ပရိသတ်ကြီးရေ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကိုဇသီဟနဲ့ အိမ်ထောင်ကျပြီးနောင်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရက်နားပြီး အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့ သာမိသားစုနဲ့ အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးလည်း လုပ်ကိုင်နေပြီး အလှူအတန်းတွေကိုလည်း မပျက်တမ်းဆိုသလိုကို ပြုလုပ်နေခဲ့ပါသေးတယ်။ လတ်တလောမှာလည်း နန္ဒာလှိုင်တို့မိသားစုက သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်း(၃)ရက်တိတိဆပ်ကပ်လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ် ပရိသတ်ကြီးရေ။

ချောက်မြို့နယ် အောင်မြေမြို့ဦးကျောင်းတိုက်မှာရှိတဲ့ သံဃာတော်အရှင်သူမြတ်တွေကို (၃)ရက်တိတိ နေ့ဆွမ်းကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ နန္ဒာလှိုင်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း ကုသိုလ်တွေထပ်တူရရှိစေဖို့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Zaw Zaw Win
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-
ချောက်မြို့အောင်မြေမြို့ဦးကျောင်းမှာ (၃)ရက်တိတိနေ့ဆွမ်းကပ်လှူခဲ့တဲ့ နန္ဒာလှိုင်


Source – Zaw Zaw Win
Chilli – CeleZone



