ၾကက္သြန္နီဥႀကီးတစ္လုံး ၁၀၀ က်ပ္ေက်ာ္ တန္ေၾကးရွိလာၿပီး တစ္ပိႆာ ၃ ေထာင္ေက်ာ္လာေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္ရွိ ကုန္စည္ေရာင္းခ်သူတစ္ဦးက ေျပာပါတယ္။
အဆိုပါ ေပါက္ေဈးသည္ စားသုံးသူေဈးကြက္အတြင္း ၿပီးခဲ့သည့္ ဩဂုတ္လ ၂၀ ရက္ေန႔မွ စတင္ကာ ျမင့္တက္လာခဲ့ျခင္းျဖစ္ၿပီး ၾကက္သြန္နီ အစိတ္သားလွ်င္ ၈၀၀ က်ပ္ႏွင့္ ၾကက္သြန္ျဖဴ အစိတ္သားကို ၁၅၀၀ က်ပ္ေပါက္ေဈးရွိေၾကာင္း သိရပါတယ္။
“ၾကက္သြန္ေဈးက ေ႐ႊေဈးလိုပဲ။ ဆိုင္မွာဆို ေအာက္ျပဳတ္က်မွာကိုေတာင္သတိထားေနရတယ္။ တစ္လုံးကို ၁၂၀၊ ၁၅၀ေလာက္တန္ေနၿပီ။ အာလူးလည္း တစ္ပိႆာသုံးေထာင္အထိတက္လာေနၿပီ” ကုန္စည္ေရာင္းခ်သူတဦးက ေျပာပါတယ္။
ရန္ကုန္တိုင္းအတြင္း ၾကက္သြန္နီေဈးကြက္သည္ ဆက္လက္ျမင့္မားႏိုင္ေခ်ရွိၿပီး လက္ရွိမွာ ၾကက္သြန္ဒိုင္မ်ားတြင္ ဝယ္လိုအား မ်ားေနတာေၾကာင့္ ေဈးႏႈန္း ျမင့္တက္လာတာ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိတြင္ ဘုရင့္ေနာင္ကုန္စည္ဝင္းအတြင္းသို႔ ၾကက္သြန္နီကား ၂၀ စီးေက်ာ္သာ ဝင္ေရာက္ၿပီး ၾကက္သြန္နီဒိုင္ေဈးအတြင္း ဥႀကီး တစ္ပိႆာလွ်င္ ၃၁၅၀ က်ပ္မွ ၃၃၀၀ က်ပ္အထိ ေပါက္ေနၿပီး အခ်ိန္နဲ႔ အမွ် ေဈးတက္ေနတယ္လို႔ သိရပါတယ္။
ျမန္မာ့ၾကက္သြန္နီ ေဈးကြက္ဟာ ယခင္ႏွစ္မ်ားကတည္းက တည္ၿငိမ္မႈ မရွိဘဲ ေဈးတက္လွ်င္ အလြန္အကြၽံ တက္ေလ့ ရွိၿပီး ေဈးႏႈန္းက်ဆင္းလွ်င္လည္း တပိႆာလွ်င္ တရာက်ပ္ေတာင္ မရတဲ့ အေျခအေနမ်ိဳး ျဖစ္ေပၚခဲ့ပါတယ္။ ယခင္တုန္းကေတာ့ ျပည္တြင္းက ထုတ္လုပ္မႈ ေလ်ာ့က်ပါက တ႐ုတ္ႏိုင္ငံကေန ၾကက္သြန္ေတြ တင္သြင္းၿပီး အစားထိုးခဲ့ရတဲ့ သာဓကေတြ ရွိခဲ့ပါတယ္။
ျမန္မာျပည္ရဲ႕ အေျခခံ မီးဖိုေခ်ာင္ စားကုန္ထဲမွာ မပါမျဖစ္တဲ့ ၾကက္သြန္နီ ေဈးႏႈန္းဟာ ဆက္လက္ တက္ႏိုင္ေျခ ရွိေနၿပီး လက္ရွိ ေငြေၾကးတန္ဖိုးေလ်ာ့က်ႏႈန္းနဲ႔ဆိုပါက ၾကက္သြန္နီ တပိႆာလွ်င္ တေသာင္း ျဖစ္လာႏိုင္တယ္လို႔ ေဈးကြက္ ပညာရွင္မ်ားက ခန႔္မွန္းထားပါတယ္။ ျပည္သူေတြအေနနဲ႔ကေတာ့ စီးပြားေရး ၿပိဳလဲမႈနဲ႔ ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကို အျပင္းအထန္ ခံစားေနရၿပီ ျဖစ္ပါတယ္။
