ခြေထောက်ကို ကာကွယ်ဖို့ ပထမဆုံး ဖိနပ်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဖန်တီးခဲ့တာပါ။ ဒီနေ့ခေတ်မှာတော့ ဒီဇိုင်းမျိုးစုံနဲ့ နေရာတိုင်းမှာ စီးလို့ရတဲ့ဖိနပ်တွေ အမျိုးမျိုး ရှိနေပါပြီ။ ဒီလိုအများကြီးထဲကမှ ဖိနပ်စီးရင် မနာကျင်အောင် ဘယ်လိုရွေးဝယ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။
၁။ မနက်ခင်းပိုင်းမှာ ဖိနပ်ဝယ်ခြင်း
ဖိနပ်ဝယ်တဲ့အချိန်က အရေးမကြီးဘူးလို့ ထင်ရပေမယ့် ဖိနပ်ရွေးတဲ့အခါမှာတော့ အချိန်က တကယ်ကို အရေးကြီးပါတယ်။ မနက်ခင်းပိုင်းမှာ ခြေထောက်တွေက သိပ်မလှုပ်ရှားရသေးတာကြောင့် ပုံမှန်အတိုင်းပါပဲ။
နေ့လည်ဘက်နဲ့ ညနေဘက်ရောက်ရင်တော့ ခြေထောက်က လှုပ်ရှားထားတာကြောင့် အနည်းငယ် ဖောယောင်နေတတ်ပါတယ်။ ဒါကြောင့် သင်စီးနေကျဆိုဒ်ထက် အနည်းငယ် ပိုကျပ်နေပါလိမ့်မယ်။
၂။ ခြေထောက်အမျိုးအစား
သင့်အတွက် သက်တောင့်သက်သာ အရှိဆုံးဖိနပ်ကို ရွေးချယ်ဖို့အတွက် သင့်ခြေထောက် အမျိုးအစားကို သိရဖို့လိုပါတယ်။ ဒါကိုသိဖို့ ရိုးရှင်းတဲ့နည်းလမ်းကတော့ သင့်ခြေထောက်ကို ရေထဲမှာ နှစ်မြှုပ်ပြီး ကတ်ထူပြားတစ်ချပ်ပေါ် တင်လိုက်ပါ။ ခြေရာအပြည့် အမှတ်အသားတွေ့ရင် ခြေဖဝါးက ပြားနေနိုင်တာကြောင့် ခြေဖဝါး အတွင်းဘက်ကို မဝင်စေတဲ့ ဖိနပ်ဝယ်ဖို့ အကြံပြုလိုပါတယ်။
အလွန်သိသာထင်ရှားတဲ့ အခုံးလေးတစ်ခု ဖြစ်နေပြီး ခြေရာရဲ့အလယ်ဗဟိုမှာ အပေါက်တစ်ပေါက်ကို တွေ့ရမယ်ဆိုရင်တော့ ကူရှင်ထူတဲ့ဖိနပ်ကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။ ခြေရာရဲ့ အလယ်ဗဟိုက တစ်ဝက်သာပြည့်နေရင်တော့ သင့်ခြေထောက်က ပုံမှန်ပါပဲ။
၃။ Insoles
နောက်ထပ် အဖြစ်များတဲ့ အယူအဆမှားတစ်ခုကတော့ ခြေဖဝါးပြဿနာ ရှိသူတွေအတွက် ဖြစ်ပါတယ်။ တစ်နေ့တာမှာ အချိန်အကြာကြီး မတ်တပ်ရပ်ရမယ်ဆိုရင် ဂျယ်လ်အကွက်တွေက သက်သာရာရစေနိုင်ပါတယ်။ ဒါပေမယ့် ခြေဖနောင့်ကိုခံပြီး ထည့်ထားတာက အသက်ကြီးလာတဲ့အခါမှာ အရာတွေကျန်နေခဲ့ပြီး ထည့်မှအဆင်ပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
၄။ ဖိနပ်တစ်ရံတည်းကို အချိန်တိုင်းဝတ်ဆင်နေခြင်း
အကြိုက်ဆုံးဖိနပ်တစ်ရံ ရှိပေမယ့် ဘယ်လောက်ပဲ သက်တောင့်သက်သာရှိပါစေ တစ်ချိန်လုံးဝတ်ရမယ်လို့ မဆိုလိုပါဘူး။ အဲဒါက တခြားဖက်ရှင်တွေထက် ပိုလှနေပေမယ့်လည်း တကယ်တော့ စတိုင်လ်က အရေးမကြီးပါဘူး။ ချွေးတွေခြောက်နေစေဖို့ ဖိနပ်ကို နေ့စဉ်ပြောင်းတာ ကောင်းပါတယ်။
ဒါ့အပြင် နေ့တိုင်း တူညီတဲ့ ဖိနပ်ကို ဝတ်ဆင်ခြင်းက အတွင်းပိုင်းနှင့် ခြေဖဝါးတို့ကို နာစေတာကြောင့် ခြေလှမ်းတွေ မမှန်နိုင်တော့ပါဘူး။
