ၾကားသိရသမွ်

တစ်နှစ်မှာ တစ်ရက် ၊တစ်ရက်မှာ တစ်ကြိမ် ၊တစ်ကြိမ်မှာ လေးနာရီလောက်သာ ပေါ်သောမြန်မာနိုင်ငံမှလမ်း

Zawgyi

ဒီလမ္းကို ဒီလိုသြားခဲ့ၾကတာဒီလမ္းေလးက တစ္ႏွစ္မွာ တစ္ရက္ ၊တစ္ရက္မွာ တစ္ႀကိမ္ ၊တစ္ႀကိမ္မွာ ေလးနာရီေလာက္သာ ေပၚေသာလမ္း။ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ ဒီလမ္းဟာ နတ္ေတြခင္းတဲ့လမ္း ဟုလည္းသိခဲ့ရ

ကမာၻမွာ ကိုရီးယားႏွင့္ ျမန္မာႏိုင္ငံမွာသာရွိေသာ လမ္း ။ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္မွာလမ္းအျပည့္ေပၚလာေသာလမ္း ။ကမာၻမွာ ကိုရီးယားႏွင့္ ျမန္မာႏွစ္ႏိုင္ငံသာ ရွိေသာပင္လယ္တြင္းလမ္း ကိုရီးယားမွာလည္း တစ္ရက္သာေပၚသည္။

သို႔ေသာ္ ေပၚသည့္ရက္ခ်င္း မတူပါ စာေရးသူတို႔ဒီလမ္းကိုေလွ်ာက္ရဖို႔အတြက္ တန္ေဆာင္မုန္းလျပည့္ေက်ာ္(၂)ရက္ေန႔ ည (၁ဝ:ဝဝ)နာရီအခ်ိန္တြင္ေမာ္လၿမိဳင္မွထြက္ခဲ့ၿပီး

ဒီလမ္းတည္ရွိရာပင္လယ္မ္းေျခသို႔တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မနက္ (၁၂:၂ဝ)အခ်ိန္ဝန္းက်င္ခန႔္ ေရာက္ရွိခဲ့ပါသည္။

(၂)ရက္ေန႔ညတစ္ညလုံး မအိပ္ဘဲ ကမ္းေျခတြင္လမ္းေလွ်ာက္ ,ထိုင္နားကာဒီေရအက်ကို တစ္ညလုံးေစာင့္လို႔ (၃)ရက္ေန႔ မနက္ (၄:ဝဝ) အခ်ိန္တြင္ ဒီေရ စ က်ပါသည္ ။ထိုအခ်ိန္မွစ၍ အနယ္နယ္အရပ္ရပ္မွဘုရားဖူးေရာက္လာၾကကုန္ေသာ

တစ္သိန္းေက်ာ္ေသာဘုရားဖူးတို႔သည္ နတ္တို႔ခင္းထားသည္ဆိုေသာ ထိုလမ္းကိုစ၍ကူးၾကပါသည္ ။လမ္းအားလုံးေပၚခ်ိန္ကေတာ့ နံနက္ (၆:ဝဝ)နာရီ ဝန္းက်င္ျဖစ္ၿပီး ထိုအခ်ိန္မွာ လမ္းအလုံးစုံ ေပၚပါသည္။

ထူးျခားခ်က္မွာ –ထိုလမ္းသည္ ကြန္ကရစ္ခင္းထားျခင္းမ်ိဳးလည္းမဟုတ္၊တံတားထိုးထားျခင္းလည္းမဟုတ္ ၊ ပင္လယ္ကမ္းေျခမွ (၃)ဖာလုံခန႔္ ေဝးေသာေနရာမွစ၍ ေစတီတည္ရွိရာကြၽန္းအထိအလုံးစုံ ေက်ာက္စရစ္ခဲအ႐ြယ္စုံတို႔ျဖင့္ခင္းထားျခင္းျဖစ္ၿပီး