Unicode
ကြက်သွန်နီဥကြီးတစ်လုံး ၁၀၀ ကျပ်ကျော် တန်ကြေးရှိလာပြီး တစ်ပိဿာ ၃ ထောင်ကျော်လာကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ကုန်စည်ရောင်းချသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ပေါက်ဈေးသည် စားသုံးသူဈေးကွက်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကြက်သွန်နီ အစိတ်သားလျှင် ၈၀၀ ကျပ်နှင့် ကြက်သွန်ဖြူ အစိတ်သားကို ၁၅၀၀ ကျပ်ပေါက်ဈေးရှိကြောင်း သိရပါတယ်။
“ကြက်သွန်ဈေးက ရွှေဈေးလိုပဲ။ ဆိုင်မှာဆို အောက်ပြုတ်ကျမှာကိုတောင်သတိထားနေရတယ်။ တစ်လုံးကို ၁၂၀၊ ၁၅၀လောက်တန်နေပြီ။ အာလူးလည်း တစ်ပိဿာသုံးထောင်အထိတက်လာနေပြီ” ကုန်စည်ရောင်းချသူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ကြက်သွန်နီဈေးကွက်သည် ဆက်လက်မြင့်မားနိုင်ချေရှိပြီး လက်ရှိမှာ ကြက်သွန်ဒိုင်များတွင် ဝယ်လိုအား များနေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဝင်းအတွင်းသို့ ကြက်သွန်နီကား ၂၀ စီးကျော်သာ ဝင်ရောက်ပြီး ကြက်သွန်နီဒိုင်ဈေးအတွင်း ဥကြီး တစ်ပိဿာလျှင် ၃၁၅၀ ကျပ်မှ ၃၃၀၀ ကျပ်အထိ ပေါက်နေပြီး အချိန်နဲ့ အမျှ ဈေးတက်နေတယ်လို့ သိရပါတယ်။
မြန်မာ့ကြက်သွန်နီ ဈေးကွက်ဟာ ယခင်နှစ်များကတည်းက တည်ငြိမ်မှု မရှိဘဲ ဈေးတက်လျှင် အလွန်အကျွံ တက်လေ့ ရှိပြီး ဈေးနှုန်းကျဆင်းလျှင်လည်း တပိဿာလျှင် တရာကျပ်တောင် မရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်တုန်းကတော့ ပြည်တွင်းက ထုတ်လုပ်မှု လျော့ကျပါက တရုတ်နိုင်ငံကနေ ကြက်သွန်တွေ တင်သွင်းပြီး အစားထိုးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အခြေခံ မီးဖိုချောင် စားကုန်ထဲမှာ မပါမဖြစ်တဲ့ ကြက်သွန်နီ ဈေးနှုန်းဟာ ဆက်လက် တက်နိုင်ခြေ ရှိနေပြီး လက်ရှိ ငွေကြေးတန်ဖိုးလျော့ကျနှုန်းနဲ့ဆိုပါက ကြက်သွန်နီ တပိဿာလျှင် တသောင်း ဖြစ်လာနိုင်တယ်လို့ ဈေးကွက် ပညာရှင်များက ခန့်မှန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ စီးပွားရေး ပြိုလဲမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီ ဖြစ်ပါတယ်။