ဒီလိုအချိန်မှာ ဝမ်းရေးအတွက် ဈေးရောင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကို အားပေးကြပါ
ဦးထွန်းလင်းခြံလမ်းနားမှာ တောကြက်ဥလေးတွေ နွားနို့လေးတွေ ရောင်းတဲ့အဘကို မြင်ရင် အရမ်းစိတ်မကောင်းဖြစ်တယ်။ သူရောင်းတာ ကြက်ဥလား ဘဲဥလားမသိဘဲနဲ့ ကိုဝယ်ဘူးတယ်။ (အမေကတော့ အိမ်မွေးကြက်ဥလို့ပြောတယ်) မွေးမြူရေး ဥမဟုတ်တော့ တစ်လုံး ၅၀၀ ပေးရတယ်။ ကိုယ်ကလဲ အဲ့ချိန်က ပိုက်ဆံရှိနေတဲ့သူမဟုတ်တော့ ဝယ်ဖြစ်ရင် ၃ လုံးဘဲ။ (အဲ့တာတောင် အိမ်ကို မပြောရဲဘူး တစ်ထောင်ဖိုး3လုံးလို့လိမ်ပြော)
သူ့မှာလေ ၃ လုံးလောက်ရောင်းရရင် ပျော်နေတာဘဲ။ ကြက်ဥလေးတွေကို အိတ်ထဲထည့်ပြီး ကိုယ့်ကိုပြုံးပြီးပြောတယ်။ အေးကွာ ဝယ်မယ့်သူနည်းလဲ သမီးလို စားချင်တဲ့သူက ဝယ်မှာဘဲဆိုပြီး မျှော်လင့်ချက်တွေပြန်တောက်လာတဲ့ မျက်လုံးလေးနဲ့။ (အပိုတွေလုပ်ရေးနေတာမဟုတ်ဘူးနော် အဲ့အဘမျက်လုံးလေးတွေကသိသာတယ် ဝယ်သူမရှိဘဲလိုက်ငေးနေတဲ့မျက်လုံးလေးတွေက အရမ်းသနားဖို့ကောင်းတယ်)။
ဝယ်သူလာလို့ သူ့အရောင်တောက်နေတဲ့ မျက်လုံးလေးတွေ ကြည့်ပြီး ပိုစိတ်မကောင်းဖြစ်တယ်။ ဒီဟာလေး နည်းနည်းဝယ်ရုံအပြင် ဘာမှမလုပ်ပေးနိူင်လို့။ သူရောင်းတာတွေက ဈေးကြီးချင်ကြီးမယ် (ဈေးကြီးတယ်ဆိုတာ မတန်တဆကြီးတာမဟုတ်ဘူး။ကြက်ဥဆိုလဲ မွေးမြူရေး ဥလို ၁ဝဝနဲ့တော့မရဘူးလေ သူ့ကြက်ဥလေးတွေက သဘာဝကြက်ဥကိုး ဈေးကြီးတာမဟုတ်ဘူး ဈေးမပေါဘူးလို့ပြောရမှာပေါ့။)
အဲ့လိုဈေးသိပ်မပေါလည်း ၂၀၀၀/၃၀၀၀ ဆိုတာ ကိုယ်တွေ မုန့်တခါ စားသလောက်ပေမယ့် သူ့အတွက်တော့ မျှော်လင့်ချက်ကြီးဖြစ်ပြီး အားတက်စရာ ရောင်းအားတစ်ခုပါ။ တခါတလေ ကြုံကြိုက်ရင် သူ့မျက်လုံးလေး အရောင်လက်လာအောင် ဈေးဝယ်လိုက်ကြပါလို့ (ပြောမယ့်သာပြောတာ ကိုယ်လဲမရောက်ဖြစ်လို့ အဲ့အဘဆီမဝယ်ဖြစ်တာကြာပါပြီ။
မနေ့က လူမရှိတဲ့နေရာကြီးမှာ နွားနို့ဘူးလေးနှစ်ဘူးချ ဝယ်သူမျှော်နေတဲ့ အဘပုံတွေ့လိုက်ရတာ ရင်ထဲမကောင်းလို့။ အဲ့အနီးအနားနေတဲ့သူများရှိရင်ပေါ့ အဘကိုများ တွေ့ခဲ့ရင် ကူညီပြီးဈေးဝယ်ပေးကြပါလို့)
နွားနို့ဝယ်ဖူးတဲ့ သူတွေကလဲ အဘနွားနို့က ပျစ်နှစ်ပြီး နို့နံ့ညှီနေတာဘဲတဲ့ နွားနို့စစ်လို့။ သဘာဝစစ်စစ်တွေမို့ ရောင်းဖို့လဲ နည်းနည်းဘဲ ပါပါလာတတ်တာပါ။ သတိရသွားလို့ ဦးထွန်းလင်းခြံ လမ်းထဲမှာလဲ ပဲပြုတ်နံပြားရောင်းတဲ့ အဘလဲရှိတယ်။
လမ်းကြုံရင်ဝယ်လက်စနဲ့ အဲ့အဘဆီကပါ အားပေးကြပါလို့ အဲ့အဘတွေမှ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ အိမ်မှာမနေနိုင်ဘဲ ဈေးရောင်းနေရတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် အားပေးလိုက်ကြပါလို့ ထပ်ပြီးအကူအညီတောင်းပါတယ်။
