ၾကားသိရသမွ်

ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး ….

ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး

ချင်းပြည်နယ်၊ ဖလမ်းမြို့ ခလရ (၂၆၈)တပ်ရင်းက တပ်ရင်းရေးရာမှူး ဒုဗိုလ် ရဲရင့်သူဟာ မနေ့အောက်တိုဘာ ၁၉ ရက်နေ့လည် ၁၂ လောက်က မြို့နယ်ရဲစခန်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က တပ်ရံပုံငွေ သိန်း (၂၀၀)ကျော်ကိုထုတ်ပြီးနောက် မိန်းမကိုတခါထဲခိုးပြေးကာ ထွက်ပြေးကြတယ်လို့သတင်းရရှိပါတယ်။

ဖလမ်းမြို့ ဒေသခံတစ်ဦးက “ဘဏ်က ရဲစခန်းမှာပြောင်းရွေ့လာတာကြာပြီ။ အဲ့မှာသွားထုတ်တာ။

တပ်ရံပုံငွေ သိန်း (၈၀၀)လောက်ရှိတယ်။ အဲ့ထဲက သိန်း ၂၀၀ ကျော်နဲ့ထွက်ပြေးတာ။ သူ့ဆိုင်ကယ်ကို ဖလမ်းအထွက် ကျင်မွှာလ်ရပ်ကွက်မှာတွေ့ကြတယ်။

ကျနော်ထင်တာကတော့ သူ့မိန်းမရဲ့ ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ပြေးကြတာနေမယ်။

လက်နက်တော့မပါဘူးလို့သိရတယ်” လို့ပြောပါတယ်။

တပ်ကထွက်ပြေးလာတဲ့ ဒုဗိုလ်ဟာ နယ်စပ်မှာရှိတဲ့ ချင်းကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်လာတာမရှိသေးဘူးလို့လည်းသိရတယ်။

Unicode






