ၾကားသိရသမွ်
စစ်‌ဘုရင်‌ကြီး နပိုလီယံရဲ့အချစ်‌ကို သိမ်းပိုက်‌ခဲ့တဲ့မိန်းက‌လေးဟာ သိပ်‌ကိုလှမှာပဲလို့ ခင်‌ဗျားထင်‌ရင် မှားသွားလိမ့်မယ် …
သမိုင်းတ‌လျှောက်‌ အ‌ကျော်‌ကြားဆုံး‌ယောင်္ကျားရဲ့အချစ်‌ကို သိမ်းပိုက်‌ခဲ့တဲ့မိန်းက‌လေး
စစ်‌ဘုရင်‌ကြီးနပိုလီယံကို သမိုင်းမှာအ‌ကျော်‌ကြားဆုံးပုဂ္ဂိုလ်‌ကြီးရယ်‌လို့ သတ်‌မှတ်‌ထားကြပါတယ်‌။
ဒီလိုပုဂ္ဂိုလ်‌‌ကျော်‌ကြီးရဲ့နှလုံးသားကို‌အောင်‌မြင်‌ခဲ့သူကဂျိုးဇက်‌ဖင်းဆိုတဲ့မိန်းမတစ်‌‌ယောက်‌ပါ။
နပိုလီယံကြီး‌ကြွေသွားတဲ့ ဂျိုးဆက်‌ဖင်းက သိပ်‌ကိုလှမှာပဲလို့ ခင်‌ဗျားထင်‌လိမ့်မယ်‌။ဒီအမြင်‌ဟာမှားပါတယ်‌။
ဂျိုးဆက်‌ဖင်းဟာ သွား‌တွေက‌ မ‌ကောင်း၊ ကိုယ်‌လုံးကိုယ်‌‌ပေါက်‌ကလည်း မလှ၊‌နောက်‌ပြီး က‌လေး ၂‌ယောက်‌ရဲ့အ‌မေ‌ ကျေး‌တောသူမတစ်‌ဦးပါ။ ဂျိုးဆက်‌ဖင်းက နပိုလီယံထက်‌ ၆နှစ်‌ကြီးပါတယ်‌။
ဂျိုးဆက်‌ဖင်း နပိုလီယန်‌ကို ကျ‌အောင်‌လုပ်‌တဲ့အကွက်‌က သိပ်‌လှပါတယ်‌။ဂျိုးဆက်‌ဖင်းမှာ အလွန်‌တရာမှအဖိုးထိုက်‌တန်‌တဲ့ အရာတစ်‌ခုရှိပါတယ်‌။အဲ့တာက‌တော့‌ ယောင်္ကျား‌တွေကို ဘယ်‌လိုကိုင်‌တွယ်‌ရလဲဆိုတာ သိတ့အသိပါပဲ။ နပိုလီယံကိုသူ့အိမ်‌‌ရောက်‌‌အောင်‌ ဖိတ်‌တယ်‌။
အိမ်‌ကို‌ရောက်‌သွား‌တော့ “ကမ္ဘာ့သမိုင်းမှာ‌မော်‌ကွန်းတင်‌ရမယ့် အကြီးမြတ်‌ဆုံးစစ်‌ဗိုလ်‌ချုပ်‌ကြီး ဖြစ်‌ကိုဖြစ်‌လာမှာပါ”ဆိုတဲ့စကားကို ခဏခဏထည့်ပြောတယ်‌။
အဲ့အချိ‌န် နပိုလီယန်‌က‌ ကျော်‌ကြားခြင်းမရှိ‌သေးပါဘူး။ဂျိုးဆက်‌ဖင်းရဲ့ဥပဓိရုပ်‌၊ သူမရဲ့မာယာ‌တွေကြားမှာ နပိုလီယန်‌တစ်‌‌ယောက်‌ လှုပ်‌ချိန်‌‌တောင်‌မရလိုက်‌ပါဘူး။‌
နောက်‌ ၃ လ‌လောက်‌ကြာ‌တော့ သူတို့လက်‌ထပ်‌သွား‌ရော။နပိုလီယန်‌ဟာ ဂျိုးဆက်‌ဖင်းကို အင်‌မတန်‌မှချစ်‌ရှာပါတယ်‌။
စစ်‌‌မြေပြင်‌‌ရောက်‌တ‌နေ‌ပေမယ့်လည်း‌ နေ့စဉ်‌ ဂျိုးဆက်‌ဖင်းဆီစာ‌တွေ‌ရေးတယ်‌။ဒါ‌ပေမယ့် ဂျိုးဆက်‌ဖင်းက‌တော့ အ‌လေးမထားစာမပြန်‌ပါဘူး။‌
နောက်‌မီးလင်းတဲ့အကွက်‌‌တွေပါ လုပ်‌ခဲ့ပါ‌သေးတယ်‌။ ဒါ‌ပေမယ့် နပိုလီယန်‌ဟာ ဂျိုးဆက်‌ဖင်းကို‌ သေတဲ့အထိချစ်‌သွားရှာတယ်‌။‌
သေခါနီး‌ပြောသွားတဲ့ နပိုလီယန်‌ရဲ့‌နောက်‌ဆုံးစကား‌လေးက “ဂျိုးဆက်‌ဖင်း”တဲ့။
Credit
Zawgyi
Credit