ကားတစီးနဲ႔ တစီး အရွိန္နဲ႔ေက်ာ္တက္ျခင္းဟာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ေက်ာ္တက္ေတာ့မယ္ဆိုရင္လည္း ထည့္စဥ္းစားရမယ့္ အခ်က္ေတြအမ်ားႀကီးပဲ။ကိုယ့္ကားရဲ႕ အင္ဂ်င္ပါဝါ၊သြားေနတဲ့အရွိန္၊ လမ္းအေနအထား အစရွိသျဖင့္ေပါ့။
ဆိုေတာ့က ကားေက်ာ္တက္ေတာ့မယ္ဆို က်ေနာ္အခုေျပာမယ့္အေျခခံအခ်က္ေလးေတြေတာ့ ႀကိဳသိထားသင့္ပါတယ္။ဒါမွသာ အႏၲရာယ္ကင္းကင္းနဲ႔လိုရာခရီးကိုေရွ႕ဆက္ႏိုင္မွာေပါ့ေနာ္။
၁။ေနာက္ၾကည့္မွန္၊ ေဘးမွန္ ေတြကိုအလကားမထားပါနဲ႔။ ကား ေက်ာ္ေတာ့မယ္ဆိုအကုန္ပတ္ၾကည့္ပါ။ အနဲဆုံး ၂ ေခါက္ေလာက္ေသခ်ာေအာင္ၾကည့္ပါ။ ၁ ေခါက္ေလာက္နဲ႔ကိုယ့္မ်က္စိကိုယ္ မယုံပါနဲ႔။ ျဖစ္သြားတဲ့မေတာ္တဆ ေတြထဲမွာ ေနာက္ၾကည့္မွန္ေသခ်ာမၾကည့္တာကလဲ အခ်က္တခ်က္အေနနဲ႔ပါေနတတ္ပါတယ္။
၂။ကိုယ့္မ်က္စိတဆုံး ေရွ႕ကိုလွမ္းမျမင္ရဘူးဆို လုံးဝလုံးဝ ေက်ာ္တက္ဖို႔မႀကိဳစားပါနဲ႔။ ဥပမာ ျမဴ က်ေနတာပဲ ျဖစ္ျဖစ္၊ မိုးတအားသဲေနတာပဲျဖစ္ျဖစ္၊ကိုယ့္မ်က္စိကေသခ်ာ ျမင္ရဘူးဆိုေနာက္ကေနပဲ လိုက္ပါ။မေက်ာ္တက္ပါနဲ႔။
၃။ကားမေက်ာ္တက္ဖို႔လမ္းၫြန္အမွတ္အသားေတြျပထားတဲ့ေနရာေတြမွာ လုံးဝမေက်ာ္တက္ပါနဲ႔။အဲ့လို လမ္းၫြန္အမွတ္အသားေတြကအလကားျပထားတာမဟုတ္ပါဘူး။ခဏခဏမေတာ္တဆျဖစ္တဲ့ ေနရာေတြမွာ ျပထားတတ္တာမ်ားပါတယ္။
၄။အေရးအႀကီးဆုံးအခ်က္ပါ။ ကိုယ့္ကား လက္ရွိသြားေနတဲ့အရွိန္နဲ႔ ကိုယ္ေက်ာ္မယ့္ကားရဲ႕ အရွိန္ကို အခ်ိန္တိုအတြင္းတြက္ခ်က္တတ္ရပါမယ္။ ကိုယ္ေက်ာ္မယ္ဆိုတဲ့ အေၾကာင္းကိုအခ်က္အရင္ျပပါ ေရွ႕ကားေနာက္ကား ျမင္ေအာင္။
အမ်ားအားျဖင့္ ၿမိဳ႕ျပင္ဖက္ အေဝးေျပးလမ္းေတြမွာအရွိန္ နဲ႔ေမာင္းေနတာျဖစ္တဲ့အတြက္ ဆုံးျဖတ္ခ်က္ျမန္ျမန္ခ်ဖို႔ လိုပါတယ္။ မ်က္ႏွာျခင္းဆိုင္ကား မလာတဲ့ ရန္ကုန္-မႏၲေလး အျမန္လမ္းလိုမ်ိဳးက ျပႆနာသိပ္မရွိေပမယ့္ မ်က္ႏွာျခင္းဆိုင္ ကားလာတတ္တဲ့ လမ္းမ်ိဳးေတြဆိုအႏၲရာယ္မ်ားပါတယ္။
