ၾကားသိရသမွ်

မိုင္းဖုန္းဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအ ေန ၈၀ ရာခိုင္ႏႈန္းေကာင္းမြန္လာဟုေတာင္တန္းသာသနာျပဳဆရာေတာ္မိန္႔ၾကား

မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေးအခြေအ နေ ၈၀ ရာခိုင်နှုန်းကောင်းမွန်လာဟု တောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း)မိန့်ကြား

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ကျန်းမာရေးအနည်း ငယ်ချို့ယွင်းနေသဖြင့် ဆေးကုသမှုခံယူနေရသည့် မိုင်းဖုန်းဆရာတော်ကြီး၏

ကျန်းမာရေးအခြေ အနေမှာ ၈၀ ရာခိုင်နှုန်းပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း)မိန့်ကြားခဲ့သည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေးအ တွက် ဆုတောင်းမေတ္တာပို့သရန် သျှမ်းပိဋကတ်ဘာသာပြန်သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ

ဆရာတော်ဒေါက်တာပညာနန္ဒ(ယခင်နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင်၊ယခု နိုင်ငံတော်ဩဝါဒါစရိယ)ကလည်း တိုက်တွန်းထားသည်။

အလားတူ သြဂုတ် ၁၆ ရက်သည် မိုင်းဖုန်းဆရာ တော်​ကြီး၏ မွေးရက်နှင့်ကြုံနေသဖြင့် ယင်းနေ့နံနက် ၉ နာရီတွင် အနယ်နယ်အရပ်ရပ်မှ

သံဃာ တော်များ၊ဒကာ၊ဒကာမများက မိုင်းဖုန်းဆရာ တော်​အား သက်ရှည်ကျန်းမာဘေးရန်ကွာစေရန် ကောင်းမှုကုသိုလ်ပြုလုပ်ကာ ပရိတ်ရွတ်ဖတ်ခြင်း၊

မေတ္တာပို့ခြင်း၊တရားဘာဝနာပွားများခြင်းတို့ကို ပြုလုပ်သွားကြရန် တိုက်တွန်းထားသည်။

ထိုသို့ ပြုလုပ်ရာတွင် ၁ တောင်အရှည်ရှိသည့် ဖရောင်းတိုင် ၉ တိုင်ပေါ်တွင် မိုင်းဖုန်းဆရာတော်ကြီး၏ ဘွဲ့တော်”ဉာဏသံဝရ”ရေး၍ သစ်သီး ၅ မျိုး

လှူဒါန်းကာ အမွှေးတိုင် ၁၆ တိုင် ၉ စုံ(ဖ ယောင်းတိုင် ၉ တိုင်နှင့်အတူတွဲထွန်းရန်)တို့အား သြဂုတ် ၁၆ ရက်နံနက် ၉ နာရီ ၉ မိနစ်၌

လှူဒါန်းသွားကြရန် တိုက်တွန်းမိန့်ကြားထားသည်။

ယင်းသို့ လှူဒါန်းနေချိန်၌ ဖယောင်းတိုင်များအား မီးမငြိမ်းစေရန် အထူးဂရုစိုက်ရမည်ဟုတောင် တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ(စဝ်ဆုခမ်း)က တိုက်တွန်းမိန့်ကြားထားသည်။

zawgyi

မိုင္းဖုန္းဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအ ေန ၈၀ ရာခိုင္ႏႈန္းေကာင္းမြန္လာဟု ေတာင္တန္းသာသနာျပဳဆရာေတာ္ဦးသုခမိႏၵ(စဝ္ဆုခမ္း)မိန္႔ၾကား

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕၌ က်န္းမာေရးအနည္း ငယ္ခ်ိဳ႕ယြင္းေနသျဖင့္ ေဆးကုသမႈခံယူေနရသည့္ မိုင္းဖုန္းဆရာေတာ္ႀကီး၏

က်န္းမာေရးအေျခ အေနမွာ ၈၀ ရာခိုင္ႏႈန္းျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း ေတာင္တန္းသာသနာျပဳဆရာေတာ္ဦးသုခမိႏၵ(စဝ္ဆုခမ္း)မိန္႔ၾကားခဲ့သည္။

ထို႔ျပင္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ က်န္းမာေရးအ တြက္ ဆုေတာင္းေမတၱာပို႔သရန္ သွ်မ္းပိဋကတ္ဘာသာျပန္သံဃာ့အဖြဲ႕ခ်ဳပ္ ဥကၠ႒

ဆရာေတာ္ေဒါက္တာပညာနႏၵ(ယခင္ႏိုင္ငံေတာ္သံဃာမဟာနာယကအဖြဲ႕ဝင္၊ယခု ႏိုင္ငံေတာ္ဩဝါဒါစရိယ)ကလည္း တိုက္တြန္းထားသည္။

အလားတူ ၾသဂုတ္ ၁၆ ရက္သည္ မိုင္းဖုန္းဆရာ ေတာ္​ႀကီး၏ ေမြးရက္ႏွင့္ႀကဳံေနသျဖင့္ ယင္းေန႔နံနက္ ၉ နာရီတြင္ အနယ္နယ္အရပ္ရပ္မွ

သံဃာ ေတာ္မ်ား၊ဒကာ၊ဒကာမမ်ားက မိုင္းဖုန္းဆရာ ေတာ္​အား သက္ရွည္က်န္းမာေဘးရန္ကြာေစရန္ ေကာင္းမႈကုသိုလ္ျပဳလုပ္ကာ ပရိတ္႐ြတ္ဖတ္ျခင္း၊

ေမတၱာပို႔ျခင္း၊တရားဘာဝနာပြားမ်ားျခင္းတို႔ကို ျပဳလုပ္သြားၾကရန္ တိုက္တြန္းထားသည္။

ထိုသို႔ ျပဳလုပ္ရာတြင္ ၁ ေတာင္အရွည္ရွိသည့္ ဖေရာင္းတိုင္ ၉ တိုင္ေပၚတြင္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ ဘြဲ႕ေတာ္”ဉာဏသံဝရ”ေရး၍ သစ္သီး ၅ မ်ိဳး

လႉဒါန္းကာ အေမႊးတိုင္ ၁၆ တိုင္ ၉ စုံ(ဖ ေယာင္းတိုင္ ၉ တိုင္ႏွင့္အတူတြဲထြန္းရန္)တို႔အား ၾသဂုတ္ ၁၆ ရက္နံနက္ ၉ နာရီ ၉ မိနစ္၌

လႉဒါန္းသြားၾကရန္ တိုက္တြန္းမိန္႔ၾကားထားသည္။

ယင္းသို႔ လႉဒါန္းေနခ်ိန္၌ ဖေယာင္းတိုင္မ်ားအား မီးမၿငိမ္းေစရန္ အထူးဂ႐ုစိုက္ရမည္ဟုေတာင္ တန္းသာသနာျပဳဆရာေတာ္ ဦးသုခမိႏၵ(စဝ္ဆုခမ္း)က တိုက္တြန္းမိန္႔ၾကားထားသည္။

crd