နေ့တိုင်း အလုပ်ကြိုးစားနေတာ နှစ်တွေလည်း ကြာလှပြီ။ ရည်မှန်းချက်တွေလည်း ရှိပါရဲ့။
ဒါပေမယ့် ကိုယ့်အခြေအနေက တခြားသူတွေနဲ့ ထူးမခြားနား ဖြစ်နေပြီဆိုရင် ကိုယ့်တက်လမ်းကို ထိခိုက်အောင် လုပ်နေမိတဲ့ အမှားလေးတွေ ရှိနေလို့ ဖြစ်ပါလိမ့်မယ်။
(၁) အပြောအဆို မလိမ္မာခြင်း
နှုတ်ရေးရဲ့ အလုပ်ကို လျှော့မတွက်သင့်ပါဘူး။ လူက တော်ပါရဲ့သားနဲ့ ။ အပြောအဆိုမတတ်ရင် အထက်ရောက်ဖို့ ခက်ပါလိမ့်မယ်။
လူမှုဆက်ဆံရေးဆိုတာ အချင်းချင်းနားလည်အောင် ဆက်သွယ်တယ်ဆိုတာအပြင် တစ်ဖက်လူနဲ့ ကိုယ့်အကြားမှာ ယုံကြည်မှုနဲ့ အခွင့်အလမ်းတွေ တည်ဆောက်တာလည်း ဖြစ်ပါတယ်။
(၂) သိချင်စိတ် နည်းခြင်း
အောင်မြင်ချင်ရင် အလုပ်ပဲ ဖိလုပ်နေလို့ မရပါဘူး။ အလုပ်တစ်ခုကို ပိုလွယ်ပြီး ပိုထိရောက် အောင်မြင်အောင် လုပ်နိုင်မယ့် အဖြေရှာခြင်းဟာ ပိုပြီး အမျှော်အမြင်ရှိတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အခြေအနေတိုင်းအတွက် အဖြေသစ်တစ်ခုခု သိလိုစိတ်က အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် စပ်စုစူးစမ်းနေဖို့ လိုပါတယ်။
(၃) စည်းနဲ့ဘောင်နဲ့ မနေခြင်း
စည်းကမ်းကောင်းခြင်းဟာ အောင်မြင်ရေးအတွက် အရေးပါတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။
ဘဝမှာ ကျန်းမာရေးအတွက် ၊ ပျော်ရွှင်ရေးအတွက် အောင်မြင်မှုအတွက် စတဲ့ကိစ္စတွေမှာ စည်းကမ်းကလနားမထားရင် အောင်မြင်မှုမတာရှည်သလို အောင်မြင်ဖို့လည်း ခက်ခဲနိုင်ပါတယ်။
(၄) စိတ်ခံစားမှု မြှင့်မထားခြင်း
အောင်မြင်ဖို့အတွက် ကြိုးစားနေချိန်မှာရော အောင်မြင်နေတဲ့အချိန်မှာပါ Self-Control ကောင်းဖို့ လေ့ကျင့်ထားသင့်ပါတယ် ။
အောင်မြင်မှုဆီသွားတဲ့ ခရီးဟာ အနိမ့်အမြင့် အတက်အကျနဲ့ လောကဓံကို ပုံစံမျိုးစုံနဲ့ ကြုံနိုင်ပါတယ်။ ရင့်ကျက်ပြည့်ဝတဲ့ စိတ်ထားနဲ့မှ မဟုတ်ရင် အောင်မြင်လို့ မပျော်ရွှင် ၊ ပျော်ရွှင်ပေမယ့် မအောင်မြင် ဖြစ်တတ်ပါတယ်။
Credit
