ဗဟုသုတ

ရန်ကုန်မြို့တွင် မိန်းကလေးငယ်များ ထူးဆန်းစွာ ဆက်တိုက် ပျောက်ဆုံးနေ

ယနေ့ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေတဲ့ အကြော င်းအရာကတော့ ရန်ကုန်မြို့မှာ မိန်းကလေး ငယ်များ ဆက်တိုက် ပျောက်ဆုံးနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မိန်းကလေးငယ် (၂) ဦး ပျောက် ဆုံးမှုကို လူမှုကွန်ယက် အသုံးပြုသူအများအပြားက မျှဝေနကြပြီး ထင်ကြေး အမျိုးမျိုး ပေးလျက်ရှိပါတယ်။ပထမ ဖြစ်စဉ်မှာတော့ စမ်းချောင်းမြို့နယ်မှ မိန်းကလေးငယ် တဦး ည ၉ နာရီ အချိန် မင်္ဂလာလမ်းမှ ဦးစံညွှန့်လမ်းကို အပြန်မှာ အင်္ကျီ အဝါရောင် ဝတ်ထားတဲ့ မိန်းမတဦးက လက်နဲ့ လာထိပြီးနောက် ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။

ဒုတိယ ဖြစ်စဉ်မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းဈေးကလေး ရပ်ကွက်သို့ မုန့်သွားစားတဲ့ မိန်းကလေးငယ် တဦး အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

တို့ဆေးနဲ့ ခေါ်သွားတာလည်း ဖြစ်နိုင်ကြောင်း၊ တခြား ကိစ္စတခုခုနဲ့ ခဏ ပျောက်သွားတာလည်း ဖြစ်နိုင်ကြောင်း၊ ဘာပဲ ဖြစ်ဖြစ် ဒီလိုခေတ်ကြီးထဲမှာ အထူးဂရုပြုနေကြဖို့ သင့်ပြီ ဖြစ်ကြောင်း လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက်ပေးပါတယ်။

စမ်းချောင်းမှ မိန်းကလေးငယ် ပျောက်ဆုံး သွားတဲ့အကြောင်း တင်ထားတဲ့ပို့စ်ကတော့ ပြန်လည်ဖျက်သွားပြီ ဖြစ်ပေမယ့် ကြည့်မြင်တိုင် ဖြစ်စဉ်ကတော့ ၂၄ နာရီကြာတဲ့အထိ မဖျက်သေးဘူးလို့ သိရပါတယ်။

နောက်ထပ် လူပျောက်မှု ဖြစ်စဉ်တွေ ရှိနိုင်သေးတာကြောင့် ပြည်သူများအနေနဲ့ မိမိ ပတ်ဝန်းကျင်မှာ မသင်္ကာစရာများ တွေ့ရှိပါက အချင်းချင်း ကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူများက မှတ်ချက်ပေးနေကြပါတယ်။

Zawgyi

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ယေန႕ လူမႈကြန္ယက္ေပၚမွာ လူေျပာမ်ားေနတဲ့ အေၾကာ င္းအရာကေတာ့ ရန္ကုန္ၿမိဳ႕မွာ မိန္းကေလး ငယ္မ်ား ဆက္တိုက္ ေပ်ာက္ဆုံးေနတဲ့ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ မိန္းကေလးငယ္ (၂) ဦး ေပ်ာက္ ဆုံးမႈကို လူမႈကြန္ယက္ အသုံးျပဳသူအမ်ားအျပားက မွ်ေဝနၾကၿပီး ထင္ေၾကး အမ်ိဳးမ်ိဳး ေပးလ်က္ရွိပါတယ္။ပထမ ျဖစ္စဥ္မွာေတာ့ စမ္းေခ်ာင္းၿမိဳ႕နယ္မွ မိန္းကေလးငယ္ တဦး ည ၉ နာရီ အခ်ိန္ မဂၤလာလမ္းမွ ဦးစံၫႊန႔္လမ္းကို အျပန္မွာ အကၤ်ီ အဝါေရာင္ ဝတ္ထားတဲ့ မိန္းမတဦးက လက္နဲ႕ လာထိၿပီးေနာက္ ေပ်ာက္ဆုံး သြားတယ္လို႔ သိရပါတယ္။

ဒုတိယ ျဖစ္စဥ္မွာေတာ့ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ထီးတန္းေဈးကေလး ရပ္ကြက္သို႔ မုန႔္သြားစားတဲ့ မိန္းကေလးငယ္ တဦး အိမ္ျပန္မလာဘဲ ေပ်ာက္ဆုံးသြားတယ္လို႔ သိရပါတယ္။

တို႔ေဆးနဲ႕ ေခၚသြားတာလည္း ျဖစ္နိုင္ေၾကာင္း၊ တျခား ကိစၥတခုခုနဲ႕ ခဏ ေပ်ာက္သြားတာလည္း ျဖစ္နိုင္ေၾကာင္း၊ ဘာပဲ ျဖစ္ျဖစ္ ဒီလိုေခတ္ႀကီးထဲမွာ အထူးဂ႐ုျပဳေနၾကဖို႔ သင့္ၿပီ ျဖစ္ေၾကာင္း လူမႈကြန္ရက္ အသုံးျပဳသူတဦးက မွတ္ခ်က္ေပးပါတယ္။

စမ္းေခ်ာင္းမွ မိန္းကေလးငယ္ ေပ်ာက္ဆုံး သြားတဲ့အေၾကာင္း တင္ထားတဲ့ပို႔စ္ကေတာ့ ျပန္လည္ဖ်က္သြားၿပီ ျဖစ္ေပမယ့္ ၾကည့္ျမင္တိုင္ ျဖစ္စဥ္ကေတာ့ ၂၄ နာရီၾကာတဲ့အထိ မဖ်က္ေသးဘူးလို႔ သိရပါတယ္။

ေနာက္ထပ္ လူေပ်ာက္မႈ ျဖစ္စဥ္ေတြ ရွိနိုင္ေသးတာေၾကာင့္ ျပည္သူမ်ားအေနနဲ႕ မိမိ ပတ္ဝန္းက်င္မွာ မသကၤာစရာမ်ား ေတြ႕ရွိပါက အခ်င္းခ်င္း ကာကြယ္ေစာင့္ေရွာက္ၾကဖို႔ လိုအပ္တယ္လို႔ လူမႈကြန္ရက္ အသုံးျပဳသူမ်ားက မွတ္ခ်က္ေပးေနၾကပါတယ္။

CRD