Crd
zawgyi
ဒီလိုအခ်ိန္မွာ ဝမ္းေရးအတြက္ ေစ်းေရာင္းေနရတဲ့ သက္ႀကီး႐ြယ္အိုေတြကို အားေပးၾကပါ
ဦးထြန္းလင္းၿခံလမ္းနားမွာ ေတာၾကက္ဥေလးေတြ ႏြားႏို႔ေလးေတြ ေရာင္းတဲ့အဘကို ျမင္ရင္ အရမ္းစိတ္မေကာင္းျဖစ္တယ္။ သူေရာင္းတာ ၾကက္ဥလား ဘဲဥလားမသိဘဲနဲ႔ ကိုဝယ္ဘူးတယ္။ (အေမကေတာ့ အိမ္ေမြးၾကက္ဥလို႔ေျပာတယ္) ေမြးျမဴေရး ဥမဟုတ္ေတာ့ တစ္လုံး ၅၀၀ ေပးရတယ္။ ကိုယ္ကလဲ အဲ့ခ်ိန္က ပိုက္ဆံရွိေနတဲ့သူမဟုတ္ေတာ့ ဝယ္ျဖစ္ရင္ ၃ လုံးဘဲ။ (အဲ့တာေတာင္ အိမ္ကို မေျပာရဲဘူး တစ္ေထာင္ဖိုး3လုံးလို႔လိမ္ေျပာ)
သူ႔မွာေလ ၃ လုံးေလာက္ေရာင္းရရင္ ေပ်ာ္ေနတာဘဲ။ ၾကက္ဥေလးေတြကို အိတ္ထဲထည့္ၿပီး ကိုယ့္ကိုၿပဳံးၿပီးေျပာတယ္။ ေအးကြာ ဝယ္မယ့္သူနည္းလဲ သမီးလို စားခ်င္တဲ့သူက ဝယ္မွာဘဲဆိုၿပီး ေမွ်ာ္လင့္ခ်က္ေတြျပန္ေတာက္လာတဲ့ မ်က္လုံးေလးနဲ႔။ (အပိုေတြလုပ္ေရးေနတာမဟုတ္ဘူးေနာ္ အဲ့အဘမ်က္လုံးေလးေတြကသိသာတယ္ ဝယ္သူမရွိဘဲလိုက္ေငးေနတဲ့မ်က္လုံးေလးေတြက အရမ္းသနားဖို႔ေကာင္းတယ္)။
ဝယ္သူလာလို႔ သူ႔အေရာင္ေတာက္ေနတဲ့ မ်က္လုံးေလးေတြ ၾကည့္ၿပီး ပိုစိတ္မေကာင္းျဖစ္တယ္။ ဒီဟာေလး နည္းနည္းဝယ္႐ုံအျပင္ ဘာမွမလုပ္ေပးႏိူင္လို႔။ သူေရာင္းတာေတြက ေစ်းႀကီးခ်င္ႀကီးမယ္ (ေစ်းႀကီးတယ္ဆိုတာ မတန္တဆႀကီးတာမဟုတ္ဘူး။ၾကက္ဥဆိုလဲ ေမြးျမဴေရး ဥလို ၁ဝဝနဲ႔ေတာ့မရဘူးေလ သူ႔ၾကက္ဥေလးေတြက သဘာဝၾကက္ဥကိုး ေစ်းႀကီးတာမဟုတ္ဘူး ေစ်းမေပါဘူးလို႔ေျပာရမွာေပါ့။)
အဲ့လိုေစ်းသိပ္မေပါလည္း ၂၀၀၀/၃၀၀၀ ဆိုတာ ကိုယ္ေတြ မုန႔္တခါ စားသေလာက္ေပမယ့္ သူ႔အတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ႀကီးျဖစ္ၿပီး အားတက္စရာ ေရာင္းအားတစ္ခုပါ။ တခါတေလ ႀကဳံႀကိဳက္ရင္ သူ႔မ်က္လုံးေလး အေရာင္လက္လာေအာင္ ေစ်းဝယ္လိုက္ၾကပါလို႔ (ေျပာမယ့္သာေျပာတာ ကိုယ္လဲမေရာက္ျဖစ္လို႔ အဲ့အဘဆီမဝယ္ျဖစ္တာၾကာပါၿပီ။
မေန႔က လူမရွိတဲ့ေနရာႀကီးမွာ ႏြားႏို႔ဘူးေလးႏွစ္ဘူးခ် ဝယ္သူေမွ်ာ္ေနတဲ့ အဘပုံေတြ႕လိုက္ရတာ ရင္ထဲမေကာင္းလို႔။ အဲ့အနီးအနားေနတဲ့သူမ်ားရွိရင္ေပါ့ အဘကိုမ်ား ေတြ႕ခဲ့ရင္ ကူညီၿပီးေစ်းဝယ္ေပးၾကပါလို႔)
ႏြားႏို႔ဝယ္ဖူးတဲ့ သူေတြကလဲ အဘႏြားႏို႔က ပ်စ္ႏွစ္ၿပီး ႏို႔နံ႔ညႇီေနတာဘဲတဲ့ ႏြားႏို႔စစ္လို႔။ သဘာဝစစ္စစ္ေတြမို႔ ေရာင္းဖို႔လဲ နည္းနည္းဘဲ ပါပါလာတတ္တာပါ။ သတိရသြားလို႔ ဦးထြန္းလင္းၿခံ လမ္းထဲမွာလဲ ပဲျပဳတ္နံျပားေရာင္းတဲ့ အဘလဲရွိတယ္။
လမ္းႀကဳံရင္ဝယ္လက္စနဲ႔ အဲ့အဘဆီကပါ အားေပးၾကပါလို႔ အဲ့အဘေတြမွ မဟုတ္ပါဘူး။ ဒီလိုအခ်ိန္မွာ အိမ္မွာမေနႏိုင္ဘဲ ေစ်းေရာင္းေနရတဲ့ သက္ႀကီး႐ြယ္အိုေတြကို တတ္ႏိုင္သေလာက္ အားေပးလိုက္ၾကပါလို႔ ထပ္ၿပီးအကူအညီေတာင္းပါတယ္။
Crd