ၾကားသိရသမွ်

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ လာမယ့် ၁၅ ရက်နေ့မှာ ကြားနာမယ်

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ လာမယ့် ၁၅ ရက်နေ့မှာ ကြားနာမယ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ပေးဖို့ လျှောက်ထားမှုကို လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကြားနာသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းဆုကြည်ရင်ဆိုင်နေရတဲ့ အဂတိအမှုတွေကို ပယ်ဖျက်ဖို့ရှေ့နေတွေရဲ့ လျှောက်ထားမှုအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်မှာ ကြားနာသွားမှာဖြစ်ပြီး လက်ခံသင့်၊ မသင့် ကို ဆုံးဖြတ်သွားမှာဖြစ် တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက- SAC က ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုပုဒ်မ ၁၁ မှုနဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပြီး ဘယ်ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ဖို့ လျှောက်ထားတယ်ဆိုတာကို မသိရသေးပါဘူး။

ဒါ့အပြင်ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးနိုင်ငံလင်းတို့အပေါ်စွဲဆိုထားတဲ့ အဂတိအမှုတွေကိုလည်း ပယ်ဖျက်ပေးဖို့ ပူးတွဲလျှောက်ထားတယ်လို့ သိရပါတယ်။ Credit

ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရတဲ့ အဂတိအမႈေတြကို ပယ္ဖ်က္ေပးဖို႔ လာမယ့္ ၁၅ ရက္ေန႔မွာ ၾကားနာမယ္
လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရင္ဆိုင္ေနရတဲ့ အဂတိအမႈေတြကို ပယ္ဖ်က္ေပးဖို႔ ေလွ်ာက္ထားမႈကို လာမယ့္ မတ္လ ၁၅ ရက္ေန႔မွာ ၾကားနာသြားမယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းဆုၾကည္ရင္ဆိုင္ေနရတဲ့ အဂတိအမႈေတြကို ပယ္ဖ်က္ဖို႔ေရွ႕ေနေတြရဲ႕ ေလွ်ာက္ထားမႈအတြက္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အဆင့္မွာ ၾကားနာသြားမွာျဖစ္ၿပီး လက္ခံသင့္၊ မသင့္ ကို ဆုံးျဖတ္သြားမွာျဖစ္ တယ္လို႔ သိရပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက- SAC က ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိမႈပုဒ္မ ၁၁ မႈနဲ႔ အမႈဖြင့္အေရးယူထားတာျဖစ္ၿပီး ဘယ္ပုဒ္မေတြနဲ႔ စြဲဆိုထားတဲ့ အမႈေတြကို ပယ္ဖ်က္ဖို႔ ေလွ်ာက္ထားတယ္ဆိုတာကို မသိရေသးပါဘူး။

ဒါ့အျပင္ေဒါက္တာမ်ိဳးေအာင္၊ ဦးရဲမင္းဦး၊ ဦးႏိုင္ငံလင္းတို႔အေပၚစြဲဆိုထားတဲ့ အဂတိအမႈေတြကိုလည္း ပယ္ဖ်က္ေပးဖို႔ ပူးတြဲေလွ်ာက္ထားတယ္လို႔ သိရပါတယ္။ Credit