ၾကားသိရသမွ်

ရွှေတွေအများကြီးဝတ်ပြီး ပတ်ဝန်းကျင်ကို ထုတ်ကြွားခဲ့ရာ လူဆိုးတွေရဲ့ See more..





Rain (For Ialinks)

Unicode

ရွှေတွေအများကြီးဝတ်ပြီး ပတ်ဝန်းကျင်ကို ထုတ်ကြွားခဲ့ရာ လူဆိုးတွေရဲ့ လုယက်ခြင်းကို ခံထားရ၍ သက်တော်စောင့်တစ်ယောက်ဌားထားရသော အမျိုးသား

ဗီယက်နမ်နိုင်ငံမှ အသက်၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရွှေအကြောင်းကို သိတတ်အရွယ်ကစ၍ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေအလှဆင်ချင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်ကိုလည်း ထုတ်ကြွားချင်ခဲ့ရာ အရွယ်ရောက်လာချိန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်ဖွင့်ပြီး ဝင်ငွေရှာခဲ့သည်။

အမျိုးသားသည် စားသောက်ဆိုင်ကနေရရှိသော အမြတ်ငွေများကို စုဆောင်းကာ ရွှေထည်လက်ဝတ်ရတနာများစွာ ဝယ်ယူခဲ့ပြီး ဝတ်ဆင်ထားချိန်တွင် စားသုံးသူဖောက်သည်များရဲ့ အာရုံစိုက်ခြင်းကို ခံနေခဲ့ရကာ အန္တရာယ်ကို မတွေးမိပဲ ပျော်နေခဲ့သည်။

အမျိုးသားသည် ရွှေလက်စွပ်၁၀ကွင်း၊ လက်ကောက် ကွင်း၃၀၊ လည်ဆွဲ၁၂ကွင်းအပြင် နားကပ်တို့ကို ဝတ်ဆင်ထားခြင်းဖြင့် တစ်ကိုယ်လုံးပေါ်ရှိ ရွှေထည်အလေးချိန် ၅ကီလိုဂရမ်လောက်ရှိခဲ့သည်။

ထို့ကြောင့်ပဲ အမျိုးသားသည် နာမည်ကြီးလာပြီး အပြင်ထွက်သည့်အခါ လူဆိုးတစ်စုရဲ့ လုယက်တိုက်ခိုက်ခြင်းကို တစ်ခါခံထားရကာ သူ့အားကာကွယ်ပေးဖို့အတွက် လုံခြုံရေးသက်တော်စောင့်တစ်ယောက်ကို ဌားထားရသည်။