အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်သွေးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။
ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။ သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။
”ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ”ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။
သူလက်ခံသည်ဆိုသည့်အလုပ်မှာ အမျိုးသားတစ်ဦးနှင့် တိုက်ခန်းတစ်ခန်းတွင် တစ်လတန်သည်၊ နှစ်လတန်သည် အတူနေပေးရသည့် အငှားမယားဟု ဆိုရမည်ဖြစ်သည်။ ပြည့်တန်ဆာများကို ညည့် ငှက်၊ သွေးသားဈေးသယ်၊ ဇယား၊ လိင်ပိုင်းဆိုင်ရာကို အခကြေး ငွေယူ၍ ဖျော်ဖြေသူ အစရှိသဖြင့် ခေါ်ကြပြီး ထိုစကားလုံးများထက် နူးညံ့စွာ ဖြစ်ပေါ်လာသော စကားမှာ အငှားမယားပင် ဖြစ်လေတော့ သည်။
လှိုင်မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသော လေးထပ်တိုက်ခန်း တစ်ခုမှာ မဇာခြည်တစ်ယောက် သူ့ကို ခေါ် ဆောင်ထားသူနှင့် အတူနေရခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၏အမြင်မှာမူ လင်မယားဟုပင် သိထားကြဟန်ရှိသည်။
မဇာခြည်မှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ လာရောက်၍ အထည်ချုပ်စက်ရုံ တစ်ရုံတွင် လေးနှစ်နီးပါး အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။ သူသည် မိသားစု စားဝတ်နေရေး အခြေအနေ ကြောင့် ဆယ်တန်းအထိသာ ပညာဆည်းပူးခဲ့ရပြီး ညီအစ်မဝမ်းကွဲ ၏ အကူအညီဖြင့် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် ပထမဆုံး ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းရရှိသည့်လစာကို မိသားစုထံ ပြန်မပို့နိုင်ရုံသာ မက အဆောင်လခ၊ ဝမ်းစာနှင့်ပင် လုံးလည်လိုက်နေသောကြောင့် အဝတ်အထည်ကိုပင် လူတန်းစေ့ ဝတ်ဆင်နိုင်ရန် မနည်းရုန်းကန် ရသည်ဟု ဆိုသည်။
”အထည်ချုပ်မှာ လုပ်တုန်းကဆို ဇက်ကြောတွေက တက်၊ ခွဲတမ်းမပြီးရင် Leader တွက အော်ဟစ်ပြီးဆဲတော့တာ။ တစ်လကို ဝင်ဝင်ချင်းတုန်းက ခုနစ်သောင်း၊ နောက်နှစ်တွေကျမှ တစ်သိန်း လောက်ပဲရတာ၊ ပင် ပန်းသလောက် လစာမရခဲ့ဘူး”ဟု သူရပ်တည်ခဲ့ရပုံကို ပြောပြသည်။
အဆိုပါစက်ရုံတွင် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရာမှ ယခုကဲ့သို့ ဘဝမျိုးထဲတွင် ကျင်လည်တတ်ရန် ခေါ်ဆောင်ပေးခဲ့သူမှာ အတူအလုပ် လုပ်နေသည့် ဝန်ထမ်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိရသည်။ ယင်းက ”အလုပ်ထဲက သူငယ်ချင်းတစ်ယောက်က ယောကျ်ားနဲ့မိန်းမဖြစ်တာ ဘာဆန်းလဲ။
ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်နေရင် ဘာမှဖြစ်မလာ ဘူး။ နင်က ရုပ်လှတော့ သူက(ငှားရမ်းသည့်လူ) အတည်တကျတောင် လက်ထပ်ချင် လက်ထပ်မှာဆိုတာနဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားတာပါ”ဟုဆိုသည်။
ပထမဆုံး လက်ခံခဲ့သည့် အမျိုးသားက စက်ရုံတစ်ခုတွင် မန်နေဂျာအဆင့်ရှိကာ သူ့ကို ခရေပင်လမ်းခွဲသို့ လာရောက်ခေါ် ဆောင်ပြီး မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် အတူနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုစဉ်အခါကလည်း တိုက်ခန်းငှားရမ်းစဉ်က လင် မယားဟု ပြောကြားထားဟန်ရှိကြောင်း သူက ဆက်လက်ပြောပြသည်။
အငှားမယားအဖြစ် စတင်နေပေးချိန်က ပထမဆုံးလစာအနေဖြင့် တစ်လငါးသိန်းပေးပြီး စားသောက်စရိတ်၊ မီတာခ၊ စုစု ပေါင်း ငါးသိန်းပေးထားကြောင်း၊ အသုံးစရိတ်မှာ ငါးသိန်းအထိ မကုန်လျှင် ပိုသည့်ငွေ ကို ပြန်မယူတော့ဘဲ သူ့ကိုပေးတတ်ကြောင်း သိရသည်။
ယခုငှားရမ်းသည်ကို လက်ခံသည့်အခါတွင်မူ သူ့မှာ အပျိုမစစ်တော့သောကြောင့် တစ်လသုံးသိန်းသာ ရတော့ပြီး အဆို ပါအမျိုးသားထံ လာရောက်သည့် သူငယ်ချင်းများကိုပါ ဧည့်ခံပေးရကြောင်း သူကဆိုသည်။
”သူ အရက်သောက်မယ်ဆို အရက်ငှဲ့ပေးရတယ်။ နင်းပေး၊ နှိပ်ပေးရတယ်။ သူက မြစ်သာဘက်ကလို့ ပြောတယ်။ ဒီမှာကြာကြာ မနေရဘူး။ သင်္ဘော ပြန် တက်ရမှာနဲ့ အိမ်ပြန်ဖို့လဲ အဆင်မပြေလို့ ခုလိုပဲ အိမ်ငှားပြီး မိန်းမပါ အငှားယူတာလို့ ပြောတယ်”ဟု မဇာ ခြည်က ခပ်ပေါ့ပေါ့ ဆိုပြန်သေးသည်။
မဇာခြည်ကဲ့သို့ပင် တချို့စက်ရုံဝန်ထမ်းသမလေးများသည် သင်္ဘော သား၊ စက်ရုံ၊ ကုမ္ပဏီများမှ ရာထူးအဆင့်တစ်ခု ရှိနေသူ များနှင့် အငှားမယားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေကြသလို တချို့ အိမ်အကူများနှင့် ပြည့်တန်ဆာများသည်လည်း နိုင်ငံ ခြားသားများနှင့် အတူနေထိုင် ကာ ထိုအလုပ်မျိုး လုပ်ကိုင်နေကြ ကြောင်း သိရသည်။
ပြည်တွင်း၌ လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားကုမ္ပဏီများမှ နိုင်ငံခြားသား သို့မဟုတ် စက်ရုံ၊ ကုမ္ပဏီများရှိ နိုင်ငံခြားသားအ များစုတွင် အငှားမယား မြန်မာမိန်းကလေးများ ရှိနေပြီး များသော အားဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား အစရှိသည့် အာရှနိုင်ငံသားများက ပိုမိုငှားရမ်းကြောင်း သိရသည်။
အထက်ဖော်ပြပါ အခြေအနေများထက် ပိုဆိုးသည့် အကြောင်း အရာတစ်ခုမှာ ချောမောလှပသည့် အမျိုးသမီးငယ်များကို လူမှုကွန် ရက်တွင် စတင်မိတ်ဆက်ပြီး ချစ်ကြိုက်လာသည့်အခါ လစာမပေးဘဲ အတူနေသည့် နိုင်ငံခြားသားများ၊ ကုမ္ပဏီများမှ အရာရှိများရှိ နေခြင်းဖြစ်သည်။
