ကြားသိရသမျှ

ဖေ့စ်ဘုတ်က အမုန်းစကားပြောဆိုမှုဆိုင်ရာ မူဝါဒ အရ ရုရှားသမ္မတ ပူတင်အတွက် ယာယီပြောင်းလူမှုသတ်မှတ်လိုက်ပြီ…

ဖေ့စ်ဘုတ်က သူတို့ရဲ့အမုန်းစကားပြောဆိုမှုဆိုင်ရာ မူဝါဒ ယာယီပြောင်းလဲမှုအနေနံ့ ရုရှားသမ္မတ ဗလာဒီမာပူတင် သေပါစေလို့ ကျိန်ဆဲတဲ့ ပို့စ်တွေကို ဖော်ပြခွင့်ပြုသွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့က ရုရှားစစ်သားတွေနဲ့ အရပ်သားတွေကို အကြမ်းမဖက်ရေး၊ ဖော်ပြချက်တွေကိုလည်း ပယ်ဖျက်သွားမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။

အဲဒီလူမှုကွန်ရက်တွေရဲ့ မိခင်ကုမ္ပဏီ Meta ကရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကို သေပါစေလို့ ဖော်ပြတဲ့ ပို့စ်တွေကို ဖယ်ရှားသွားမှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။

ဒီလိုအမုန်းစကားပြောဆိုမှုဆိုင်ရာ မူဝါဒယာယီ ပြောင်းလဲမှု ပြုလုပ်တာက လစ်သူယေးနီးယား၊ အက်စတိုးနီးယား၊ လက်ဘီယာ၊ ရုရှား၊ ပိုလန်၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားတို့အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ပွဲအကျဉ်းသားတွေကို အကြမ်းဖက်ဖို့ တိုက်တွန်းတဲ့ ပို့စ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဖေ့ဘုတ်က ပြောကြားပါတယ်။

credit#myanmaplatform#

unicode





