ၾကားသိရသမွ်

မကြာခင် အမျိုးသားများအတွက် ထွက်ပေါ်လာတော့မယ့် ကိုယ်ဝန် သန္ဓေတားဆေး

အမျိုးသားများအတွက် ထွက်ပေါ်လာတော့မယ့် ကိုယ်ဝန် သန္ဓေတားဆေး

လူတော်တော်များများက ကိုယ်ဝန်မရအောင် သန္ဓေတားဆေး သုံးတဲ့အခါမျိုးမှာ အမျိုးသမီးတွေကသာ အဓိကလုပ်ဆောင်ရတယ်လို့ သိထားကြပါတယ်။

ဒါပေမယ့် အမျိုးသားတွေအသုံးပြုနိုင်မယ့် သန္ဓေတားဆေးဖော်ထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်း မျှော်လင့်ခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ လက်တွေ့ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။

YCT529 လို့ခေါ်တဲ့ အဆိုပါတားဆေးက ဟော်မုန်းမပါဝင်တဲ့ဆေးဖြစ်ပြီး ကိုယ်ဝန်ရရှိနိုင်ချေကို ၉၉ % လျှော့ချပေးနိုင်သလို အမျိုးသမီးသန္ဓေတားဆေးတွေလိုဘဲ ထိရောက်မှုရှိနေမှာပဲ ဖြစ်ပါတယ်။

ဒီဆေးကို ကြွက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ ထင်ရှားတဲ့ဘေးထွက် ဆိုးကျိုးမတွေ့ခဲ့ရပါဘူး။ဆေးတိုက်ထားတဲ့ ကြွက်အထီးတွေရဲ့ ကိုယ်အလေးချိန်၊လိင်ဆက်ဆံချင်စိတ်နဲ့ တခြားလှုပ်ရှားမှုတွေကို လေ့လာခဲ့ရာမှာ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

ဒီဆေးကို ရပ်လိုက်ပြီး တစ်လ၊ တစ်လခွဲအကြာမှာ ပုံမှန်အတိုင်း သုတ်ပိုးထုတ်လုပ်နှုန်းရရှိလာပြီးကြွက်အမတွေမှာ ကိုယ်ဝန်ပြန်လည် ရရှိလာကြပါတယ်။လူသားတွေအပေါ် စမ်းသပ်မှုကိုတော့ (၂၀၂ ၂) နှစ်ကုန် ပိုင်းလောက်မှာ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

အမျိုးသားတွေအတွက် ကိုယ်ဝန်တား သောက်ဆေးကလည်း ယခင်ဆေးတွေလိုဘဲ ဝိတ်တက်စေခြင်း၊စိတ်အခြေအနေ အပြောင်းအလဲဖြစ်ခြင်း၊ ကျားဟော်မုန်းထုတ်လှုပ်နှုန်းကို ထိခိုက်မှုရှိခြင်းတို့ကိုတော့ ဖြစ်စေနိုင်ပါတယ်။ Source:ဘန်ကောက်လမ်းညွှန် က်ိုစိုင်း

အမ်ိဳးသားမ်ားအတြက္ ထြက္ေပၚလာေတာ့မယ့္ ကိုယ္ဝန္ သေႏၶတားေဆး

လူေတာ္ေတာ္မ်ားမ်ားက ကိုယ္ဝန္မရေအာင္ သေႏၶတားေဆး သုံးတဲ့အခါမ်ိဳးမွာ အမ်ိဳးသမီးေတြကသာ အဓိကလုပ္ေဆာင္ရတယ္လို႔ သိထားၾကပါတယ္။

ဒါေပမယ့္ အမ်ိဳးသားေတြအသုံးျပဳႏိုင္မယ့္ သေႏၶတားေဆးေဖာ္ထုတ္ႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္း ေမွ်ာ္လင့္ခဲ့ၾကတာျဖစ္ၿပီး အခုအခါမွာေတာ့ လက္ေတြ႕ထုတ္လုပ္ႏိုင္ဖို႔ နီးစပ္ေနၿပီပဲျဖစ္ပါတယ္။

YCT529 လို႔ေခၚတဲ့ အဆိုပါတားေဆးက ေဟာ္မုန္းမပါဝင္တဲ့ေဆးျဖစ္ၿပီး ကိုယ္ဝန္ရရွိႏိုင္ေခ်ကို ၉၉ % ေလွ်ာ့ခ်ေပးႏိုင္သလို အမ်ိဳးသမီးသေႏၶတားေဆးေတြလိုဘဲ ထိေရာက္မႈရွိေနမွာပဲ ျဖစ္ပါတယ္။

ဒီေဆးကို ႂကြက္ေတြနဲ႔စမ္းသပ္ခဲ့ရာမွာ ထင္ရွားတဲ့ေဘးထြက္ ဆိုးက်ိဳးမေတြ႕ခဲ့ရပါဘူး။ေဆးတိုက္ထားတဲ့ ႂကြက္အထီးေတြရဲ႕ ကိုယ္အေလးခ်ိန္၊လိင္ဆက္ဆံခ်င္စိတ္နဲ႔ တျခားလႈပ္ရွားမႈေတြကို ေလ့လာခဲ့ရာမွာ ေဘးထြက္ဆိုးက်ိဳး မရွိပါဘူး။

ဒီေဆးကို ရပ္လိုက္ၿပီး တစ္လ၊ တစ္လခြဲအၾကာမွာ ပုံမွန္အတိုင္း သုတ္ပိုးထုတ္လုပ္ႏႈန္းရရွိလာၿပီးႂကြက္အမေတြမွာ ကိုယ္ဝန္ျပန္လည္ ရရွိလာၾကပါတယ္။လူသားေတြအေပၚ စမ္းသပ္မႈကိုေတာ့ (၂၀၂ ၂) ႏွစ္ကုန္ ပိုင္းေလာက္မွာ စတင္လုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

အမ်ိဳးသားေတြအတြက္ ကိုယ္ဝန္တား ေသာက္ေဆးကလည္း ယခင္ေဆးေတြလိုဘဲ ဝိတ္တက္ေစျခင္း၊စိတ္အေျခအေန အေျပာင္းအလဲျဖစ္ျခင္း၊ က်ားေဟာ္မုန္းထုတ္လႈပ္ႏႈန္းကို ထိခိုက္မႈရွိျခင္းတို႔ကိုေတာ့ ျဖစ္ေစႏိုင္ပါတယ္။ Source:ဘန္ေကာက္လမ္းၫႊန္ က္ိုစိုင္း