”သူနဲ့ကျွန်မက We Chat မှာ တွေ့တာ။ အပြင်မှာ နှစ်ခါ ချိန်း တွေ့ပြီး သူက တိုက်ခန်းဝယ်ပြီး အတူနေဖို့ တောင်းဆိုတယ်။ အ ဆောင်မှာ စိတ်မချတော့ဘူး။ ဒါပေမဲ့ အခုလက်ထပ်ဖို့က အဆင် မပြေနိုင်သေးလို့ နောက်နှစ် လက်ထပ်မှာလို့လဲ ပြောခဲ့တာ”ဟု ကုမ္ပဏီတစ်ခု တွင် ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သော ရှမ်းတရုတ် လူမျိုးတစ် ဦးနှင့် အတူနေထိုင်ခဲ့သူ မခိုင်ခိုင်(အမည်လွှဲ)က ပြောသည်။
မခိုင်ခိုင်က အိမ်တွင် ၎င်းတို့နှစ်ယောက်စာ ချက်ပြုတ်စား သောက်ရန် တစ်လ ငါးသိန်းပေးပြီး စတင်နေထိုင်စဉ်က ငွေကျပ် ၁ဝ သိန်းကိုလည်း သီးသန့်စုဆောင်းရန်ဟုဆိုကာ ပေးခဲ့ကြောင်း သိရသည်။
အတူနေပြီး ရက်အနည်းငယ်အကြာတွင် ထိုသူမှာ အလွန်ဇီဇာကြောင်ပြီး အိမ်အတွင်း ဖုန်တစ်မှုန်တင်တာ တွေ့သည်ဆို သည်နှင့် ကြိမ်းမောင်းပြောဆိုတတ်ကြောင်း၊ သူ နေမကောင်းဖြစ်လျှင်လည်း ဂရုမစိုက်သည့်အပြင် အိမ် တွင် သူ့ကိုထားခဲ့ကာ ဟိုတယ်၌ တစ်ယောက်တည်း သွားရောက် တည်းခိုနေတတ်ကြောင်း သူက ဆက်ပြောပြသည်။
“သူ ကျွန်မကိုချစ်လို့ အတူနေနေတာလို့ပဲ ထင်ခဲ့တာ။ နောက် ပိုင်း သူ့လုပ်ရပ်တွေကို ကြည့် ပြီးတော့ တဖြည်းဖြည်း ရိပ်မိလာတယ်။ လက်ထဲမှာ သီးသန့်အပ်ထားတဲ့ငွေကိုလဲ အလုပ်မှာ ပိုတိုး အောင် လုပ်ပေးမယ်။ ရလာတဲ့အမြတ်ကို မင်းပဲရမှာဆိုပြီး ပြန် တောင်းတယ်။
နောက်ပြီး သူ့အလုပ်က ဝန်ထမ်းထဲ က အရမ်းတော်တဲ့ ကောင်မလေးဆိုပြီး မိန်းကလေးတစ်ယောက်ဆီကို ညတိုင်း ဖုန်းဆက်တယ်။ မေးရင်လဲ နောက်တာလို့ပဲ ပြန်ဖြေတယ်။ သူ့ဖုန်းကို ပေးမကြည့်ဘူး”ဟု မခိုင်ခိုင်က ရင်ဖွင့်သည်။ နောက်ပိုင်းတွင် ယင်းအမျိုးသား၌ မယားကြီးရှိပြီး ထိုအမျိုး သမီးမှာ ၎င်းတို့၏ နိုင်ငံခြားရုံးခွဲ၌ ဦးဆောင်လျက်ရှိကြောင်းကို ဖွင့်ဟပြောဆိုလာသည်။
”သူက လူပျိုပါဆိုပြီး ပြောခဲ့တာ။ သူ့မှာ အိမ်ထောင်ရှိမှန်း မသိခဲ့ဘူး။ နောက်ပိုင်းမှ သူကိုယ်တိုင် ဖွင့်ပြောပြီး ပထမအိမ်ထောင်ကို ကွာပေးမယ်။ နှစ်နှစ်လောက် ထပ်စောင့်ပါတဲ့။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ တကယ်ယူမှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားလာရတယ်။ အမေ့ကို လှမ်းတိုင်ပင်တော့ တရားတွေဘာတွေလဲ စွဲမနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ရမှာတဲ့”ဟု သူကပြောသည်။
