ၾကားသိရသမွ်

ရင်နင့်ရပါတယ် ကလေးရယ် ဆေးကျောင်းသားလေး မောင်ခန့်ငြားဟိန်း (ခ)အာကာဇော် ရဲ့ဈာပန သူမိခင်ပြောသလို ကမ္ဘာကျော်ပါပြီ

ဆေးကျောင်းသားလေး မောင်ခန့်ငြားဟိန်း (ခ)အာကာဇော် ရဲ့ဈာပနာ သူမိခင်ပြောသလို ကမ္ဘာကျော်ပါပြီ။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရန်ကုန်ဆေးတက္ကသိုလ်(၁) ကျောင်းသား မောင်ခန့်ငြားဟိန်း(ခ)အာကာဇော် ( ဆေးတက္ကသိုလ် ပထမနှစ် အသက် (၁၈) နှစ်) ဈာပန မြင်ကွင်း) အကြောင်းကို စင်ကာပူရဲ့ ဒီနေ့ထုတ် thenewpaper သတင်းစာမှာ အကျယ်တဝင့် ဖော်ပြပေးလာပါတယ်။

သူ့သားရဲ့ သက်မဲ့ခန္ဓာကိုယ်ရုပ်အလောင်း သွားထုတ်စဉ်က အန်တီရင်ဖွင့်ခဲ့တဲ့ ရင်တွင်း စကားလေးကိုပါ သတင်းစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အန်တီပြောခဲ့သလိုပဲ ကျွန်မသား အာဇာနည်သူရဲကောင်းကြီးကို ကမ္ဘာကျော်အောင်နိုင်ငံကျော်အောင် ပြောပေးကြပါဆိုတဲ့အတိုင်းစင်ကာပူသတင်းစာမှာ ဖော်ပြပေးချက်အရ နိုင်ငံကျော်နေပါပြီ။

ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း အားလုံးကို လေးစားဦးညွတ် အလေးပြုပါတယ်။

ကောင်းမွန်စွာ ငြိမ်းချမ်းစွာ အနားယူ အိပ်စက်နိုင်ကြပါစေ။

( ယနေ့ထုတ် သတင်းစာမှာ မောင်လေးခန့်ငြားဟိန်း အကြောင်းပါနေတာတွေ့လို့..အန်တီတစ်ယောက် သူ့သား အာဇာနည်သူရဲကောင်းကြီးအတွက် ဂုဏ်ယူနိုင်အောင် တင်ပေးလိုက်ပါတယ် )

 

Credit

Zawgyi

ေဆးေက်ာင္းသားေလး ေမာင္ခန႔္ျငားဟိန္း (ခ)အာကာေဇာ္ ရဲ႕ဈာပနာ သူမိခင္ေျပာသလို ကမာၻေက်ာ္ပါၿပီ။

အာဏာသိမ္း စစ္ေကာင္စီရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ေတြ အၾကမ္းဖက္ပစ္ခတ္မႈေၾကာင့္ က်ဆုံးခဲ့တဲ့ ရန္ကုန္ေဆးတကၠသိုလ္(၁) ေက်ာင္းသား ေမာင္ခန႔္ျငားဟိန္း(ခ)အာကာေဇာ္ ( ေဆးတကၠသိုလ္ ပထမႏွစ္ အသက္ (၁၈) ႏွစ္) ဈာပန ျမင္ကြင္း) အေၾကာင္းကို စင္ကာပူရဲ႕ ဒီေန႔ထုတ္ thenewpaper သတင္းစာမွာ အက်ယ္တဝင့္ ေဖာ္ျပေပးလာပါတယ္။

သူ႔သားရဲ႕ သက္မဲ့ခႏၶာကိုယ္႐ုပ္အေလာင္း သြားထုတ္စဥ္က အန္တီရင္ဖြင့္ခဲ့တဲ့ ရင္တြင္း စကားေလးကိုပါ သတင္းစာမွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

အန္တီေျပာခဲ့သလိုပဲ ကြၽန္မသား အာဇာနည္သူရဲေကာင္းႀကီးကို ကမာၻေက်ာ္ေအာင္ႏိုင္ငံေက်ာ္ေအာင္ ေျပာေပးၾကပါဆိုတဲ့အတိုင္းစင္ကာပူသတင္းစာမွာ ေဖာ္ျပေပးခ်က္အရ ႏိုင္ငံေက်ာ္ေနပါၿပီ။

က်ဆုံးသြားတဲ့ အာဇာနည္သူရဲေကာင္း အားလုံးကို ေလးစားဦးၫြတ္ အေလးျပဳပါတယ္။

ေကာင္းမြန္စြာ ၿငိမ္းခ်မ္းစြာ အနားယူ အိပ္စက္ႏိုင္ၾကပါေစ။

( ယေန႔ထုတ္ သတင္းစာမွာ ေမာင္ေလးခန႔္ျငားဟိန္း အေၾကာင္းပါေနတာေတြ႕လို႔..အန္တီတစ္ေယာက္ သူ႔သား အာဇာနည္သူရဲေကာင္းႀကီးအတြက္ ဂုဏ္ယူႏိုင္ေအာင္ တင္ေပးလိုက္ပါတယ္ )

crd