နိုင်ငံခြားသားတွေတောင် အံ့ဩရတဲ့ မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ
ကားပွဲစားတွေရဲ့ စကားအထာတွေဟာ ထူးခြားဆန်းကြယ်လှပါတယ်။ ကားအမျိုးအစား နာမည်တွေကိုလည်း အမျိုးမျိုး ပေးတတ်လွန်းလို့ မြန်မာပြည်က ကားနာမည်တွေကို နိုင်ငံခြားသားတွေက အတော် အံ့အားသင့်ခဲ့ကြပါသေးတယ်။
ယခုတစ်ခါမှာတော့ ပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံး စကားလုံးကတော့ လုပ်ချက်မရှိ ဆိုတာပါပဲ။ အဲ့စကားရဲ့ အဓိပ္ပာယ်ကတော့ လုပ်ချက်မရှိဘဲ ပြင်ချက်တွေပဲ ရှိတာကို ဆိုလိုတာပါ။
မိန်းကလေးတစ်လက်ကိုင် ဆိုတာကတော့ ကားပေါ်ယောင်္ကျားလေးမတင်ပဲ မိန်းကလေးတွေပဲ တင်မောင်းတာပဲ ဖြစ်ပါတယ်။
တစ်ကျပ်ဖိုးမှထပ်ထည့်စရာမလိုဆိုတာက တစ်စီးလုံး အခွံချိန်းရမှာကို ဆိုလိုခြင်းဖြစ်ပြီး၊ ဂျပန့်နံ့လေးတောင် သင်းနေသေးတယ် ဆိုတာကတော့ ဂျပန်ဂတုံးလာစီးသွားလို့ ဖြစ်ပါတယ်။ Anniversary ပါဆိုရင်တော့ စျေးပိုပြီသာမှတ်လိုက်ပါတော့။
အင်ဂျင်ပါဝါကြီးပေမယ့် ဆီမစားပါကတော့ ရပ်ထားတဲ့အချိန်ကိုဆိုလိုတာ ဖြစ်ပါတယ်။ လက်တင်စီးရုံကတော့ ကိုယ့်ပိုက်ဆံအိတ်ပေါ် လက်တင်ထားပြီး စီးရမှာပါ။ ကားကြောင့်ပွဲမပျက်စေရ ဆိုရင်တော့ စျေးကြောင့်သာ ပွဲပျက်မှာ ဖြစ်ပါတယ်။
အော်ကီလို ၃၀၀၀၀ ပါဆိုရင်တော့ လျော့ထားတာ အနည်းဆုံး နှစ်ခါလောက်ရှိနေတာကို ဆိုလိုပြီး၊ အတိုက်အခိုက်ရှင်း ကတော့ တိုက်မိလို့ခဏခဏ ရှင်းထားရတာကို ပြောတာပါ။
ရုံးသွားရုံးပြန်ပဲစီးတာပါဆိုရင်တော့ ရုံးကနေပြည်တော် အိမ်ကရန်ကုန်မှာဖြစ်ပြီး၊ ဟိုင်းဝေး တန်းထွက်နိုင် ဆိုတာကတော့ ကိုယ်ဖြစ်ကိုယ်ခံ လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ကဲ…ဒီလောက်ဆိုရင်တော့ ကားပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေကို အထိုက်အလျောက်နားလည်လောက်ပြီထင်ပါတယ်။ စာဖတ်ပရိသတ်ကြီး သိထားတဲ့ စကားလုံးလေးများရှိရင်လည်း ကွန်မန့်မှာ ပြောပြခဲ့ကြပါဦး။
Crd