ထို့ကြောင့် သူ၏ဘဝမှာ ဆုပ်လည်းစူး၊ စားလည်းရူးဆိုသလို အငှားမယားဆန်ဆန် ဖြစ်နေသော်လည်း တစ်ဖက်လှည့် ခံနေရသည်ကို သိသိကြီးနှင့် မည်သည့်တုံ့ပြန်မှုမှ မလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် သူ၏ ဇာတိဖြစ်သော ဟိုပုံးမြို့သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ ရှိနေသည့် အငှားမယား အများစုသည် နယ်အသီးသီးမှ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ရာမှ ထိုဘဝကို ရောက်ရှိ သွားခြင်းဖြစ်ပြီး တချို့စက်ရုံများမှ ယင်းကဲ့သို့ ဖြစ်လာ သူများကိုမူ ပတ်ဝန်းကျင်မှ အနည်းအကျင်းမျှသာ သိနေကြသည်။
အဆိုပါ မိန်းကလေးအများစုသည် အသက် ၂ဝ နှင့် ၃ဝ ကြား ဆင်းရဲသည့် မိန်းကလေး များဖြစ်ကြပြီး မိသားစု စားဝတ်နေရေးအ တွက်ကြောင့်သာ ယခုကဲ့သို့ ဇာတ်မြှုပ်လိုက်ကြရခြင်း ဖြစ်သည်။
ပညာမတတ်သူများကို အိမ်အကူဆိုသော်လည်း လစာကောင်းသည်ဟု သိမ်းသွင်းခဲ့သူများမှာ မိမိတို့အကျိုးအမြတ်ကိုသာ ရှေးရှုသည့် အိမ်ဖော်ပွဲစားများဖြစ်ပြီး လက်ခံခဲ့သော အိမ်အကူများအ နေဖြင့် အလုပ်ရှင် နိုင် ငံခြားသားများမှ အနိုင်အထက်၊ အဓမ္မပြုမှု ခံရသည့်အခါ ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ သဘောတူလိုက်ရခြင်းများရှိကြောင်း သိရသည်။ ထိုဖြစ်စဉ်များသည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အက်ဥပဒေနှင့် ငြိစွန်းလျက်ရှိသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ (၅/၂ဝဝ၅) အခန်း (၁)၊ အပုဒ် (၃)အရ လူတစ်ဦးကို သူ၏သဘောတူညီချက်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ရန်အလို့ငှာ သိမ်းသွင်း စုဆောင်း ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းရောင်းချ၊ ဝယ်ယူငှားရမ်း ခြင်း၊ ခိုလှုံခွင့်ပေးခြင်းတို့မှာ လူကုန်ကူးမှု မြောက်သည်။
”တိုင်လို့ရတယ်ဆိုတော့လဲ ကျွန်မတို့အတွက်က ဘာမှမထူး တော့ဘူး။ ဒီအလုပ် က ဝင်ငွေလဲကောင်းနေတာပဲ။ အငှားမယား မလုပ်နဲ့ဆိုရင် ဘယ်သူက ဘယ်လိုတာဝန်ယူပေးမလဲပေါ့။ ဆင်းရဲ တွင်းထဲမှာ နေတာထက်စာရင် မထူးဇာတ်ပဲ ဆက်ခင်းပါရစေတော့” ဟု မဇာခြည်က မဲ့ပြုံးပြုံး၍ ပြော သည်။
သူတို့လို မိန်းမသားများအား မိသားစု စီးပွားရေးအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေနည်းပါးခြင်းများက လမ်း ကြောင်းအမှားတစ်ခုသို့ တွန်းပို့လိုက်သောကြောင့် ယခုလို လိင် ကျေးကျွန်ဘဝ သို့ ရောက်ရှိလာရခြင်း ဖြစ်သည်။
အငှားမယားများအနေဖြင့် ပြည့်တန်ဆာလိုပင် ဥပဒေအကာအကွယ်မဲ့သော၊ အန္တရာယ်များလွန်းသည့် တရားမဝင် အလုပ်တစ်ခုကို စီးပွားရေး အဆင်မပြေနိုင်သေးသမျှ အခြားရွေးချယ်စရာ မရှိသူများအတွက် ထို ဘဝမျိုးဖြင့်သာ ဆက်လက်ကျင်လည်နေရဦးမည်ဖြစ်သည်။CRD
