ဗဟုသုတ

မလေးရှား အလုပ်သွားမယ်ဆို မဖြစ်မနေ လုပ်ဆောင်ရမယ့် သိထားသင့်တဲ့ အရာများ

မလေးရှားနိုင်ငံမှာ အလုပ် သွားလုပ်မည့်သူများအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို ဗဟုသုတ ဖြစ်စေဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ ဆေးစစ်ကြည့်ပါ (ဆေးအောင်မှ)

၂။ PJ ပတ်စပို့စာအုပ် လုပ်ပါ။

၃။ လိုင်စင်ရှိ အေဂျင်စီတခုခု ရွေးချယ်ပါ (ပွဲစားများထက် အေဂျင်စီကို တိုက်ရိုက်ရွေးချယ်ပါ)။

၄။ လုပ်ငန်း ရွေးချယ်ပါ (စက်ရုံ စားသောက်ဆိုင် အလုပ်မျိုးစုံ)

၅။ အလုပ် လစာ အလုပ်ချိန် စက်ရုံနေရာ စာချုပ်သက်တမ်း ကုန်ကျငွေများ ငွေချေမှု စနစ်များကို သေချာမေးပါ။

၆။ ပထမ ဆေးစစ်တာ တစ်လအတွင်းဆိုနောက်ထပ် ဆေးစစ်ရန် မလို FWCMS အွန်လိုင်းတင်ပါ။

၇။ ISC စစ်ဆေးပါ (OSC ရုံးတွင် ) ဒါတွေ ပြည့်စုံပီ ဆိုရင် မလေးရှားမှာ ကောလင်း တင်လို့ ရပါပြီ။

၈။ ကောလင်းထွက်လျင် မလေးရှား နိုင်ငံခြားရေးရုံးတွင် ကောလင်းပေါ်တွင်တံဆိပ်ထု ထောက်ခံချက် ယူရမည်။

၉။ ထောက်ခံချက် ပါရှိသော ကောလင်းနှင့် စာရွက်စာတမ်းများ ပြင်ဆင်၍ ကွာလမ်လာပူရှိ မြန်မာသံရုံးတွင် ခွင့်ပြုစာ ယူရမည်။

၁၀။ သံရုံး ခွင့်ပြုစာ ရလျင် မူရင်းဖိုင်ကို မြန်မာအေဂျင့်ရုံးသို့ ပို့ပေးရမည်။

၁၁။ သံရုံး ခွင့်ပြုစာ ဖိုင်ရလျင် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်၍ နေပြည်တော်သို့ ခွင့်ပြုမိန့် တင်ရမည်။

၁၂။ အလုပ်ရှင်နှင့် လုပ်သား အေဂျင်စီနှင့်လုပ်သားစာချုပ် ရမည်။ မိတ္တူတစုံ သိမ်းထားပါ။ (သေချာစွာ ဖတ်ပါ။ နားမလည်တာ မေးပါ )

၁၃။ မန္တလေး (သို့ ) ရန်ကုန်တွင် အကြိုသင်တန်း ၃ ရက် တက်ရမည်။

၁၄။ သင်တန်းဆင်း လက်မှတ် – နေပြည်တော် ခွင့်ပြုမိန့် နှင့် အတူ စမတ်ကဒ် လေဘာကဒ် ရိုက်ခွင့် တင်ရမည်။

၁၅။ စမတ်ကဒ် ရိုက်ပြီးလျင် မလေးရှားသံရုံးတွင် မလေးရှားနိုင်ငံ ၀င်ခွင့်ဗီဇာ ၀င်ရန် သောကြာနေ့ မနက် ၈ နာရီခွဲလောက် အရောက်သွား၍ ဗီဇာ၀င်ခွင့်ရက် အရင် ယူရမည်။

၁၆။ စမတ်ကဒ် ကောလင်း ဗီဇာမူရင်း ပတ်စပို့မူရင်းနဲ့အတူ လိုအပ်သော စာရွက်စာတမ်းများဖြင့် သတ်မှတ်ရက်တွင် OSC ရုံးတွင် ဗီဇာ ၀င်ရမည်။

၁၇။ ၈ ရက်အကြာတွင် မလေးရှားပြည်၀င်ခွင့် ဗီဇာရမည်။

၁၈။ လေယာဉ်လက်မှတ် ၀ယ်၍ မလေးရှားသို့ သွားနိုင်ပါပြီ။

လေကြောင်းလိုင်းတွေကတော့ မာလင်ဒို KLIA 1 လေဆိပ်၊ မလေးရှားလေကြောင်း KLIA1 လေဆိပ် အဲအေးရှ KLIA 2 လေဆိပ်။

မလေးရှား လေဆိပ်သို့ ရောက်လျင် သာမာန် ခရီးသည် ထွက်ကြသော အင်မီဂေးရှင်း အပေါက်မှ ကောလင်း ဗီဇာသမားလုပ်သားများ ထွက်ခွာခွင့် မရှိပါ။

ကောလင်း ဗီဇာသမားများအတွက် အလုပ်ရှင်သူဌေးက လာရောက် ခေါ်ဆောင်မှသာ လေဆိပ်မှ ထွက်ခွာရပါတယ်။

ထိုလုပ်သားများအတွက် သီးသန့်နေရာသည် KLIA 1 / KLIA2 ၂ ခုစလုံးတွင် အင်မီဂေးရှင်း ကောင်တာများသို့ ရောက်ရှိပြီဆို မိမိဘယ်ဘက်ကို ကြည့်လိုက်ပါ။

အခန်းကျယ်ကြီး သီးသန့် ကာထားတာ တွေ့ပါလိမ့်မယ်။ အဲအထဲမှာ နေပီး အလုပ်ရှင်သူဌေး လာခေါ်သည်အထိ စောင့်နေပေးပါ။

တခြား နေရာများသို့ လျှောက်မသွားပါနဲ့။ သူဌေး လာခေါ်ချိန် ရှာမတွေ့လျင် အခက်အခဲ ဖြစ်နိုင်ပါသည်။

အားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။

Ref:Than Htut Oo

ᴄʀᴇᴅɪᴛ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴜᴩʟᴏᴀᴅᴇʀ