ၾကားသိရသမွ်

ဆံပင်ကျွတ်ရောဂါခံစားနေရတဲ့ ဇနီးအပေါ် ဟာသပြက်လုံးလုပ်တဲ့ Chris Rockကို စင်ပေါ်တက်ပါးရိုက်လိုက်တဲ့ Will Smith(ရုပ်သံ)

Zawgyi

ဆံပင်ကျွတ်ရောဂါခံစားနေရတဲ့ဇနီးအပေါ် စနောက်တဲ့ ဟာသသရုပ်ဆောင် Chris Rock ကို စင်ပေါ်မှာတင် ပါးရိုက်လိုက်တဲ့ Will Smith

ကမ္ဘာကျော် အော်စတာဆုရမင်းသားကြီး Will Smith က ဟာသသရုပ်ဆောင် Chris Rock ကို Oscar ဆုပေးပွဲ စင်ပေါ်မှာတင် ပါးရိုက်လိုက်တဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ ၉၄ ကြိမ်မြောက် Oscar ဆုပေးပွဲမှာ ဟာသသရုပ်ဆောင် Chris Rock အစီအစဉ်တင်ဆက်ခဲ့ရာကနေ Will Smith ရဲ့မိန်းမ Gotham စီးရီးမင်းသမီး Jada Pinkett Smith က alopecia areata အပေါ် အရွှန်းဖောက် စနောက်ခဲ့တာပါ။

အမွှေးကွျှတ် ကင်ဆာရောဂါတစ်မျိုးကြောင့် ဆံပင်အဆမတန်ကွျှတ်နေတဲ့ ဇနီးသည်အပေါ် ၁၉၉၇ ခုနှစ်တုန်းက ကတုံးကေနဲ့ Demi Moore သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်ကား G.I. Jane ကို ရည်ညွှန်းပြီး ဟာသဖောက်လိုက်တာဖြစ်ပါတယ်။

အဲဒါကြောင့် ဇနီးသည်အပေါ်စနောက်တဲ့ ဟာသသရုပ်ဆောင် Chris Rock ရဲ့ပါးကို မင်းသားကြီး Will Smith က စင်ပေါ်အထိတက်ရောက်သွားပြီး ရိုက်ချလိုက်တာပါ။ ပြီးတော့မိမိနေရာမှာ ပြန်ထိုင်ပြီး “မင်းရဲ့ ေ-ာက်ပါးစပ်ထဲကနေ ငါ့မိန်းမနာမည်ကို ထုတ်ပစ်လိုက်ပါ(Keep my wife’s name out of your fucking mouth.)” လို့ ပြန်အော်လိုက်ပါတယ်။

အဲဒီ ၉၄ ကြိမ်မြောက် Oscar ဆုပေးပွဲမှာ King Richard ဇာတ်ကားနဲ့ Will Smith က ဆုရရှိခဲ့ပြီး ခုနမိမိလုပ်ရပ်အတွက် ပရိသတ်အပေါ်အားလုံးကို တောင်းပန်သွားခဲ့ပေမယ့် ပါးရိုက်ခံလိုက်ရတဲ့ ဟာသသရုပ်ဆောင် Chris Rock ရဲ့နာမည်ကိုတော့ တောင်းပန်တဲ့စကားထဲမှာ ထည့်သွင်းမသွားခဲ့ပါဘူး။

AKonThi

Unicode