ၾကားသိရသမွ်

ကင်ဆာရောဂါကို အံတုရင်း ထူးထူးခြားခြား မီးသွေးတွေစားတတ်တဲ့ ယာဉ်ထိန်းရဲမေ

ကင်ဆာရောဂါကို အံတုရင်း ထူးထူးခြားခြား မီးသွေးတွေစားတတ်တဲ့ ယာဉ်ထိန်းရဲမေ

ကင်ဆာရောဂါကို အံတုရင်း ထူးထူးခြားခြား မီးသွေးတွေ စားတတ်တဲ့ ယာဉ်ထိန်းရဲမေ မပပဝင်း

အဆိုးဆုံးသော ရောဂါဝေဒနာတခုဖြစ်တဲ့ ကင်ဆာရောဂါ ဝေဒနာကတော့ ခံရတဲ့ သူတိုင်း စိတ်ညစ်ရပြီး

ဒီရောဂါကြီးဖြစ်ရင် အသက်အန္တရာယ်အရင်ဆုံး စိုးရိမ်ရတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း

တချို့သော ကင်ဆာရောဂါဝေဒနာရှင်တွေကတော့ ဘဝကြီးကို အရှုံးမပေးကြပါဘူး။ ဒီထဲမှာတော့

ကင်ဆာရောဂါဝေဒနာကို အံတုရင်း ယာဉ်ထိန်းရဲဆိုတဲ့ တာဝန်ကြီးကို ကျေကျေနပ်နပ် လုပ်ကိုင်နေတဲ့

မကွေးဂုဏ်ရည်ဆုပိုင်ရှင် မပပဝင်း အကြောင်း ပြောချင်လွန်းလို့ပေ့ချ်ကတော့ ဖော်ပြပေးချင်ပါတယ်။

မပပဝင်းကတော့ သူ ကျောင်းတတ်တဲ့ အရွယ်လောက်ကတည်း ယာဉ်ထိန်းရဲ အလုပ်ကို ဝါသနာပါခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ မပပဝင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ မှာ မကွေးမြို့ ပရဟိတအဖွဲ့ကပေးတဲ့

မကွေးဂုဏ်ရည် ဒုတိယဆုကို ပိုင်ဆိုင်ထားတဲ့ ယာဉ်ထိန်းရဲမေ တယောက်လည်း ဖြစ်ပါတယ်။ မပပဝင်းကတော့

မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နေပူမရှောင်မိုးရွာမရှောင် တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

အိမ်က သဘောမတူတာကြောင့် နောက်ပိုင်းမှာတော့ သူကတော့ အိမ်မပြန်တော့ပဲ ယာဉ်ထိန်းရဲ အဆောင်မှာပဲနေတာ ဖြစ်ပါတယ်။

မပပဝင်းကတေ့ာ သူ့အကြောင်းကိုတော့ “စ ဝင်ကတည်းက ယာဉ်ထိန်းရဲနဲ့ စ ဝင်တာပါ။ ရမည်းသင်းမှာ သင်တန်း ၆ လတတ်ပြီး

ယာဉ်ထိန်းထဲကို ရောက်လာတာပါ။ လမ်းရှင်းရတာကို ပျော်လို့ပါ။ ညီမသင်တန်းမတတ်ခင် ၁ နှစ်လောက်ကတည်းက

ပါးစောင်တွေ သိပ်မဟနိုင်ပဲ ကျုံ့သွားတာပေါ့နော်။ ဆရာဝန်တွေကို ပြတော့ အသားစကို ဓါတ်ခွဲရမယ်ပေါ့။

အဲ့လိုလုပ်မယ့် နေ့မှာပဲ သင်တန်းစတတ်ရတယ်။ အဲ့အချိန်မှာ မြန်မာဆေးတွေပဲ သောက်ပြီးတော့ တတ်ခဲ့ရတယ်။

အဲ့တုန်းကတော့ မသိသာပေမယ့်လည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း သင်တန်းတတ်တဲ့ အချိန်ကမှ ဆိုးရွားလာတာ။

အဲ့မှာ ရန်ကုန်မှာဆေးကုရင်း သင်တန်းတတ်တာပေါ့နော်။ မကွေးဆေးရုံကြီးမှာ နှစ်ပတ်ကို တကြိမ်ဆေးသွင်းရတယ်။

ကင်ဆာအဆင့် ၁ အတွက် ဆေးသွင်းရတာပေါ့။ ဆေးရှိန်ကြောင့် ဝ လည်း ဝ လာတယ်။ တကယ်ကုမယ်ဆိုရင်တော့