ဒီေရ အတက္အက်ျဖစ္တိုင္းထိုေက်ာက္စရစ္ခဲမ်ားမွာ ပင္လယ္ၾကမ္းျပင္သို႔ ေမ်ာပါသြားျခင္းမရွိဘဲ ကမ္းေျခႏွင့္ သုံးဖာလုံခန႔္အကြာအေဝးမွ စ၍ ေရလယ္ကြၽန္း ဘုရားရွိရာထိတည္ရွိေနျခင္းပင္ျဖစ္ပါသည္။

ေန႔စဥ္ ,လစဥ္ ,ရက္စဥ္ ဒီေရအတက္အက်ရွိေသာ္လည္း ထိုလမ္းသည္ ယခုကဲ့သို႔ မေပၚပါ။ႏွစ္စဥ္တန္ေဆာင္မုန္းလျပည့္ေက်ာ္(၃)ရက္ေန႔မွသာ တစ္လမ္းလုံးအျပည့္ေပၚလာျခင္းပင္ျဖစ္ပါသည္။

ေပၚသည့္အခ်ိန္မွာလည္းေလးနာရီခန႔္သာ ျဖစ္ၿပီးထိုေန႔(တန္ေဆာင္မုန္းလျပည့္ေက်ာ္(၃)ရက္) ေန႔တစ္ေန႔သာ ေပၚျခင္းျဖစ္ပါသည္ ။ထိုေန႔တြင္ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ ဘုရားဖူးမ်ား , လာေရာက္ေလ့လာသူသုေတသီမ်ားတစ္သိန္းခြဲေက်ာ္ခန႔္ျဖင့္အလြန္ပင္စည္းကားလွပါသည္။

ေမာ္လၿမိဳင္မွ သံျဖဴဇရပ္သို႔ ေမာ္လၿမိဳင္- က်ိဳကၡမီလမ္းမႀကီးအတိုင္း ကားစီးၿပီး သံျဖဴဇရပ္ေရာက္သည့္အခါ ၿမိဳ႕လယ္အဝိုင္းကိုပတ္၍ကမာၻေက်ာ္ သမိုင္းဝင္ ေသမင္းတမန္ မီးရထားလမ္း လမ္းခြဲေရာက္သည့္အခါ

‘ ပငေက်း႐ြာ‘ဘက္သို႔ ခ်ိဳးေကြ႕ဝင္သြားရၿပီး ‘ပငေက်း႐ြာ ‘လြန္လွ်င္ ‘က႐ုပၸိ စံျပေက်း႐ြာ ‘ သို႔ ေရာက္ရွိပါမည္ ထို ‘က႐ုပၸိ စံျပေက်း႐ြာ‘႐ြာလမ္းအတိုင္း ဝင္ၿပီး ထို႐ြာမွထြက္လွ်င္ ဆားလုပ္ငန္း(ဆားကြင္း) မ်ား ေတြ႕ရွိရမည္ ျဖစ္ပါသည္။

ထို(ဆားကြင္း) မ်ားကို အနည္းငယ္ေက်ာ္ျဖတ္ၿပီးလွ်င္ ပင္လယ္ကမ္းေျခသို႔ ေရာက္ရွိပါမည္ ။ကမ္းေျခသို႔ ေရာက္သည့္အခါ ဒီေရအက်ကို ေစာင့္ဆိုင္းၿပီး ကားမ်ားကို ကမ္းေျခမွာ ေခတၱ ရပ္နားထားရမွာျဖစ္ပါတယ္။

လမ္းေလွ်ာက္လိုပါကလည္းကားရပ္နားထားရာမွ လမ္းေပၚရာေနရာသို႔ကမ္းေျခအစပ္အတိုင္း(၃)မိုင္ေက်ာ္ခန႔္ လမ္းေလွ်ာက္ရမွာ ျဖစ္ပါတယ္။

လမ္းေပၚလာခ်ိန္မွာ ထိုေက်ာက္စရစ္ခဲလမ္းေပၚရာ အစမွ ေရလယ္ဘုရားေရာက္သည္အထိ(၃) မိုင္ခြဲခန႔္ လမ္းေလွ်ာက္ရမွာျဖစ္ၿပီး