၅။ ဖိနပ်အရွယ်အစားကို သိတာက ခြေထောက်အရွယ်အစားကို သိတာမဟုတ်ပါဘူး။
ဖိနပ်သွားဝယ်တဲ့အခါ သင့်ခြေထောက်ရဲ့ တိကျတဲ့ အတိုင်းအတာကို သိတာက အရမ်းကောင်းတဲ့ အချက်ပါပဲ။ အရွယ်အစားတွေက အမှတ်တံဆိပ်တစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ ဒါကြောင့် ဖိနပ်ပေါ်က နံပါတ်ကို မကြည့်ဘဲ ခြေဖဝါးရဲ့ အရွယ်အစားကို ကြည့်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်အလေးချိန် တိုးခြင်းလိုမျိုး အကြောင်းရင်းတွေကြောင့် ခြေအရွယ်အစား ပြောင်းလဲနိုင်တာကို သတိထားမိဖို့ အရေးကြီးပါတယ်။
၆။ တစ်ရံတည်းစီးဖို့မဟုတ်ပဲ နေရာမျိုးစုံမှာ စီးနိုင်ဖို့အတွက် ရွေးဝယ်ပါ။
ဖိနပ်စီးရင် သက်တောင့်သက်သာ ဖြစ်ဖို့အတွက် ရာသီဥတုတွေ၊ ကိုယ်စီးမယ့် နေရာတွေကိုလည်း ထည့်ပြီးစဉ်းစားရပါမယ်။ အားကစားဖိနပ်ဝယ်ရင် ပေါ့ပေါ့ပါးပါးရှိပြီး တုန်ခါမှုဒဏ်ကို ခံနိုင်ရပါမယ်။ တကယ်လို့ ရော်ဘာဖိနပ်ကို ဝယ်ထားမိတယ် ဆိုရင်တော့ ဆောင်းရာသီမှာ အဆင်ပြေမှာမဟုတ်ပါဘူး။
၇။ ဖိနပ်တစ်ရံတည်းကိုသာ စမ်းပြီးစီးကြည့်ခြင်း
ခြေတစ်ချောင်းက တခြားခြေထောက်တွေထက် အနည်းငယ်ပိုကြီးတာက သာမန်ဖြစ်တာကြောင့် ခြေဖဝါးနှစ်ဖက်စလုံးက ခြေဖဝါးတွေအတွက် သက်တောင့်သက်သာရှိစေဖို့ ဖိနပ်တွေကို တစ်ရံထက်ပိုပြီး စမ်းပြီး စီးကြည့်ပါ။
၈။ ခြေဖနောင့်ကိုသာ ကြည့်ခြင်း
ဒေါက်မြင့်ဖိနပ်စီးလို့ မနာချင်ဘူးဆိုရင်တော့ ပါးလွှာတဲ့ ဖိနပ်တွေကို ရှောင်ပါ။ ထူထဲတဲ့ဖိနပ်တွေ ဒါမှမဟုတ် အောက်ခံအနည်းငယ်ထူတဲ့ ဖိနပ်တွေက ခြေဖဝါးရဲ့ ဖိအားကို ပိုခံနိုင်တာကြောင့် ဒေါက်မြင့်ဖိနပ်စီးရင် မနာစေပါဘူး။
၉။ ဖိနပ်တွေရဲ့ သက်တမ်းကို ထည့်မတွက်ခြင်း
ဖိနပ်တွေမှာလည်း သက်တမ်းအကန့်အသတ် ရှိပါတယ်။ မိုင် 300 မတိုင်ခင် လဲရမယ့် ဖိနပ်တွေ ရှိပါတယ်။ မဟုတ်ရင် ဒဏ်ရာတွေဖြစ်စေပြီး ဖိနပ်ကို စုတ်ပြဲ၊ ကျိုးကျဲမှုတွေ ဖြစ်စေနိုင်ပါတယ်။
ပျမ်းမျှအရွယ်ရောက်ပြီးသူက တစ်နေ့ကို 2.4 ကီလိုမီတာကနေ 3.2 ကီလိုမီတာကြား လမ်းလျှောက်တယ်လို့ တွေးကြည့်ရင် တစ်နှစ်ခွဲအောက်မှာပဲ ဖိနပ်တွေက ဟောင်းနွမ်းသွားနိုင်ပါတယ်။
၁၀။ ညှပ်တွေကို အချိန်အကြာကြီး စီးခြင်း
ညှပ်ဖိနပ်တွေက နွေရာသီမှာ ဝတ်ဖို့ အရမ်းအဆင်ပြေပေမယ့်လည်း သူတို့ကို အကြာကြီးဝတ်ဖို့ အကြံပြုထားခြင်း မရှိပါဘူး။ ညှပ်ဖိနပ်တွေ ဝတ်ဆင်ခြင်းက ခြေဖဝါးကို နေရာယူထားဖို့ တွန်းအားပေးတာကြောင့် လမ်းလျှောက်ပုံကို ပြောင်းလဲစေပါတယ်။ ရေရှည်မှာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
Zombie (lovemedia)