ပုဂ္ဂလိကကျောင်း ၉၀ ရာခိုင်နှုန်းပြန်ဖွင့်ပြီး ကျောင်းအပ်သူ များပြားဟုဆို
========
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် အကြာ ယခု ပညာသင်နှစ်တွင် ပုဂ္ဂလိက အခြေခံပညာကျောင်း ၉၀ ရာခိုင်နှုန်း ဝန်းကျင် ပြန်လည် ဖွင့်လှစ်ထားပြီး ကျောင်းအပ်သူ များပြားကြောင်း ကိုယ်ပိုင်ကျောင်း အသိုင်းအဝိုင်းက သိရသည်။
ကိုယ်ပိုင်ကျောင်း အများစုမှာ အစိုးရကျောင်း မဖွင့်မီကာလကပင် ကျောင်းသား လက်ခံခြင်းနှင့် စာသင်ကြားခြင်းများ ပြုလုပ်နေကြခြင်းပြီး ကျောင်းအပ်ရာသီမှာမူ အစိုးရကျောင်းများနှင့် အတူတူပင် ဖြစ်သည်၊
“မနှစ်ကထက် အများကြီး တိုးလာတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် မနှစ်က ၂၀ ရာခိုင်နှုန်းလောက်ပဲ တက်တာလေ။ ဒီနှစ်က ၈၀ ရာခိုင်နှုန်းလောက် ပြန်တက်တယ်။ အသစ်က ကျောင်းတစ်ကျောင်းကို ရာနဲ့ချီပြီး ဝင်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်း တွဲဖက် အတွင်းရေးမှူး ဆရာဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။
စစ်အာဏာ မသိမ်းမီ ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိသည်။
စစ်ကောင်စီက ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများ မေလ၂၆ ရက်နေ့က စတင် ကျောင်းအပ်လက်ခံနေပြီး ကျောင်းအပ်သူ ယခင်နှစ်ထက် များပြားနိုင်ကြောင်း ဆိုသည်။
”COVID ကြောင့်လည်း တစ်နှစ် နားရတယ်။ မနှစ်က နိုင်ငံရေး အခြေအနေကြောင့် မပို့ဖြစ်ခဲ့ရဘူး။ နှစ်နှစ် နာသွားတဲ့ အတွက် ဒီနှစ်ကတော့ ကလေးပညာရေးကို မနှောင့်နှေး စေချင်တော့တဲ့ အတွက် ကျောင်းပြန်ထားဖို့ စဉ်းစားထားတယ်။ ဒီနေ့ လမ်းမှာလည်း အဖြူအစိမ်းနဲ့ ကျောင်းသွားအပ်နေကြတဲ့ မြင်ကွင်းကိုလည်း မြင်နေကြရတယ်” ဟု ကျောင်းအပ်နှံရန် စဉ်းစားနေသည့် ကျောင်းဆရာလည်းဖြစ် ကျောင်းသား မိဘလည်းဖြစ်သူက ဆိုသည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် ပုဂ္ဂလိကကျောင်းများ အပါအဝင် အခြေခံပညာ ကျောင်းများတွင် ကျောင်းသား စုစုပေါင်း ၃ ဒသမ ၃ သန်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ယမန်နှစ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် ကျောင်းသား ၇၀ ရာခိုင်နှုန်းနီးပါးက ကျောင်းမတက်ရာ ယခုနှစ်တွင် ထပ်မံပြသရန် လိုအပ်ကြောင်း CDM ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက တိုက်တွန်းမှုများ ရှိနေသည်။
“ကိုယ်ပိုင်ကျောင်း တက်သည် ဖြစ်စေ အစိုးရကျောင်း တက်သည် ဖြစ်စေ ကျွန်ပညာရေးပါပဲ။ ကိုယ်ပိုင်ကျောင်း တက်မယ့်သူတွေကိုလည်း တန်းတူ ရှုတ်ချပါတယ်” The Great Success ကျောင်းသားများ သမဂ္ဂက ဆိုသည်။
ယမန်နှစ်က ကျာင်းဖွင့်ချိန်တွင် အခြေခံပညာ ကျောင်းများ၌ လက်နက်ကိုင် စစ်ကောင်စီ တပ်သားများ၊ လက်အောက်ခံ ရဲများ၊ ရပ်ကျေး အဖွဲ့ဝင်များ လုံခြုံရေးချခဲ့ရာ မိဘများ အနေဖြင့် ကိုယ်ပိုင်ကျောင်းများကို ရွေးချယ်ခြင်းမှာ ပညာရေး အဆင့်အတန်းအပြင် လုံခြုံရေး ကိစ္စများလည်း ပါဝင်နေသည်။
ယင်းလက်နက်ကိုင်များကို စစ်ရေးပစ်မှတ်များ အဖြစ် တိုက်ခိုက်ရာ စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ အနီး ဗုံးကွဲပေါက်ကွဲမှုနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
ယခုနှစ် ဖွင့်လှစ်မည့် ကိုယ်ပိုင်ကျောင်းများတွင် လက်နက်ကိုင်များ လုံခြုံရေးယူခြင်း မရှိသကဲ့သို့ လုံခြုံရေးပေးရန်လည်း တောင်းဆိုမည် မဟုတ်ကြောင်း ဆရာဦးစိုးအောင် ကပြောသည်။
“ကျွန်တော်တို့က မတောင်းတဲ့ အတွက် မပေးပါဘူး။ ပေးရင်လည်း မယူပါဘူး။ ကိုယ့်ကျောင်း အုပ်ချုပ်ရေးနဲ့ ကိုယ်သွားတာလေ” ဟု ၎င်းကဆိုသည်။
ကျောင်းမတက်ရသည့်ကာလ နှစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် ကျောင်းသား မိဘများ အနေဖြင့် ကလေးများ၏ ပညာရေးအတွက် စိုးရိမ် ပူပန်မှုများ ရှိလာပြီး ပညာရေးအတွက် ထွက်ပေါက်မျိုးစုံ ကြိုးစား ရှာဖွေနေသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။
Mizzima
Photo-ယခင်ကရိုက်ကူးထားသော ပုံဖြစ်ပါသည်။

ကျောင်းမတက်ရသည့်ကာလ နှစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် ကျောင်းသား မိဘများ အနေဖြင့် ကလေးများ၏ ပညာရေးအတွက် စိုးရိမ် ပူပန်မှုများ ရှိလာပြီး ပညာရေးအတွက် ထွက်ပေါက်မျိုးစုံ ကြိုးစား ရှာဖွေနေသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့ရသည်။ Mizzima
Photo-ယခင်ကရိုက်ကူးထားသော ပုံဖြစ်ပါသည်။