zawgyi
ႏိုင္ငံျခားသားေတြေတာင္ အံ့ဩရတဲ့ ျမန္မာျပည္ ကားပြဲစားေလာကရဲ႕ လွ်ိဳ႕ဝွက္စကား အထာမ်ား
ကားပြဲစားေတြရဲ႕ စကားအထာေတြဟာ ထူးျခားဆန္းၾကယ္လွပါတယ္။ ကားအမ်ိဳးအစား နာမည္ေတြကိုလည္း အမ်ိဳးမ်ိဳး ေပးတတ္လြန္းလို႔ ျမန္မာျပည္က ကားနာမည္ေတြကို ႏိုင္ငံျခားသားေတြက အေတာ္ အံ့အားသင့္ခဲ့ၾကပါေသးတယ္။
ယခုတစ္ခါမွာေတာ့ ပြဲဇိုးေလးေတြရဲ႕ လက္သုံးစကားေတြရဲ႕ အနက္အဓိပၸာယ္ကို ေဖာ္ျပေပးလိုက္ပါတယ္။
ပထမဦးဆုံး စကားလုံးကေတာ့ လုပ္ခ်က္မရွိ ဆိုတာပါပဲ။ အဲ့စကားရဲ႕ အဓိပၸာယ္ကေတာ့ လုပ္ခ်က္မရွိဘဲ ျပင္ခ်က္ေတြပဲ ရွိတာကို ဆိုလိုတာပါ။
မိန္းကေလးတစ္လက္ကိုင္ ဆိုတာကေတာ့ ကားေပၚေယာက်ၤားေလးမတင္ပဲ မိန္းကေလးေတြပဲ တင္ေမာင္းတာပဲ ျဖစ္ပါတယ္။
တစ္က်ပ္ဖိုးမွထပ္ထည့္စရာမလိုဆိုတာက တစ္စီးလုံး အခြံခ်ိန္းရမွာကို ဆိုလိုျခင္းျဖစ္ၿပီး၊ ဂ်ပန႔္နံ႔ေလးေတာင္ သင္းေနေသးတယ္ ဆိုတာကေတာ့ ဂ်ပန္ဂတုံးလာစီးသြားလို႔ ျဖစ္ပါတယ္။ Anniversary ပါဆိုရင္ေတာ့ ေစ်းပိုၿပီသာမွတ္လိုက္ပါေတာ့။
အင္ဂ်င္ပါဝါႀကီးေပမယ့္ ဆီမစားပါကေတာ့ ရပ္ထားတဲ့အခ်ိန္ကိုဆိုလိုတာ ျဖစ္ပါတယ္။ လက္တင္စီး႐ုံကေတာ့ ကိုယ့္ပိုက္ဆံအိတ္ေပၚ လက္တင္ထားၿပီး စီးရမွာပါ။ ကားေၾကာင့္ပြဲမပ်က္ေစရ ဆိုရင္ေတာ့ ေစ်းေၾကာင့္သာ ပြဲပ်က္မွာ ျဖစ္ပါတယ္။
ေအာ္ကီလို ၃၀၀၀၀ ပါဆိုရင္ေတာ့ ေလ်ာ့ထားတာ အနည္းဆုံး ႏွစ္ခါေလာက္ရွိေနတာကို ဆိုလိုၿပီး၊ အတိုက္အခိုက္ရွင္း ကေတာ့ တိုက္မိလို႔ခဏခဏ ရွင္းထားရတာကို ေျပာတာပါ။
႐ုံးသြား႐ုံးျပန္ပဲစီးတာပါဆိုရင္ေတာ့ ႐ုံးကေနျပည္ေတာ္ အိမ္ကရန္ကုန္မွာျဖစ္ၿပီး၊ ဟိုင္းေဝး တန္းထြက္ႏိုင္ ဆိုတာကေတာ့ ကိုယ္ျဖစ္ကိုယ္ခံ လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။
ကဲ…ဒီေလာက္ဆိုရင္ေတာ့ ကားပြဲဇိုးေလးေတြရဲ႕ လက္သုံးစကားေတြကို အထိုက္အေလ်ာက္နားလည္ေလာက္ၿပီထင္ပါတယ္။ စာဖတ္ပရိသတ္ႀကီး သိထားတဲ့ စကားလုံးေလးမ်ားရွိရင္လည္း ကြန္မန႔္မွာ ေျပာျပခဲ့ၾကပါဦး။
Crd