နံနက္ (၁ဝ:ဝဝ)နာရီအခ်ိန္တြင္ ဒီေရျပန္တက္သည့္အတြက္ ေရလည္ဘုရားမွ ဘုရားအားဖူးေျမာ္ၿပီး(၁ဝ:ဝဝ) နာရီမထိုးခင္ကမ္းေျခအေရာက္ျပန္ရမွာ ျဖစ္ပါတယ္။

ေက်ာက္စရစ္ခဲမ်ားအ႐ြယ္စုံျဖင့္ ခင္းထားေသာ ဤနတ္လမ္းတည္ရွိရာသည္ မြန္ျပည္နယ္ ၊ သံျဖဴဇရပ္ၿမိဳ႕နယ္ဝဲကေလာင္ေက်း႐ြာႏွင့္ အံခဲေက်း႐ြာတို႔၏ အလယ္တြင္ တည္ရွိပါသည္ ။

(ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ဒီလမ်းကို ဒီလိုသွားခဲ့ကြတာဒီလမ်းလေးက တစ်နှစ်မှာ တစ်ရက် ၊တစ်ရက်မှာ တစ်ကြိမ် ၊တစ်ကြိမ်မှာလေးနာရီလောက်သာပေါ်သောလမ်း။ဒေသခံတွေရဲ့ပြောကြားချက်အရ ဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်း ဟုလည်းသိခဲ့ရ

ကမ္ဘာမှာကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသောလမ်း။နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာလမ်းအပြည့်ပေါ်လာသောလမ်း။ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာ ရှိသောပင်လယ်တွင်းလမ်း ကိုရီးယားမှာလည်းတစ်ရက်သာပေါ်သည်။

သို့သော်ပေါ်သည့်ရက်ချင်းမတူပါ စာရေးသူတို့ဒီလမ်းကိုလျှောက်ရဖို့အတွက် တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်နေ့ ည (၁ဝ:ဝဝ)နာရီအချိန်တွင်မော်လမြိုင်မှထွက်ခဲ့ပြီး

ဒီလမ်းတည်ရှိရာပင်လယ်မ်းခြေသို့တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မနက် (၁၂:၂ဝ)အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့ပါသည်။

(၂)ရက်နေ့ညတစ်ညလုံးမအိပ်ဘဲ ကမ်းခြေတွင်လမ်းလျှောက် ,ထိုင်နားကာဒီရေအကျကိုတစ်ညလုံးစောင့်လို့ (၃)ရက်နေ့ မနက် (၄:ဝဝ)အချိန်တွင်ဒီရေစကျပါသည်။ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှဘုရားဖူးရောက်လာကြကုန်သော

တစ်သိန်းကျော်သောဘုရားဖူးတို့သည် နတ်တို့ခင်းထားသည်ဆိုသော ထိုလမ်းကိုစ၍ကူးကြပါသည်။လမ်းအားလုံးပေါ်ချိန်ကတော့ နံနက် (၆:ဝဝ)နာရီဝန်းကျင်ဖြစ်ပြီး ထိုအချိန်မှာလမ်းအလုံးစုံပေါ်ပါသည်။

ထူးခြားချက်မှာ –ထိုလမ်းသည် ကွန်ကရစ်ခင်းထားခြင်းမျိုးလည်းမဟုတ်၊တံတားထိုးထားခြင်းလည်းမဟုတ် ၊ ပင်လယ်ကမ်းခြေမှ(၃)ဖာလုံခန့် ဝေးသောနေရာမှစ၍ စေတီတည်ရှိရာကျွန်းအထိအလုံးစုံကျောက်စရစ်ခဲအရွယ်စုံတို့ဖြင့်ခင်းထားခြင်းဖြစ်ပြီး

ဒီရေအတက်အကျဖြစ်တိုင်းထိုကျောက်စရစ်ခဲများမှာ ပင်လယ်ကြမ်းပြင်သို့ မျောပါသွားခြင်းမရှိဘဲကမ်းခြေနှင့်သုံးဖာလုံခန့်အကွာအဝေးမှ စ၍ ရေလယ်ကျွန်း ဘုရားရှိရာထိတည်ရှိနေခြင်းပင်ဖြစ်ပါသည်။