အကယ္၍ ကားေက်ာ္တက္ဖို႔ အရွိန္တင္လို႔ လိုသေလာက္အရွိန္ မရဘူးဆိုရင္ ဂီယာအႀကီးနဲ႔ေက်ာ္သင့္ပါတယ္။ေက်ာ္တက္မယ္ဆိုတိုင္းလမ္းရဲ႕ဘယ္ဘက္ ျခမ္း(အေပၚ) ကေနပဲေက်ာ္တက္ပါ။ ႁခြင္းခ်က္ အေနနဲ႔ အေျခအေနအရ ေအာက္ေၾကာကေန(ညာ)ေက်ာ္ဖို႔လိုတဲ့ ေနရာေတြမွာေတာ့ သတိထားေက်ာ္တက္ရပါမယ္။ (ဥပမာ ေရွ႕ကားက ဘယ္ဘက္ေကြ႕မယ္အခ်က္ျပထားလွ်င္)
၅။ေက်ာ္တက္ၿပီးသြားၿပီဆိုရင္လဲ ခ်က္ခ်င္း ေက်ာ္တက္ၿပီးတဲ့ ကားရဲ႕လမ္းေၾကာင္းထဲကို ျပန္မဝင္ရပါဘူး။ အႏၲရာယ္ကင္းတဲ့ အကြာအေဝးတခုေရာက္မွ ညာဖက္လမ္းေၾကာကို ျပန္ဝင္သင့္ပါတယ္။(ကိုယ့္ ေနာက္ၾကည့္မွန္ကေန ေက်ာ္ခဲ့တဲ့ ကားကို လွမ္ျမင္ရတဲ့ အေနအထား)။
ေနာက္တခုကဘယ္ဘက္ေၾကာမွာေမာင္ပိုင္စီးၿပီး တခ်ိန္လုံးတက္မေမာင္းေနရဘူးေနာ္။ ဘယ္ဘက္ေၾကာက တစီးနဲ႔ တစီး ေက်ာ္ဖို႔ ပဲေပးထားတာ ေက်ာ္ၿပီးတာနဲ႔ ညာဖက္လမ္းေၾကာကိုျပန္ဝင္ေပးရမယ္။
၆။ဟိုင္းေဝးအခ်က္ျပစနစ္ေတြအေနနဲ႔ကေတာ့ အားလုံးသိၿပီးတဲ့ အတိုင္းသတ္မွတ္ထားတဲ့ စည္းကမ္းအသစ္ေတြကို လိုက္နာဖို႔လိုပါတယ္။ညာဖက္ျပထားလ်င္ ညာဖက္၊ ဘယ္ဖက္ ျပထားရင္ ဘက္ဖက္ ေကြ႕မယ္လို႔ပဲ မွတ္ယူသင့္ပါတယ္။ဟိုးအရင္ စနစ္ေတြကို ေမ့ထားလိုက္ဖို႔ လိုပါတယ္။
ညာဖက္လမ္းေၾကာကေန ဘယ္ဖက္လမ္းေၾကာကို ထြက္ၿပီးစေက်ာ္ေတာ့မယ္ဆိုတာနဲ႔ ဘယ္ဖက္ အခ်က္ျပပါ။ ေက်ာ္ၿပီး ညာဖက္ျပန္ဝင္မယ္ဆိုတာနဲ႔ ညာဖက္အခ်က္ျပန္ျပပါ။(စနစ္ေဟာင္းအခ်က္ျပ စနစ္ကို ဆက္သုံးေနသူေတြ တခ်ိဳ႕ေတာ့က်န္ေနေသးတဲ့အတြက္သတိေတာ့ထားၾကပါ)
၇။ကိုယ့္မ်က္စိ တဆုံးမျမင္ရတဲ့ အေကြ႕အေကာက္ေတြ၊ ကုန္းတက္ေတြ မွာ လုံးဝေက်ာ္တက္ဖို႔ မစဥ္းစားပါနဲ႔ေနာ္။
၈။ဘယ္ေသာအခါမွ ကားေက်ာ္ရင္ ၂ စီး ၃ စီး ဆင့္မေက်ာ္ပါနဲ႔(လုံးဝမလုပ္ပါနဲ႔)။
ကားေက်ာ္တင္ျခင္းဆိုင္ရာသိထားသင့္တဲ့အခ်က္မ်ားကို ဗဟုသုတအျဖစ္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ လိုရာခရီးကို အႏၲရာယ္ကင္းစြာ အေရာက္လွမ္းႏိုင္ၾကပါေစ။
ကား ကျော်တက်တော့မယ်ဆို သတိထားသင့်တဲ့ အချက်(၈)ချက်
