ၾကားသိရသမွ်

အဆိုတော်အောင်လနှင့်ဝိုင်းစုခိုင်သိန်းကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း….

အဆိုတော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း၊ စစ်တပ်ဆန့် ကျင်၍ အဆိုတော်နှစ်ဦးကို

ဖမ်းဆီးရန် ရွှေဘ အမည်ခံ တယ်လီဂရမ်၏ လှုံ့ ဆော်မှုကြောင့် အဖမ်းခံရပြီး ခံဝန်ဖြင့် ပြန်လည် လွတ် မြောက်

ရန်ကုန်၊ ဧပြီ ၂၃

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် အဆိုတော်အောင်လနှင့် အဆိုတော်၀ိုင်းစုခုသိန်းတို့ကို

စစ်တပ်နှင့်ရဲက ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် နှစ်ဦးစလုံးကို ပြန်လည် လွတ် မြောက် လာကြောင်း သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၄ ရပ် ကွက် သရဖီ

(၅)လမ်းတွင် နေထိုင်သော အဆိုတော် အောင်လ (ခ) ဇွန်ရဲအောင်လနှင့် မဝိုင်းစုခိုင်သိန်း တို့ကို

စစ်တပ် တပ်မ ၂ ၊ နည်း ဗျူဟာ ၃ ၊ တပ်ရင်း ၁၄ မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော် ဦးဆောင်သော

စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရသည့်အကြောင်းအရင်းမှာ ရွှေဘ TELEGRAM အကောင့်က အဆို တော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းတို့သည်

စစ်တပ် ဆန့်ကျင်သူများဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အစပိုင်း ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်

ပါဝင်ခြင်းမရှိ၍ နောက်နောင် နိုင်ငံရေးနှင့်ပတ်သက်၍ Online ပေါ်တွင် ရေးတင်ခြင်း မပြုလုပ်ရန် ဝန်ခံကတိဖြင့်

အဆိုတော်နှစ်ဦးစလုံး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ Khit Thit Media

ဓာတ်ပုံ- အဆိုတော်အောင်လနှင့် အဆိုတော်၀ိုင်းစုခိုင်သိန်း။

Photo- Win Su Khine Thein Facebook

zawgyi,

အဆိုေတာ္ေအာင္လႏွင့္၀ိုင္းစုခိုင္သိန္းကို စစ္တပ္ႏွင့္ရဲက ဝင္ဖမ္း၊ စစ္တပ္ဆန႔္ က်င္၍ အဆိုေတာ္ႏွစ္ဦးကို

ဖမ္းဆီးရန္ ေ႐ႊဘ အမည္ခံ တယ္လီဂရမ္၏ လႈံ႕ ေဆာ္မႈေၾကာင့္ အဖမ္းခံရၿပီး ခံဝန္ျဖင့္ ျပန္လည္ လြတ္ ေျမာက္

ရန္ကုန္၊ ဧၿပီ ၂၃

စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့မႈျဖင့္ အဆိုေတာ္ေအာင္လႏွင့္ အဆိုေတာ္၀ိုင္းစုခုသိန္းတို႔ကို

စစ္တပ္ႏွင့္ရဲက ဧၿပီလ ၂၀ ရက္ေန႔ ည ၈ နာရီတြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ခံဝန္ျဖင့္ ႏွစ္ဦးစလုံးကို ျပန္လည္ လြတ္ ေျမာက္ လာေၾကာင္း သိရွိရသည္။

ဧၿပီလ ၂၀ ရက္ေန႔ ည ၈ နာရီခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ ၃၄ ရပ္ ကြက္ သရဖီ

(၅)လမ္းတြင္ ေနထိုင္ေသာ အဆိုေတာ္ ေအာင္လ (ခ) ဇြန္ရဲေအာင္လႏွင့္ မဝိုင္းစုခိုင္သိန္း တို႔ကို

စစ္တပ္ တပ္မ ၂ ၊ နည္း ဗ်ဴဟာ ၃ ၊ တပ္ရင္း ၁၄ မွ ဒုတိယဗိုလ္မႉးႀကီး သန႔္ေဇာ္ ဦးေဆာင္ေသာ

စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဖမ္းဆီးရသည့္အေၾကာင္းအရင္းမွာ ေ႐ႊဘ TELEGRAM အေကာင့္က အဆို ေတာ္ေအာင္လႏွင့္၀ိုင္းစုခိုင္သိန္းတို႔သည္

စစ္တပ္ ဆန႔္က်င္သူမ်ားျဖစ္၍ ဖမ္းဆီးရန္ လႈံ႕ေဆာ္ျခင္းေၾကာင့္ျဖစ္ၿပီး ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ ရဲစခန္းတြင္ ေခၚယူစစ္ေဆးခံခဲ့ရေၾကာင္း သိရွိရသည္။

စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားတြင္ အစပိုင္း ပါဝင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္

ပါဝင္ျခင္းမရွိ၍ ေနာက္ေနာင္ ႏိုင္ငံေရးႏွင့္ပတ္သက္၍ Online ေပၚတြင္ ေရးတင္ျခင္း မျပဳလုပ္ရန္ ဝန္ခံကတိျဖင့္

အဆိုေတာ္ႏွစ္ဦးစလုံး ျပန္လည္ လြတ္ေျမာက္ခဲ့ေၾကာင္း သိရွိရသည္။ Khit Thit Media

ဓာတ္ပုံ- အဆိုေတာ္ေအာင္လႏွင့္ အဆိုေတာ္၀ိုင္းစုခိုင္သိန္း။

Photo- Win Su Khine Thein Facebook