နေ့စဉ် ,လစဉ် ,ရက်စဉ်ဒီရေအတက်အကျရှိသော်လည်း ထိုလမ်းသည်ယခုကဲ့သို့မပေါ်ပါ။နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက်နေ့မှသာ တစ်လမ်းလုံးအပြည့်ပေါ်လာခြင်းပင်ဖြစ်ပါသည်။

ပေါ်သည့်အချိန်မှာလည်းလေးနာရီခန့်သာဖြစ်ပြီးထိုနေ့(တန်ဆောင်မုန်းလပြည့်ကျော်(၃)ရက်) နေ့တစ်နေ့သာ ပေါ်ခြင်းဖြစ်ပါသည်။ထိုနေ့တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးများ , လာရောက်လေ့လာသူသုတေသီများတစ်သိန်းခွဲကျော်ခန့်ဖြင့်အလွန်ပင်စည်းကားလှပါသည်။

မော်လမြိုင်မှသံဖြူဇရပ်သို့ မော်လမြိုင်- ကျိုက္ခမီလမ်းမကြီးအတိုင်း ကားစီးပြီး သံဖြူဇရပ်ရောက်သည့်အခါ မြို့လယ်အဝိုင်းကိုပတ်၍ကမ္ဘာကျော်သမိုင်းဝင် သေမင်းတမန် မီးရထားလမ်းလမ်းခွဲရောက်သည့်အခါ

‘ ပငကျေးရွာ‘ဘက်သို့ချိုးကွေ့ဝင်သွားရပြီး ‘ပငကျေးရွာ ‘လွန်လျှင် ‘ကရုပ္ပိ စံပြကျေးရွာ ‘ သို့ရောက်ရှိပါမည်ထို ‘ကရုပ္ပိ စံပြကျေးရွာ‘ရွာလမ်းအတိုင်းဝင်ပြီးထိုရွာမှထွက်လျှင်ဆားလုပ်ငန်း(ဆားကွင်း)များတွေ့ရှိရမည်ဖြစ်ပါသည်။

ထို(ဆားကွင်း)များကို အနည်းငယ်ကျော်ဖြတ်ပြီးလျှင် ပင်လယ်ကမ်းခြေသို့ ရောက်ရှိပါမည်။ကမ်းခြေသို့ ရောက်သည့်အခါဒီရေအကျကို စောင့်ဆိုင်းပြီးကားများကို ကမ်းခြေမှာ ခေတ္တရပ်နားထားရမှာဖြစ်ပါတယ်။

လမ်းလျှောက်လိုပါကလည်းကားရပ်နားထားရာမှ လမ်းပေါ်ရာနေရာသို့ကမ်းခြေအစပ်အတိုင်း(၃)မိုင်ကျော်ခန့် လမ်းလျှောက်ရမှာဖြစ်ပါတယ်။

လမ်းပေါ်လာချိန်မှာ ထိုကျောက်စရစ်ခဲလမ်းပေါ်ရာအစမှ ရေလယ်ဘုရားရောက်သည်အထိ(၃)မိုင်ခွဲခန့် လမ်းလျှောက်ရမှာဖြစ်ပြီး

နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင်ဒီရေပြန်တက်သည့်အတွက် ရေလည်ဘုရားမှဘုရားအားဖူးမြော်ပြီး(၁ဝ:ဝဝ)နာရီမထိုးခင်ကမ်းခြေအရောက်ပြန်ရမှာဖြစ်ပါတယ်။

ကျောက်စရစ်ခဲများအရွယ်စုံဖြင့်ခင်းထားသောဤနတ်လမ်းတည်ရှိရာသည် မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့်အံခဲကျေးရွာတို့၏ အလယ်တွင်တည်ရှိပါသည်။

(လေးစားမှုဖြင့် ခရက်ဒစ်)