အသားျဖဴျဖဴႏွင့္ ငယ္႐ြယ္ပ်ိဳမ်စ္သည့္ အလွတရားမ်ားအား ပိုင္ဆိုင္ထားသူ အသက္ ၂၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး သူ၏မ်က္ႏွာေပၚတြင္ တန္ဖိုးအသင့္အတင့္ရွိသည့္ မိတ္ကပ္ကို လိမ္းျခယ္ထားၿပီး ၾကက္ေသြးေရာင္ႏႈတ္ခမ္းနီကို ခပ္စိုစိုကေလး ဆိုးထားသည္။
ေက်ာလယ္ေလာက္အထိရွိသည့္ ဆံပင္မွာ ေျဖာင့္စင္းလ်က္။ သူဆင္ယင္ထားေသာ အဝတ္အစားမွာ ျမန္မာဆန္ဆန္ ရင္ဖုံးလက္ျပတ္ႏွင့္ စည္းလုံခ်ည္ေလးျဖစ္ သည္။ သို႔ေသာ္ သူ လက္ရွိ အသက္ေမြးဝမ္းေက်ာင္း ျပဳေနရသည္မွာ အမ်ိဳးသားတစ္ဦးႏွင့္ တရားဝင္ လက္ထပ္ထားျခင္းမရွိဘဲ ရက္ရွည္ၾကာ ေပါင္းသင္းေနရသည့္ အငွားမိန္းမဘဝ ျဖစ္ေနသည္ဆိုျခင္းကို မည္သူ ယုံႏိုင္ပါ မည္နည္း။
”ကြၽန္မ ဒီအလုပ္ကို လက္ခံတာ ႏွစ္ႀကိမ္ရွိၿပီ။ ပထမလက္ခံတဲ့လူက အသက္ ၃ဝ ေက်ာ္ပဲရွိတယ္။ သူက သေဘာေကာင္းေတာ့ ေနာက္တစ္ေယာက္ကိုပါ ထပ္လက္ခံလိုက္တာ”ဟု မဇာျခည္(အမည္လႊဲ)က ေျပာ သည္။
သူလက္ခံသည္ဆိုသည့္အလုပ္မွာ အမ်ိဳးသားတစ္ဦးႏွင့္ တိုက္ခန္းတစ္ခန္းတြင္ တစ္လတန္သည္၊ ႏွစ္လတန္သည္ အတူေနေပးရသည့္ အငွားမယားဟု ဆိုရမည္ျဖစ္သည္။ ျပည့္တန္ဆာမ်ားကို ညည့္ ငွက္၊ ေသြးသားေဈးသယ္၊ ဇယား၊ လိင္ပိုင္းဆိုင္ရာကို အခေၾကး ေငြယူ၍ ေဖ်ာ္ေျဖသူ အစရွိသျဖင့္ ေခၚၾကၿပီး ထိုစကားလုံးမ်ားထက္ ႏူးညံ့စြာ ျဖစ္ေပၚလာေသာ စကားမွာ အငွားမယားပင္ ျဖစ္ေလေတာ့ သည္။
လႈိင္ၿမိဳ႕နယ္အတြင္း သန႔္ရွင္းသပ္ရပ္စြာ ျပင္ဆင္ထားေသာ ေလးထပ္တိုက္ခန္း တစ္ခုမွာ မဇာျခည္တစ္ေယာက္ သူ႔ကို ေခၚ ေဆာင္ထားသူႏွင့္ အတူေနရျခင္းျဖစ္ၿပီး ပတ္ဝန္းက်င္၏အျမင္မွာမူ လင္မယားဟုပင္ သိထားၾကဟန္ရွိသည္။
မဇာျခည္မွာ မေကြးတိုင္းေဒသႀကီး စလင္းၿမိဳ႕နယ္မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္၍ အထည္ခ်ဳပ္စက္႐ုံ တစ္႐ုံတြင္ ေလးႏွစ္နီးပါး အလုပ္ လုပ္ကိုင္ေနသူ တစ္ဦးျဖစ္သည္။ သူသည္ မိသားစု စားဝတ္ေနေရး အေျခအေန ေၾကာင့္ ဆယ္တန္းအထိသာ ပညာဆည္းပူးခဲ့ရၿပီး ညီအစ္မဝမ္းကြဲ ၏ အကူအညီျဖင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္႐ုံ တစ္႐ုံတြင္ ပထမဆုံး ဝင္ေရာက္လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ ၎ရရွိသည့္လစာကို မိသားစုထံ ျပန္မပို႔ႏိုင္႐ုံသာ မက အေဆာင္လခ၊ ဝမ္းစာႏွင့္ပင္ လုံးလည္လိုက္ေနေသာေၾကာင့္ အဝတ္အထည္ကိုပင္ လူတန္းေစ့ ဝတ္ဆင္ႏိုင္ရန္ မနည္း႐ုန္းကန္ ရသည္ဟု ဆိုသည္။
”အထည္ခ်ဳပ္မွာ လုပ္တုန္းကဆို ဇက္ေၾကာေတြက တက္၊ ခြဲတမ္းမၿပီးရင္ Leader တြက ေအာ္ဟစ္ၿပီးဆဲေတာ့တာ။ တစ္လကို ဝင္ဝင္ခ်င္းတုန္းက ခုနစ္ေသာင္း၊ ေနာက္ႏွစ္ေတြက်မွ တစ္သိန္း ေလာက္ပဲရတာ၊ ပင္ ပန္းသေလာက္ လစာမရခဲ့ဘူး”ဟု သူရပ္တည္ခဲ့ရပုံကို ေျပာျပသည္။