ကားတစီးနဲ့ တစီး အရှိန်နဲ့ကျော်တက်ခြင်းဟာ အရမ်းအန္တရာယ်များပါတယ်။ ကျော်တက်တော့မယ်ဆိုရင်လည်း ထည့်စဉ်းစားရမယ့် အချက်တွေအများကြီးပဲ။ကိုယ့်ကားရဲ့ အင်ဂျင်ပါဝါ၊သွားနေတဲ့အရှိန်၊ လမ်းအနေအထား အစရှိသဖြင့်ပေါ့။
ဆိုတော့က ကားကျော်တက်တော့မယ်ဆို ကျနော်အခုပြောမယ့်အခြေခံအချက်လေးတွေတော့ ကြိုသိထားသင့်ပါတယ်။ဒါမှသာ အန္တရာယ်ကင်းကင်းနဲ့လိုရာခရီးကိုရှေ့ဆက်နိုင်မှာပေါ့နော်။
၁။နောက်ကြည့်မှန်၊ ဘေးမှန် တွေကိုအလကားမထားပါနဲ့။ ကား ကျော်တော့မယ်ဆိုအကုန်ပတ်ကြည့်ပါ။ အနဲဆုံး ၂ ခေါက်လောက်သေချာအောင်ကြည့်ပါ။ ၁ ခေါက်လောက်နဲ့ကိုယ့်မျက်စိကိုယ် မယုံပါနဲ့။ ဖြစ်သွားတဲ့မတော်တဆ တွေထဲမှာ နောက်ကြည့်မှန်သေချာမကြည့်တာကလဲ အချက်တချက်အနေနဲ့ပါနေတတ်ပါတယ်။
၂။ကိုယ့်မျက်စိတဆုံး ရှေ့ကိုလှမ်းမမြင်ရဘူးဆို လုံးဝလုံးဝ ကျော်တက်ဖို့မကြိုစားပါနဲ့။ ဥပမာ မြူ ကျနေတာပဲ ဖြစ်ဖြစ်၊ မိုးတအားသဲနေတာပဲဖြစ်ဖြစ်၊ကိုယ့်မျက်စိကသေချာ မြင်ရဘူးဆိုနောက်ကနေပဲ လိုက်ပါ။မကျော်တက်ပါနဲ့။
၃။ကားမကျော်တက်ဖို့လမ်းညွန်အမှတ်အသားတွေပြထားတဲ့နေရာတွေမှာ လုံးဝမကျော်တက်ပါနဲ့။အဲ့လို လမ်းညွန်အမှတ်အသားတွေကအလကားပြထားတာမဟုတ်ပါဘူး။ခဏခဏမတော်တဆဖြစ်တဲ့ နေရာတွေမှာ ပြထားတတ်တာများပါတယ်။
၄။အရေးအကြီးဆုံးအချက်ပါ။ ကိုယ့်ကား လက်ရှိသွားနေတဲ့အရှိန်နဲ့ ကိုယ်ကျော်မယ့်ကားရဲ့ အရှိန်ကို အချိန်တိုအတွင်းတွက်ချက်တတ်ရပါမယ်။ ကိုယ်ကျော်မယ်ဆိုတဲ့ အကြောင်းကိုအချက်အရင်ပြပါ ရှေ့ကားနောက်ကား မြင်အောင်။
အများအားဖြင့် မြို့ပြင်ဖက် အဝေးပြေးလမ်းတွေမှာအရှိန် နဲ့မောင်းနေတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်မြန်မြန်ချဖို့ လိုပါတယ်။ မျက်နှာခြင်းဆိုင်ကား မလာတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းလိုမျိုးက ပြဿနာသိပ်မရှိပေမယ့် မျက်နှာခြင်းဆိုင် ကားလာတတ်တဲ့ လမ်းမျိုးတွေဆိုအန္တရာယ်များပါတယ်။
