ၾကားသိရသမွ်

တိုက်ပွဲတွင် ဦးခေါင်းကို ထိမှန်ကာကျဆုံးသွားခဲ့သည့် အာဇာနည်သူရဲကောင်း မောင်ဟင်နရီ

ဒီဇင်ဘာလ ၃၁ ရက်နေ့တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်ရပြီး ဆေးကုသမှုခံယူနေစဉ် ကျဆုံးသွားခဲ့သည့် အာဇာနည်သူရဲကောင်း မောင်ဟင်နရီ

စစ်ကောင်စီတပ် လေကြောင်းဖြင့် ပစ်ခတ်သည့် လက်နက်ကြီး ကျည်စသည် ဟင်နရီ၏ ဦးခေါင်းကို ထိမှန်ကာ ဆေးကုသမှု ခံယူနေရင်း ဒီကနေ့ ဇန်နဝါရီလ ၂ ရက် မနက် ၁ နာရီ ဝန်းကျင်တွင် ကျဆုံးခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီ အရေးတော်ပုံ အတွက် အသက်ပေးသွားသော ရဲဘော်အား KNDF အမျိုးသား အာဇာနည် သူရဲကောင်းအဖြစ် လေးစား အသိမှတ်ပြု သမိုင်း မှတ်တမ်းတင်ကြောင်း KNDF တပ်ရင်း(၁) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ဂုဏ်ပြုထားသည်။

အသက် ၂၃ နှစ်အရွယ် ဟင်နရီ သည် ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြေဖြူကိုင်တဲ့လက်က သူ့တပည့်များ အနာဂတ်အတွက် မောင်းပြန် သေနတ်ကို ပြောင်းကိုင်ခဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။

unicode