Zawgyi ဖြင့်ဖတ်ပါ
“သူမ်ားထက္ ေရွ႕ေရာက္ခ်င္ရင္ ဒါေတြ မလုပ္မိပါေစနဲ႔
ေန႔တိုင္း အလုပ္ႀကိဳးစားေနတာ ႏွစ္ေတြလည္း ၾကာလွၿပီ။ ရည္မွန္းခ်က္ေတြလည္း ရွိပါရဲ့။
ဒါေပမယ့္ ကိုယ့္အေျခအေနက တျခားသူေတြနဲ႔ ထူးမျခားနား ျဖစ္ေနၿပီဆိုရင္ ကိုယ့္တက္လမ္းကို ထိခိုက္ေအာင္ လုပ္ေနမိတဲ့ အမွားေလးေတြ ရွိေနလို႔ ျဖစ္ပါလိမ့္မယ္။
(၁) အေျပာအဆို မလိမၼာျခင္း
ႏႈတ္ေရးရဲ့ အလုပ္ကို ေလၽွာ့မတြက္သင့္ပါဘူး။ လူက ေတာ္ပါရဲ့သားနဲ႔ ။ အေျပာအဆိုမတတ္ရင္ အထက္ေရာက္ဖို႔ ခက္ပါလိမ့္မယ္။
လူမႈဆက္ဆံေရးဆိုတာ အခ်င္းခ်င္းနားလည္ေအာင္ ဆက္သြယ္တယ္ဆိုတာအျပင္ တစ္ဖက္လူနဲ႔ ကိုယ့္အၾကားမွာ ယုံၾကည္မႈနဲ႔ အခြင့္အလမ္းေတြ တည္ေဆာက္တာလည္း ျဖစ္ပါတယ္။
(၂) သိခ်င္စိတ္ နည္းျခင္း
ေအာင္ျမင္ခ်င္ရင္ အလုပ္ပဲ ဖိလုပ္ေနလို႔ မရပါဘူး။ အလုပ္တစ္ခုကို ပိုလြယ္ၿပီး ပိုထိေရာက္ ေအာင္ျမင္ေအာင္ လုပ္နိုင္မယ့္ အေျဖရွာျခင္းဟာ ပိုၿပီး အေမၽွာ္အျမင္ရွိတာပဲ ျဖစ္ပါတယ္။
ဒီေနရာမွာ အေျခအေနတိုင္းအတြက္ အေျဖသစ္တစ္ခုခု သိလိုစိတ္က အေရးႀကီးပါတယ္။ ေအာင္ျမင္ဖို႔အတြက္ စပ္စုစူးစမ္းေနဖို႔ လိုပါတယ္။
(၃) စည္းနဲ႔ေဘာင္နဲ႔ မေနျခင္း
စည္းကမ္းေကာင္းျခင္းဟာ ေအာင္ျမင္ေရးအတြက္ အေရးပါတဲ့ ပါဝင္ပစၥည္းျဖစ္ပါတယ္။
ဘဝမွာ က်န္းမာေရးအတြက္ ၊ ေပ်ာ္ရႊင္ေရးအတြက္ ေအာင္ျမင္မႈအတြက္ စတဲ့ကိစၥေတြမွာ စည္းကမ္းကလနားမထားရင္ ေအာင္ျမင္မႈမတာရွည္သလို ေအာင္ျမင္ဖို႔လည္း ခက္ခဲနိုင္ပါတယ္။
(၄) စိတ္ခံစားမႈ ျမႇင့္မထားျခင္း
ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားေနခ်ိန္မွာေရာ ေအာင္ျမင္ေနတဲ့အခ်ိန္မွာပါ Self-Control ေကာင္းဖို႔ ေလ့က်င့္ထားသင့္ပါတယ္ ။
ေအာင္ျမင္မႈဆီသြားတဲ့ ခရီးဟာ အနိမ့္အျမင့္ အတက္အက်နဲ႔ ေလာကဓံကို ပုံစံမ်ိဳးစုံနဲ႔ ၾကဳံနိုင္ပါတယ္။ ရင့္က်က္ျပည့္ဝတဲ့ စိတ္ထားနဲ႔မွ မဟုတ္ရင္ ေအာင္ျမင္လို႔ မေပ်ာ္ရႊင္ ၊ ေပ်ာ္ရႊင္ေပမယ့္ မေအာင္ျမင္ ျဖစ္တတ္ပါတယ္။
Credit