အကယ်၍ ကားကျော်တက်ဖို့ အရှိန်တင်လို့ လိုသလောက်အရှိန် မရဘူးဆိုရင် ဂီယာအကြီးနဲ့ကျော်သင့်ပါတယ်။ကျော်တက်မယ်ဆိုတိုင်းလမ်းရဲ့ဘယ်ဘက် ခြမ်း(အပေါ်) ကနေပဲကျော်တက်ပါ။ ခြွင်းချက် အနေနဲ့ အခြေအနေအရ အောက်ကြောကနေ(ညာ)ကျော်ဖို့လိုတဲ့ နေရာတွေမှာတော့ သတိထားကျော်တက်ရပါမယ်။ (ဥပမာ ရှေ့ကားက ဘယ်ဘက်ကွေ့မယ်အချက်ပြထားလျှင်)
၅။ကျော်တက်ပြီးသွားပြီဆိုရင်လဲ ချက်ချင်း ကျော်တက်ပြီးတဲ့ ကားရဲ့လမ်းကြောင်းထဲကို ပြန်မဝင်ရပါဘူး။ အန္တရာယ်ကင်းတဲ့ အကွာအဝေးတခုရောက်မှ ညာဖက်လမ်းကြောကို ပြန်ဝင်သင့်ပါတယ်။(ကိုယ့် နောက်ကြည့်မှန်ကနေ ကျော်ခဲ့တဲ့ ကားကို လှမ်မြင်ရတဲ့ အနေအထား)။
နောက်တခုကဘယ်ဘက်ကြောမှာမောင်ပိုင်စီးပြီး တချိန်လုံးတက်မမောင်းနေရဘူးနော်။ ဘယ်ဘက်ကြောက တစီးနဲ့ တစီး ကျော်ဖို့ ပဲပေးထားတာ ကျော်ပြီးတာနဲ့ ညာဖက်လမ်းကြောကိုပြန်ဝင်ပေးရမယ်။
၆။ဟိုင်းဝေးအချက်ပြစနစ်တွေအနေနဲ့ကတော့ အားလုံးသိပြီးတဲ့ အတိုင်းသတ်မှတ်ထားတဲ့ စည်းကမ်းအသစ်တွေကို လိုက်နာဖို့လိုပါတယ်။ညာဖက်ပြထားလျင် ညာဖက်၊ ဘယ်ဖက် ပြထားရင် ဘက်ဖက် ကွေ့မယ်လို့ပဲ မှတ်ယူသင့်ပါတယ်။ဟိုးအရင် စနစ်တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်။
ညာဖက်လမ်းကြောကနေ ဘယ်ဖက်လမ်းကြောကို ထွက်ပြီးစကျော်တော့မယ်ဆိုတာနဲ့ ဘယ်ဖက် အချက်ပြပါ။ ကျော်ပြီး ညာဖက်ပြန်ဝင်မယ်ဆိုတာနဲ့ ညာဖက်အချက်ပြန်ပြပါ။(စနစ်ဟောင်းအချက်ပြ စနစ်ကို ဆက်သုံးနေသူတွေ တချို့တော့ကျန်နေသေးတဲ့အတွက်သတိတော့ထားကြပါ)
၇။ကိုယ့်မျက်စိ တဆုံးမမြင်ရတဲ့ အကွေ့အကောက်တွေ၊ ကုန်းတက်တွေ မှာ လုံးဝကျော်တက်ဖို့ မစဉ်းစားပါနဲ့နော်။
၈။ဘယ်သောအခါမှ ကားကျော်ရင် ၂ စီး ၃ စီး ဆင့်မကျော်ပါနဲ့(လုံးဝမလုပ်ပါနဲ့)။
ကားကျော်တင်ခြင်းဆိုင်ရာသိထားသင့်တဲ့အချက်များကို ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုရာခရီးကို အန္တရာယ်ကင်းစွာ အရောက်လှမ်းနိုင်ကြပါစေ။