အဆိုပါစက္႐ုံတြင္ ႐ိုး႐ိုးသားသား လုပ္ကိုင္စားေသာက္ရာမွ ယခုကဲ့သို႔ ဘဝမ်ိဳးထဲတြင္ က်င္လည္တတ္ရန္ ေခၚေဆာင္ေပးခဲ့သူမွာ အတူအလုပ္ လုပ္ေနသည့္ ဝန္ထမ္းထဲမွ အမ်ိဳးသမီးတစ္ဦး ျဖစ္ေၾကာင္း သိရသည္။ ယင္းက ”အလုပ္ထဲက သူငယ္ခ်င္းတစ္ေယာက္က ေယာက်္ားနဲ႔မိန္းမျဖစ္တာ ဘာဆန္းလဲ။
ဒီမွာပဲ ဆက္ၿပီး အလုပ္လုပ္ေနရင္ ဘာမွျဖစ္မလာ ဘူး။ နင္က ႐ုပ္လွေတာ့ သူက(ငွားရမ္းသည့္လူ) အတည္တက်ေတာင္ လက္ထပ္ခ်င္ လက္ထပ္မွာဆိုတာနဲ႔ ဒီအလုပ္ကို လုပ္ျဖစ္သြားတာပါ”ဟုဆိုသည္။
ပထမဆုံး လက္ခံခဲ့သည့္ အမ်ိဳးသားက စက္႐ုံတစ္ခုတြင္ မန္ေနဂ်ာအဆင့္ရွိကာ သူ႔ကို ခေရပင္လမ္းခြဲသို႔ လာေရာက္ေခၚ ေဆာင္ၿပီး မရမ္းကုန္းၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ အတူေနထိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုစဥ္အခါကလည္း တိုက္ခန္းငွားရမ္းစဥ္က လင္ မယားဟု ေျပာၾကားထားဟန္ရွိေၾကာင္း သူက ဆက္လက္ေျပာျပသည္။
အငွားမယားအျဖစ္ စတင္ေနေပးခ်ိန္က ပထမဆုံးလစာအေနျဖင့္ တစ္လငါးသိန္းေပးၿပီး စားေသာက္စရိတ္၊ မီတာခ၊ စုစု ေပါင္း ငါးသိန္းေပးထားေၾကာင္း၊ အသုံးစရိတ္မွာ ငါးသိန္းအထိ မကုန္လွ်င္ ပိုသည့္ေငြ ကို ျပန္မယူေတာ့ဘဲ သူ႔ကိုေပးတတ္ေၾကာင္း သိရသည္။
ယခုငွားရမ္းသည္ကို လက္ခံသည့္အခါတြင္မူ သူ႔မွာ အပ်ိဳမစစ္ေတာ့ေသာေၾကာင့္ တစ္လသုံးသိန္းသာ ရေတာ့ၿပီး အဆို ပါအမ်ိဳးသားထံ လာေရာက္သည့္ သူငယ္ခ်င္းမ်ားကိုပါ ဧည့္ခံေပးရေၾကာင္း သူကဆိုသည္။
”သူ အရက္ေသာက္မယ္ဆို အရက္ငွဲ႔ေပးရတယ္။ နင္းေပး၊ ႏွိပ္ေပးရတယ္။ သူက ျမစ္သာဘက္ကလို႔ ေျပာတယ္။ ဒီမွာၾကာၾကာ မေနရဘူး။ သေဘၤာ ျပန္ တက္ရမွာနဲ႔ အိမ္ျပန္ဖို႔လဲ အဆင္မေျပလို႔ ခုလိုပဲ အိမ္ငွားၿပီး မိန္းမပါ အငွားယူတာလို႔ ေျပာတယ္”ဟု မဇာ ျခည္က ခပ္ေပါ့ေပါ့ ဆိုျပန္ေသးသည္။
မဇာျခည္ကဲ့သို႔ပင္ တခ်ိဳ႕စက္႐ုံဝန္ထမ္းသမေလးမ်ားသည္ သေဘၤာ သား၊ စက္႐ုံ၊ ကုမၸဏီမ်ားမွ ရာထူးအဆင့္တစ္ခု ရွိေနသူ မ်ားႏွင့္ အငွားမယားအျဖစ္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနၾကသလို တခ်ိဳ႕ အိမ္အကူမ်ားႏွင့္ ျပည့္တန္ဆာမ်ားသည္လည္း ႏိုင္ငံ ျခားသားမ်ားႏွင့္ အတူေနထိုင္ ကာ ထိုအလုပ္မ်ိဳး လုပ္ကိုင္ေနၾက ေၾကာင္း သိရသည္။
ျပည္တြင္း၌ လာေရာက္ဖြင့္လွစ္သည့္ ႏိုင္ငံျခားကုမၸဏီမ်ားမွ ႏိုင္ငံျခားသား သို႔မဟုတ္ စက္႐ုံ၊ ကုမၸဏီမ်ားရွိ ႏိုင္ငံျခားသားအ မ်ားစုတြင္ အငွားမယား ျမန္မာမိန္းကေလးမ်ား ရွိေနၿပီး မ်ားေသာ အားျဖင့္ ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယား အစရွိသည့္ အာရွႏိုင္ငံသားမ်ားက ပိုမိုငွားရမ္းေၾကာင္း သိရသည္။
