လူသားတိုင်းက သူတို့ချစ်တဲ့သူနှင့်သာ အတူနေထိုင်လိုပြီး တစ်သက်လုံးစာအတွက်ရည်ရွယ်ထားသည့်အတွက် အကြောင်းမတိုက်ဆိုင်၍ တကယ်တမ်း ခွဲခွာကြရသည့်အခါ နာကျင်မှုတွေနှင့်အတူ ဝမ်းနည်းငိုကြွေးကြရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲနှစ်ဦးသည် တစ်ရပ်ကွက်ထဲအတူနေပြီး ငယ်လေးကတည်းကကျောင်းတူတူတက်ခဲ့ကြပြီး အရွယ်ရောက်လာသည်နှင့် ကောင်လေးမှ သူ့ခံစားချက်အစစ်အမှန်အား ဖွင့်ပြောခဲ့၍ ချစ်ကြိုက်ခဲ့ကြသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ခဲ့ကြပြီး အချိန်ကြာတွဲလာခဲ့ရာကနေ ကောင်လေးမှချမ်းသာသူမဟုတ်သည့်အတွက် ချစ်သူမိန်းကလေးမှလိုချင်တာတွေကို ဖြည့်ဆည်းမပေးနိုင်သည့်အခါ အခြားသူများနှင့်ယှဥ်ပြီး စကားများရန်ဖြစ်လာကြတော့သည်။
ထို့အတူ မိန်းကလေးဧ။်မိသားစုမှလည်း ထိုကောင်လေးအား ပိုက်ဆံမရှိ၍ သူတို့သမီးလေးကို တင့်တောင့်တင့်တယ်မထားနိုင်မှာကို တွေးမိကာ သဘောမကျခဲ့ပေ။
ထို့ကြောင့် မိန်းကလေးဧ။်မိဘနှစ်ပါးသည် သူတို့နှင့် ခင်မင်ရင်းနှီးသော ငွေကြေးချမ်းသာသည့် သူငယ်ချင်းတစ်ယောက်ဧ။်သားဖြစ်သူနှင့် လက်ထပ်ရန်စီစဥ်ပေးခဲ့သည်။
မိန်းကလေးလည်း မိဘတွေရဲ့စကားကို မလွန်ဆန်ရဲပဲရှိကာ ကောင်လေးကိုလည်း စိတ်ကုန်နေပြီဖြစ်၍ လက်ခံခဲ့ပြီး ချစ်သူကောင်လေးကို လမ်းခွဲစကားဆိုပြီးနောက် သူမဧ။် မင်္ဂလာပွဲသို့ တက်ရောက်ရန် ဖိတ်ခဲ့သည်။
ကောင်လေးသည် သူအချစ်ရဆုံးမိန်းကလေးကို နောက်ဆုံးနှုတ်ဆက်ခွဲခွာရသည့်အနေနှင့် ထိုမင်္ဂလာပွဲသို့ သွားရောက်ကာ ခံစားချက်အပြည့်နှင့် အသဲကွဲသီချင်းအား သီဆိုကာ သတို့သားနှင့်သတို့သမီးကို ဂုဏ်ပြုပေးခဲ့သည်။
Credit
Unicode