ပါးစပ်ကိုခွဲရမှာဆိုးလို့ မကုသေးပဲ ဆေးပဲသောက်နေတာပေါ့။ အဆင့် ၃ လောက်ရောက်ရင်တော့ ခွဲရမယ် ထင်ပါတယ်။

ဆေးကတော့ သွင်းလိုက် ရပ်လိုက်ဖြစ်နေတာပေါ့”“ဘာကြောင့် စ ဖြစ်လဲဆိုတော့ ၇ တန်း ၈ တန်း လောက်ကတည်းက

မန္တလေးမှာ နေတယ်။ အဲ့မှာ ဆေးအမွေးထုတ်လေးတွေရှိတယ် (မြန်မာအခေါ် ရှီခါး) ငွေရောင်လေးတွေ အဲ့ဒါလေးတွေက

မွေးတော့ စားတယ်။ နောက်ပိုင်းကျတော့ စားရတာ အားမရတော့ ညပိုင်း ငုံပြီးတော့ အိပ်တာ။ အဲ့တော့ ပါးစပ်ရဲ့

အတွင်းပိုင်းက တလွှာမရှိတော့တာ။ အဲ့ဒါပြီးတော့ အိမ်ကအရမ်းတားမြစ်တော့ ကွမ်းယာစားတော့ အခြေအနေ အရမ်းကို ဆိုးပြီး အဲ့လိုဖြစ်သွားတာပါ”

နောက်ထပ် မပပဝင်းမှာ စိတ်ဝင်စားစရာအကြောင်းအရာ တခုကတော့ မီးသွေးကို သရေစာ စားသလိုစားတာပါ။

မိဘအသိုင်းအဝိုင်းက တားမြစ်ကြပေမယ့်လည်း မီးသွေးမြင်ရင် စားချင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

မပပဝင်းကတော့ “သူတို့ကလည်း မီးသွေးတွေ လိုက်စားကြည့်တော့ သူတို့က လက်မခံတော့ အန်ထွက်တယ်။

သူတို့ကလည်း ညီမစားသလို လိုက်စားကြည့်တယ်။ ညီမကတော့ ချိုတာငန်တာ အရသာရှိလို့ စားတာတော့ မဟုတ်ဘူး။

ဒီတိုင်းစားလို့ကောင်းလို့ကိုစားတာ။ ပြီးရင် ရေသောက်လိုက်ရင် ဗိုက်ပြည့်သွားရော်။

အဲ့ဒါကို သဘောကျတာ။ မီးသွေးစားတာကတော့ ညီမ ၄ တန်းလောက်ကတည်းက စားတာ။ အရမ်းကိုကြိုက်တယ်။

မြင်ရင်ကို မနေနိုင်တာ။ လူကြီးတွေ လစ်တာနဲ့ သွားစားတာ။ ဖြတ်လို့ကို မရတာ။ ဆရာဝန်တွေကိုလည်း ပြတာပဲ။

လုံးဝကို ဖြတ်လို့မရဘူး”“ညီမ က တာဝန်မကျလည်း ယာဉ်တွေ ရှုပ်တဲ့နေရာတိုင်းမှာ အမြင်မတော်ရင် သွားပြီးတော့ ရှင်းတယ်။

ဒါကိုလည်းပြည်သူတွေက မြင်တယ်။ အဲ့ဒါကြောင့် ပြည်သူတွေရဲ့ သဘောနဲ့ ပရဟိတအသင်းလေးက ဂုဏ်ပြုချီးမြင့်တာပါ။

အပေါ်ယံစိတ်နဲ့ မလုပ်ပဲ သေချာလုပ်တော့ ကိုယ့်ကိုရောဂါသည်ဆိုတာကို မေ့သွားတယ်။ အလုပ်ပဲ လုပ်ချင်တယ်။

သေတဲ့အထိကို လုပ်သွားမယ်” လို့ သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။ ကင်ဆာရောဂါ ဖြစ်နေတာတောင်

ချီးကျုးစရာကောင်းပြီး တာဝန်သိတတ်မှုအပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ မပပဝင်း ကတော့ တကယ့်ကို ချီးကျုးလေးစားစရာ ကောင်းလှပါတယ်။

Credit : Nanmalgyi

ကင္ဆာေရာဂါကို အံတုရင္း ထူးထူးျခားျခား မီးေသြးေတြစားတတ္တဲ့ ယာဥ္ထိန္းရဲေမ

ကင္ဆာေရာဂါကို အံတုရင္း ထူးထူးျခားျခား မီးေသြးေတြ စားတတ္တဲ့ ယာဥ္ထိန္းရဲေမ မပပဝင္း

အဆိုးဆုံးေသာ ေရာဂါေဝဒနာတခုျဖစ္တဲ့ ကင္ဆာေရာဂါ ေဝဒနာကေတာ့ ခံရတဲ့ သူတိုင္း စိတ္ညစ္ရၿပီး

