော်ကိုယ့်မြို့မဟုပ်ဘူး

ကိုယ့်မြို့မှာတောင်သီးခံပီးလုပ်ရတာမန္တလေးမှာ ဆိုရင်အဲ့ထက်ဆိုးတာတွေကြုံရမှာ

အာ့ကြောင့်စိတ်မလောပါနဲ့

ရောက်လာပြီး ကာ မှ စိတ်ဓာတ်တွေ ကျ ပြီး မန္တ‌လေး မကောင်းကြောင်းပြောနေတာ တွေ မကြား ချင် လို့ပါ

ရှိသေး ရင် နောက်ထပ် အချက်များ ထပ်မံ့ ဖြည့် စွက်ပေးဦး

ကိုယ်တိုင်ရေး

unicode

မန်တလေးကိုမလာပါနဲ့


















