ၾကားသိရသမွ်

မိသားစုနဲ့ခွဲပစ်လိုက်တဲ့ ကံတရားကို အပြစ်တင်နေတဲ့ လွတ်မြောက်နယ်မြေရောက် ဦးကျော်သက်လင်း

မိသားစုနဲ့ခွဲပစ်လိုက်တဲ့ ကံတရားကို အပြစ်တင်နေတဲ့ လွတ်မြောက်နယ်မြေရောက် ဦးကျော်သက်လင်း

” ကျန်းမာတော်ပါကြပါစ ခင်ဗျာ “ဆိုတဲ့ ည၈နာရီသတင်းမှာ နေ့စဉ်မြင်တွေ့နေကျဖြစ်တဲ့ MRTV သတင်းကြောငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ကိုတော့လူတိုင်းလူတိုင်း သတိထားမိလိမ့်မယ်ထင်ပါတယ်။

ဦးကျော်သက်လင်း ဟာ တခေတ်တစ်ခါတုန်းကတည်းက ဝါရင့်သတင်းကြေငြာသူတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဦး‌ကျော်သက်လင်း ဟာမိသားစုနဲ့ခွဲပစ်လိုက်တဲ့ ကံတရားကြီးကို မုန်းတီးနေပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်လောက်က ဦးကျော်သက်လင်း ကို ကြေးမုံသတင်းစာမှတစ်ဆင့် မိဘတွေကအမွေပြတ်ကြော်ငြာခဲ့ပြီး ဇနီးဖြစ်သူကလဲ မသက်ဆိုင်တော့ကြောင်း ကြော်ငြာခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဦးကျော်သက်လင်း ဟာ ” ဒါအချစ်လား…? သေချာလား…..? ပြန်စဥ်းစားကြည့်တော့ အဖြေကိုရှာမရ…..ကိုယ်ပေါင်းဖက်ပေးခဲ့တဲ့ ထောင်ချီတဲ့ မဂ်လာမောင်မယ်တွေ ရွှေလက်တွဲမြဲကြစေဖို့

ဒီဦးလေးကြီးက ယတြာချေပေးလိုက်တယ်လို့ပဲမှတ်ယူကြပါတော့…၄၀ ကျော်ကတည်းက တက်လိုက်တဲ့ ပြသာနာပျက်လိုက်တဲ့ နာမည် လုပ်ခဲ့ဘူးတဲ့ အမှားများခုထိ မိသားစုတကွဲတပြားမကျေနပ်သေးဘူးလား ကံဇာတ်ဆရာ။

ခုချိန်ထိတော့ အောင့်လာတဲ့ ဘယ်ဘက်ရင်အုံကိုဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ ” လို့သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ပေါ်မှာ ရေးသားထားတာကြောင့် ပရိသတ်တွေအားလုံးဟာစိတ်မကောင်းဖြစ်နေကြပါတယ်။

ပရိသတ်ကြီးရေ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ဦးကျော်သက်လင်း အတွက်အားပေးစကားလေးတွေ ကောမန့်မှာပြောပေးခဲ့ပါအုန်းနော်။

အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd

Unicode

မိသားစုနဲ႔ခြဲပစ္လိုက္တဲ့ ကံတရားကို အျပစ္တင္ေနတဲ့ လြတ္ေျမာက္နယ္ေျမေရာက္ ဦးေက်ာ္သက္လင္း

” က်န္းမာေတာ္ပါၾကပါစ ခင္ဗ်ာ “ဆိုတဲ့ ည၈နာရီသတင္းမွာ ေန႔စဥ္ျမင္ေတြ႕ေနက်ျဖစ္တဲ့ MRTV သတင္းေၾကာျငာသူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ကိုေတာ့လူတိုင္းလူတိုင္း သတိထားမိလိမ့္မယ္ထင္ပါတယ္။

ဦးေက်ာ္သက္လင္း ဟာ တေခတ္တစ္ခါတုန္းကတည္းက ဝါရင့္သတင္းေၾကျငာသူတစ္ဦးအျဖစ္ အသက္ေမြးဝမ္းေက်ာင္းျပဳလုပ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ျမန္မာျပည္မွာ အာဏာစတင္သိမ္းခဲ့ခ်ိန္ကတည္းက အေစာဆုံး CDM ျပဳလုပ္ခဲ့သူတစ္ဦးျဖစ္ၿပီး ျပည္သူေတြနဲ႔အတူတူ အမွန္တရားဘက္ကေန ျပတ္ျပတ္သားသားရပ္တည္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

၅၀၅ က နဲ႔တရားစြဲဆိုခံခဲ့ရတာေၾကာင့္ တိမ္းေရွာင္ရင္း လြတ္ေျမာက္နယ္‌ေျမမွာ ေရာက္ရွိခဲ့ၿပီး မိသားစုနဲ႔ခြဲခြာေနခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဦး‌ေက်ာ္သက္လင္း ဟာမိသားစုနဲ႔ခြဲပစ္လိုက္တဲ့ ကံတရားႀကီးကို မုန္းတီးေနပါတယ္။

လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ဦးေက်ာ္သက္လင္း ကို ေၾကးမုံသတင္းစာမွတစ္ဆင့္ မိဘေတြကအေမြျပတ္ေၾကာ္ျငာခဲ့ၿပီး ဇနီးျဖစ္သူကလဲ မသက္ဆိုင္ေတာ့ေၾကာင္း ေၾကာ္ျငာခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ဦးေက်ာ္သက္လင္း ဟာ ” ဒါအခ်စ္လား…? ေသခ်ာလား…..? ျပန္စဥ္းစားၾကည့္ေတာ့ အေျဖကိုရွာမရ…..ကိုယ္ေပါင္းဖက္ေပးခဲ့တဲ့ ေထာင္ခ်ီတဲ့ မဂ္လာေမာင္မယ္ေတြ ေ႐ႊလက္တြဲၿမဲၾကေစဖို႔

ဒီဦးေလးႀကီးက ယၾတာေခ်ေပးလိုက္တယ္လို႔ပဲမွတ္ယူၾကပါေတာ့…၄၀ ေက်ာ္ကတည္းက တက္လိုက္တဲ့ ျပသာနာပ်က္လိုက္တဲ့ နာမည္ လုပ္ခဲ့ဘူးတဲ့ အမွားမ်ားခုထိ မိသားစုတကြဲတျပားမေက်နပ္ေသးဘူးလား ကံဇာတ္ဆရာ။

ခုခ်ိန္ထိေတာ့ ေအာင့္လာတဲ့ ဘယ္ဘက္ရင္အုံကိုဖိရင္း တည္ၿငိမ္စြာရင္ဆိုင္လ်က္ပါ ” လို႔သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာ‌ေပၚမွာ ေရးသားထားတာေၾကာင့္ ပရိသတ္ေတြအားလုံးဟာစိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ပရိသတ္ႀကီးေရ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတဲ့ ဦးေက်ာ္သက္လင္း အတြက္အားေပးစကားေလးေတြ ေကာမန႔္မွာေျပာေပးခဲ့ပါအုန္းေနာ္။

အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Crd