ဒီေရာဂါႀကီးျဖစ္ရင္ အသက္အႏၲရာယ္အရင္ဆုံး စိုးရိမ္ရတယ္ဆိုတာ သိၾကမွာပါ။ ဒါေပမယ့္လည္း

တခ်ိဳ႕ေသာ ကင္ဆာေရာဂါေဝဒနာရွင္ေတြကေတာ့ ဘဝႀကီးကို အရႈံးမေပးၾကပါဘူး။ ဒီထဲမွာေတာ့

ကင္ဆာေရာဂါေဝဒနာကို အံတုရင္း ယာဥ္ထိန္းရဲဆိုတဲ့ တာဝန္ႀကီးကို ေက်ေက်နပ္နပ္ လုပ္ကိုင္ေနတဲ့

မေကြးဂုဏ္ရည္ဆုပိုင္ရွင္ မပပဝင္း အေၾကာင္း ေျပာခ်င္လြန္းလို႔ေပ့ခ်္ကေတာ့ ေဖာ္ျပေပးခ်င္ပါတယ္။

မပပဝင္းကေတာ့ သူ ေက်ာင္းတတ္တဲ့ အ႐ြယ္ေလာက္ကတည္း ယာဥ္ထိန္းရဲ အလုပ္ကို ဝါသနာပါခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ မပပဝင္းကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ မွာ မေကြးၿမိဳ႕ ပရဟိတအဖြဲ႕ကေပးတဲ့

မေကြးဂုဏ္ရည္ ဒုတိယဆုကို ပိုင္ဆိုင္ထားတဲ့ ယာဥ္ထိန္းရဲေမ တေယာက္လည္း ျဖစ္ပါတယ္။ မပပဝင္းကေတာ့

မိဘေတြ တားျမစ္ထားတဲ့ၾကားကေန ေနပူမေရွာင္မိုး႐ြာမေရွာင္ တာဝန္ကို ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။

အိမ္က သေဘာမတူတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ သူကေတာ့ အိမ္မျပန္ေတာ့ပဲ ယာဥ္ထိန္းရဲ အေဆာင္မွာပဲေနတာ ျဖစ္ပါတယ္။

မပပဝင္းကေတ့ာ သူ႔အေၾကာင္းကိုေတာ့ “စ ဝင္ကတည္းက ယာဥ္ထိန္းရဲနဲ႔ စ ဝင္တာပါ။ ရမည္းသင္းမွာ သင္တန္း ၆ လတတ္ၿပီး

ယာဥ္ထိန္းထဲကို ေရာက္လာတာပါ။ လမ္းရွင္းရတာကို ေပ်ာ္လို႔ပါ။ ညီမသင္တန္းမတတ္ခင္ ၁ ႏွစ္ေလာက္ကတည္းက

ပါးေစာင္ေတြ သိပ္မဟႏိုင္ပဲ က်ဳံ႕သြားတာေပါ့ေနာ္။ ဆရာဝန္ေတြကို ျပေတာ့ အသားစကို ဓါတ္ခြဲရမယ္ေပါ့။

အဲ့လိုလုပ္မယ့္ ေန႔မွာပဲ သင္တန္းစတတ္ရတယ္။ အဲ့အခ်ိန္မွာ ျမန္မာေဆးေတြပဲ ေသာက္ၿပီးေတာ့ တတ္ခဲ့ရတယ္။

အဲ့တုန္းကေတာ့ မသိသာေပမယ့္လည္း ယာဥ္စည္းကမ္းလမ္းစည္းကမ္း သင္တန္းတတ္တဲ့ အခ်ိန္ကမွ ဆိုး႐ြားလာတာ။

အဲ့မွာ ရန္ကုန္မွာေဆးကုရင္း သင္တန္းတတ္တာေပါ့ေနာ္။ မေကြးေဆး႐ုံႀကီးမွာ ႏွစ္ပတ္ကို တႀကိမ္ေဆးသြင္းရတယ္။

ကင္ဆာအဆင့္ ၁ အတြက္ ေဆးသြင္းရတာေပါ့။ ေဆးရွိန္ေၾကာင့္ ဝ လည္း ဝ လာတယ္။ တကယ္ကုမယ္ဆိုရင္ေတာ့

