ၾကားသိရသမွ်

London နဲ့ Lucky Strike စီးကရက် ကုမ္ပဏီ လုပ်ငန်းအားလုံးရပ်ဆိုင်း

မြန်မာနိုင်ငံမှာ London နဲ့ Lucky Strike စီးကရက် ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် ဆေးရွက်ကြီးကုမ္ပဏီ British American Tobacco (BAT) Myanmar ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အပြီးပိတ်သိမ်းကြောင်း ဖောက်သည်တွေထံ စာပေးပို့အကြောင်းကြားခဲ့ပါတယ်။

RFA ကစုံစမ်းရရှိထားတဲ့ ဖောက်သည်တွေထံ အကြောင်းကြားစာထဲမှာ အောက်တိုဘာလ ၆ ရက်စပြီး BAT Myanmar ရဲ့ ကုန်ထုတ်လုပ်မှု၊ အရောင်းနဲ့ ဖြန့်ချီရေးလုပ်ငန်းတွေ အားလုံး အလုံးစုံပိတ်သိမ်းရပ်စဲတာဖြစ်လို့ ငွေစာရင်းရှင်းလင်းဖို့ ကျန်နေသူတွေအနေနဲ့ အောက်တိုဘာလ ၂၀ ရက်နောက်ဆုံး ကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ ပါရှိပါတယ်။

BAT Myanmar ဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဝင်ရောက်လာပြီးနောက် စျေးကွက်ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ London နဲ့ Lucky Strike စီးကရက်တွေကို အဓိကထုတ်လုပ်ပြီး ဖြန့်ဖြူးနေတာဖြစ်ပါတယ်။

BAT Myanmar ရဲ့လုပ်ငန်းပိတ်သိမ်းကြောင်း အကြောင်းကြာစာထဲမှာ ဘာကြောင့်ဆိုတာ မဖော်ပြထားပေမယ့် အခုကုမ္ပဏီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ပိတ်သိမ်းထွက်ခွာသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေး ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးစားသောက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့ ဂျာမနီနိုင်ငံအခြေစိုက် Metro ကုမ္ပဏီတွေ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

~~~~~~

ျမန္မာႏိုင္ငံမွာ London နဲ႔ Lucky Strike စီးကရက္ ထုတ္လုပ္ျဖန႔္ျဖဴးေနတဲ့ ၿဗိတိန္ႏိုင္ငံအေျခစိုက္ ေဆး႐ြက္ႀကီးကုမၸဏီ British American Tobacco (BAT) Myanmar ဟာ ျမန္မာႏိုင္ငံက လုပ္ငန္းေတြကို အၿပီးပိတ္သိမ္းေၾကာင္း ေဖာက္သည္ေတြထံ စာေပးပို႔အေၾကာင္းၾကားခဲ့ပါတယ္။

RFA ကစုံစမ္းရရွိထားတဲ့ ေဖာက္သည္ေတြထံ အေၾကာင္းၾကားစာထဲမွာ ေအာက္တိုဘာလ ၆ ရက္စၿပီး BAT Myanmar ရဲ႕ ကုန္ထုတ္လုပ္မႈ၊ အေရာင္းနဲ႔ ျဖန႔္ခ်ီေရးလုပ္ငန္းေတြ အားလုံး အလုံးစုံပိတ္သိမ္းရပ္စဲတာျဖစ္လို႔ ေငြစာရင္းရွင္းလင္းဖို႔ က်န္ေနသူေတြအေနနဲ႔ ေအာက္တိုဘာလ ၂၀ ရက္ေနာက္ဆုံး ကုမၸဏီနဲ႔ ဆက္သြယ္ဖို႔ ပါရွိပါတယ္။

BAT Myanmar ဟာ ျမန္မာႏိုင္ငံကို ၂၀၁၃ ခုႏွစ္မွာ ျပန္လည္ဝင္ေရာက္လာၿပီးေနာက္ ေစ်းကြက္ထဲမွာ အေရာင္းရဆုံးျဖစ္တဲ့ London နဲ႔ Lucky Strike စီးကရက္ေတြကို အဓိကထုတ္လုပ္ၿပီး ျဖန႔္ျဖဴးေနတာျဖစ္ပါတယ္။

BAT Myanmar ရဲ႕လုပ္ငန္းပိတ္သိမ္းေၾကာင္း အေၾကာင္းၾကာစာထဲမွာ ဘာေၾကာင့္ဆိုတာ မေဖာ္ျပထားေပမယ့္ အခုကုမၸဏီဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံကေန ပိတ္သိမ္းထြက္ခြာသြားတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီႀကီးေတြထဲက တစ္ခုျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေတြကလည္း ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ေနာ္ေဝႏိုင္ငံအေျခစိုက္ Telenor ဆက္သြယ္ေရး ကုမၸဏီနဲ႔ ျမန္မာႏိုင္ငံမွာ အႀကီးဆုံးစားေသာက္ကုန္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္းျဖစ္တဲ့ ဂ်ာမနီႏိုင္ငံအေျခစိုက္ Metro ကုမၸဏီေတြ ျပန္လည္ထြက္ခြာသြားခဲ့ၾကပါတယ္။

Photo: Reuters

(စျေးဆိုင်မှာ ရောင်းချနေတဲ့ Lucky Strike စီးကရက်များကို တွေ့ရစဉ်)