အထက္ေဖာ္ျပပါ အေျခအေနမ်ားထက္ ပိုဆိုးသည့္ အေၾကာင္း အရာတစ္ခုမွာ ေခ်ာေမာလွပသည့္ အမ်ိဳးသမီးငယ္မ်ားကို လူမႈကြန္ ရက္တြင္ စတင္မိတ္ဆက္ၿပီး ခ်စ္ႀကိဳက္လာသည့္အခါ လစာမေပးဘဲ အတူေနသည့္ ႏိုင္ငံျခားသားမ်ား၊ ကုမၸဏီမ်ားမွ အရာရွိမ်ားရွိ ေနျခင္းျဖစ္သည္။
”သူနဲ႔ကြၽန္မက We Chat မွာ ေတြ႕တာ။ အျပင္မွာ ႏွစ္ခါ ခ်ိန္း ေတြ႕ၿပီး သူက တိုက္ခန္းဝယ္ၿပီး အတူေနဖို႔ ေတာင္းဆိုတယ္။ အ ေဆာင္မွာ စိတ္မခ်ေတာ့ဘူး။ ဒါေပမဲ့ အခုလက္ထပ္ဖို႔က အဆင္ မေျပႏိုင္ေသးလို႔ ေနာက္ႏွစ္ လက္ထပ္မွာလို႔လဲ ေျပာခဲ့တာ”ဟု ကုမၸဏီတစ္ခု တြင္ ဒါ႐ိုက္တာအဖြဲ႕ဝင္ျဖစ္ေသာ ရွမ္းတ႐ုတ္ လူမ်ိဳးတစ္ ဦးႏွင့္ အတူေနထိုင္ခဲ့သူ မခိုင္ခိုင္(အမည္လႊဲ)က ေျပာသည္။
မခိုင္ခိုင္က အိမ္တြင္ ၎တို႔ႏွစ္ေယာက္စာ ခ်က္ျပဳတ္စား ေသာက္ရန္ တစ္လ ငါးသိန္းေပးၿပီး စတင္ေနထိုင္စဥ္က ေငြက်ပ္ ၁ဝ သိန္းကိုလည္း သီးသန႔္စုေဆာင္းရန္ဟုဆိုကာ ေပးခဲ့ေၾကာင္း သိရသည္။
အတူေနၿပီး ရက္အနည္းငယ္အၾကာတြင္ ထိုသူမွာ အလြန္ဇီဇာေၾကာင္ၿပီး အိမ္အတြင္း ဖုန္တစ္မႈန္တင္တာ ေတြ႕သည္ဆို သည္ႏွင့္ ႀကိမ္းေမာင္းေျပာဆိုတတ္ေၾကာင္း၊ သူ ေနမေကာင္းျဖစ္လွ်င္လည္း ဂ႐ုမစိုက္သည့္အျပင္ အိမ္ တြင္ သူ႔ကိုထားခဲ့ကာ ဟိုတယ္၌ တစ္ေယာက္တည္း သြားေရာက္ တည္းခိုေနတတ္ေၾကာင္း သူက ဆက္ေျပာျပသည္။
“သူ ကြၽန္မကိုခ်စ္လို႔ အတူေနေနတာလို႔ပဲ ထင္ခဲ့တာ။ ေနာက္ ပိုင္း သူ႔လုပ္ရပ္ေတြကို ၾကည့္ ၿပီးေတာ့ တျဖည္းျဖည္း ရိပ္မိလာတယ္။ လက္ထဲမွာ သီးသန႔္အပ္ထားတဲ့ေငြကိုလဲ အလုပ္မွာ ပိုတိုး ေအာင္ လုပ္ေပးမယ္။ ရလာတဲ့အျမတ္ကို မင္းပဲရမွာဆိုၿပီး ျပန္ ေတာင္းတယ္။
ေနာက္ၿပီး သူ႔အလုပ္က ဝန္ထမ္းထဲ က အရမ္းေတာ္တဲ့ ေကာင္မေလးဆိုၿပီး မိန္းကေလးတစ္ေယာက္ဆီကို ညတိုင္း ဖုန္းဆက္တယ္။ ေမးရင္လဲ ေနာက္တာလို႔ပဲ ျပန္ေျဖတယ္။ သူ႔ဖုန္းကို ေပးမၾကည့္ဘူး”ဟု မခိုင္ခိုင္က ရင္ဖြင့္သည္။ ေနာက္ပိုင္းတြင္ ယင္းအမ်ိဳးသား၌ မယားႀကီးရွိၿပီး ထိုအမ်ိဳး သမီးမွာ ၎တို႔၏ ႏိုင္ငံျခား႐ုံးခြဲ၌ ဦးေဆာင္လ်က္ရွိေၾကာင္းကို ဖြင့္ဟေျပာဆိုလာသည္။
”သူက လူပ်ိဳပါဆိုၿပီး ေျပာခဲ့တာ။ သူ႔မွာ အိမ္ေထာင္ရွိမွန္း မသိခဲ့ဘူး။ ေနာက္ပိုင္းမွ သူကိုယ္တိုင္ ဖြင့္ေျပာၿပီး ပထမအိမ္ေထာင္ကို ကြာေပးမယ္။ ႏွစ္ႏွစ္ေလာက္ ထပ္ေစာင့္ပါတဲ့။
ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ။ သူ တကယ္ယူမွာ မဟုတ္ဘူးလို႔ ကြၽန္မ ခံစားလာရတယ္။ အေမ့ကို လွမ္းတိုင္ပင္ေတာ့ တရားေတြဘာေတြလဲ စြဲမေနနဲ႔ တစ္ရွက္ကေန ႏွစ္ရွက္ျဖစ္ရမွာတဲ့”ဟု သူကေျပာသည္။