ပါးစပ္ကိုခြဲရမွာဆိုးလို႔ မကုေသးပဲ ေဆးပဲေသာက္ေနတာေပါ့။ အဆင့္ ၃ ေလာက္ေရာက္ရင္ေတာ့ ခြဲရမယ္ ထင္ပါတယ္။

ေဆးကေတာ့ သြင္းလိုက္ ရပ္လိုက္ျဖစ္ေနတာေပါ့”“ဘာေၾကာင့္ စ ျဖစ္လဲဆိုေတာ့ ၇ တန္း ၈ တန္း ေလာက္ကတည္းက

မႏၲေလးမွာ ေနတယ္။ အဲ့မွာ ေဆးအေမြးထုတ္ေလးေတြရွိတယ္ (ျမန္မာအေခၚ ရွီခါး) ေငြေရာင္ေလးေတြ အဲ့ဒါေလးေတြက

ေမြးေတာ့ စားတယ္။ ေနာက္ပိုင္းက်ေတာ့ စားရတာ အားမရေတာ့ ညပိုင္း ငုံၿပီးေတာ့ အိပ္တာ။ အဲ့ေတာ့ ပါးစပ္ရဲ႕

အတြင္းပိုင္းက တလႊာမရွိေတာ့တာ။ အဲ့ဒါၿပီးေတာ့ အိမ္ကအရမ္းတားျမစ္ေတာ့ ကြမ္းယာစားေတာ့ အေျခအေန အရမ္းကို ဆိုးၿပီး အဲ့လိုျဖစ္သြားတာပါ”

ေနာက္ထပ္ မပပဝင္းမွာ စိတ္ဝင္စားစရာအေၾကာင္းအရာ တခုကေတာ့ မီးေသြးကို သေရစာ စားသလိုစားတာပါ။

မိဘအသိုင္းအဝိုင္းက တားျမစ္ၾကေပမယ့္လည္း မီးေသြးျမင္ရင္ စားခ်င္တယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။

မပပဝင္းကေတာ့ “သူတို႔ကလည္း မီးေသြးေတြ လိုက္စားၾကည့္ေတာ့ သူတို႔က လက္မခံေတာ့ အန္ထြက္တယ္။

သူတို႔ကလည္း ညီမစားသလို လိုက္စားၾကည့္တယ္။ ညီမကေတာ့ ခ်ိဳတာငန္တာ အရသာရွိလို႔ စားတာေတာ့ မဟုတ္ဘူး။

ဒီတိုင္းစားလို႔ေကာင္းလို႔ကိုစားတာ။ ၿပီးရင္ ေရေသာက္လိုက္ရင္ ဗိုက္ျပည့္သြားေရာ္။

အဲ့ဒါကို သေဘာက်တာ။ မီးေသြးစားတာကေတာ့ ညီမ ၄ တန္းေလာက္ကတည္းက စားတာ။ အရမ္းကိုႀကိဳက္တယ္။

ျမင္ရင္ကို မေနႏိုင္တာ။ လူႀကီးေတြ လစ္တာနဲ႔ သြားစားတာ။ ျဖတ္လို႔ကို မရတာ။ ဆရာဝန္ေတြကိုလည္း ျပတာပဲ။

လုံးဝကို ျဖတ္လို႔မရဘူး”“ညီမ က တာဝန္မက်လည္း ယာဥ္ေတြ ရႈပ္တဲ့ေနရာတိုင္းမွာ အျမင္မေတာ္ရင္ သြားၿပီးေတာ့ ရွင္းတယ္။

ဒါကိုလည္းျပည္သူေတြက ျမင္တယ္။ အဲ့ဒါေၾကာင့္ ျပည္သူေတြရဲ႕ သေဘာနဲ႔ ပရဟိတအသင္းေလးက ဂုဏ္ျပဳခ်ီးျမင့္တာပါ။

အေပၚယံစိတ္နဲ႔ မလုပ္ပဲ ေသခ်ာလုပ္ေတာ့ ကိုယ့္ကိုေရာဂါသည္ဆိုတာကို ေမ့သြားတယ္။ အလုပ္ပဲ လုပ္ခ်င္တယ္။

ေသတဲ့အထိကို လုပ္သြားမယ္” လို႔ သူ႔ရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္သြားခဲ့ပါတယ္။ ကင္ဆာေရာဂါ ျဖစ္ေနတာေတာင္

ခ်ီးက်ဳးစရာေကာင္းၿပီး တာဝန္သိတတ္မႈအျပည့္နဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ မပပဝင္း ကေတာ့ တကယ့္ကို ခ်ီးက်ဳးေလးစားစရာ ေကာင္းလွပါတယ္။

Credit : Nanmalgyi