ထို႔ေၾကာင့္ သူ၏ဘဝမွာ ဆုပ္လည္းစူး၊ စားလည္း႐ူးဆိုသလို အငွားမယားဆန္ဆန္ ျဖစ္ေနေသာ္လည္း တစ္ဖက္လွည့္ ခံေနရသည္ကို သိသိႀကီးႏွင့္ မည္သည့္တုံ႔ျပန္မႈမွ မလုပ္ႏိုင္သည့္ အေနအထားသို႔ ေရာက္ရွိေနျခင္းျဖစ္သည္။
လက္ရွိတြင္ သူ၏ ဇာတိျဖစ္ေသာ ဟိုပုံးၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕တြင္း၌ ရွိေနသည့္ အငွားမယား အမ်ားစုသည္ နယ္အသီးသီးမွ အိမ္အကူအျဖစ္ လာေရာက္လုပ္ကိုင္ရာမွ ထိုဘဝကို ေရာက္ရွိ သြားျခင္းျဖစ္ၿပီး တခ်ိဳ႕စက္႐ုံမ်ားမွ ယင္းကဲ့သို႔ ျဖစ္လာ သူမ်ားကိုမူ ပတ္ဝန္းက်င္မွ အနည္းအက်င္းမွ်သာ သိေနၾကသည္။
အဆိုပါ မိန္းကေလးအမ်ားစုသည္ အသက္ ၂ဝ ႏွင့္ ၃ဝ ၾကား ဆင္းရဲသည့္ မိန္းကေလး မ်ားျဖစ္ၾကၿပီး မိသားစု စားဝတ္ေနေရးအ တြက္ေၾကာင့္သာ ယခုကဲ့သို႔ ဇာတ္ျမႇဳပ္လိုက္ၾကရျခင္း ျဖစ္သည္။
ပညာမတတ္သူမ်ားကို အိမ္အကူဆိုေသာ္လည္း လစာေကာင္းသည္ဟု သိမ္းသြင္းခဲ့သူမ်ားမွာ မိမိတို႔အက်ိဳးအျမတ္ကိုသာ ေရွးရႈသည့္ အိမ္ေဖာ္ပြဲစားမ်ားျဖစ္ၿပီး လက္ခံခဲ့ေသာ အိမ္အကူမ်ားအ ေနျဖင့္ အလုပ္ရွင္ ႏိုင္ ငံျခားသားမ်ားမွ အႏိုင္အထက္၊ အဓမၼျပဳမႈ ခံရသည့္အခါ ဆင္းရဲလြန္းသျဖင့္ မျငင္းသာေတာ့ဘဲ သေဘာတူလိုက္ရျခင္းမ်ားရွိေၾကာင္း သိရသည္။ ထိုျဖစ္စဥ္မ်ားသည္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး အက္ဥပေဒႏွင့္ ၿငိစြန္းလ်က္ရွိသည္။
လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒ (၅/၂ဝဝ၅) အခန္း (၁)၊ အပုဒ္ (၃)အရ လူတစ္ဦးကို သူ၏သေဘာတူညီခ်က္ရွိသည္ျဖစ္ ေစ၊ မရွိသည္ျဖစ္ေစ ေခါင္းပုံျဖတ္ရန္အလို႔ငွာ သိမ္းသြင္း စုေဆာင္း ျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ လႊဲေျပာင္းေရာင္းခ်၊ ဝယ္ယူငွားရမ္း ျခင္း၊ ခိုလႈံခြင့္ေပးျခင္းတို႔မွာ လူကုန္ကူးမႈ ေျမာက္သည္။
”တိုင္လို႔ရတယ္ဆိုေတာ့လဲ ကြၽန္မတို႔အတြက္က ဘာမွမထူး ေတာ့ဘူး။ ဒီအလုပ္ က ဝင္ေငြလဲေကာင္းေနတာပဲ။ အငွားမယား မလုပ္နဲ႔ဆိုရင္ ဘယ္သူက ဘယ္လိုတာဝန္ယူေပးမလဲေပါ့။ ဆင္းရဲ တြင္းထဲမွာ ေနတာထက္စာရင္ မထူးဇာတ္ပဲ ဆက္ခင္းပါရေစေတာ့” ဟု မဇာျခည္က မဲ့ၿပဳံးၿပဳံး၍ ေျပာ သည္။
သူတို႔လို မိန္းမသားမ်ားအား မိသားစု စီးပြားေရးအေျခအေန၊ အလုပ္အကိုင္ အခြင့္အလမ္းႏွင့္ ဝင္ေငြနည္းပါးျခင္းမ်ားက လမ္း ေၾကာင္းအမွားတစ္ခုသို႔ တြန္းပို႔လိုက္ေသာေၾကာင့္ ယခုလို လိင္ ေက်းကြၽန္ဘဝ သို႔ ေရာက္ရွိလာရျခင္း ျဖစ္သည္။
အငွားမယားမ်ားအေနျဖင့္ ျပည့္တန္ဆာလိုပင္ ဥပေဒအကာအကြယ္မဲ့ေသာ၊ အႏၲရာယ္မ်ားလြန္းသည့္ တရားမဝင္ အလုပ္တစ္ခုကို စီးပြားေရး အဆင္မေျပႏိုင္ေသးသမွ် အျခားေ႐ြးခ်ယ္စရာ မရွိသူမ်ားအတြက္ ထို ဘဝမ်ိဳးျဖင့္သာ ဆက္လက္က်င္လည္ေနရဦးမည္ျဖစ္သည္။CRD