လူယုတ်မာများရဲ့လုပ်ကြံမှုကြောင့်ဘ၀နတ္ထံပျံလွန်တော်မူ
ယမန်နေ့ည သီတင်းကျွတ်လပြည့်နေ့ ဘုရားဆီမီး ဆက်ကပ် လှူဒါန်း ပရိတ် ပဌာန်း ရွတ်ဖတ်ပူဇော် နေသော ကလေးမြို့အောင်ရတနာ ကျောင်း ဆရာတော် လူယုတ်မာများရဲ့လုပ်ကြံမှုကြောင့် ဘ၀နတ္ထံ ပျံလွန်တော်မူ
ဆရာတော် အရှင်သူ မြတ် ဘုရား ကောင်းတဲ့ ဘုံ ဗိမ္မာန် ကောင်းတဲ့ ဘုံ ဘ၀မှာ ကောင်းစွာ အနားယူနိုင်ပါစေ ခုလို လူယုတ်မာ တွေနဲ့လည်း ဘ၀ အဆက်ဆက် မကြုံဆုံ ရပါစေနဲ့ 😔😔😔
အောင်ရတနာကျောင်း(စန္ဒာကျောင်း)ရှစ်မျက်နှာဘုရားကအုတ်တံတိုင်းဘေးမှာ၊ဆရာတော်ကညစဉ်ပရိပ်၊ပဌာန်းရွတ်ဖတ်ပူဇော်နေတာကြာပါ
ပြီလပြည့်ညကကျောင်းကဆရာတော်ကြီးနဲ့သံဃာအားလုံးည(၇)နာရီကျော်မှာကျောင်းဝန်းအတွင်းမီးဖယောင်းတိုင်လိုက်ထွန်းပူဇော်ကြပြီးနောက်(၈)နာရီလောက်မှာမိမိကျောင်းဆောင်အသီးသီးဝင်ပြိးကျိန်းနေကြပါ
တယ်ဆရာတော်ပညိန္ဒကအဲအုတ်တံတိုင်းဘေးကရှစ်မျက်နှာဘုရားမှာပရိပ်၊ပဌာန်းပြုမြဲဝတ်အတိုင်းရွတ်ဖတ်ကျန်ခဲ့ပါ
တယ်၊ည(၁၀)နာရီကျော်မှာအော်သံမပီမသကြား၍ကိုယ်ရင်တစ်ပါးကသွားကြည့်ရာမှာဆရာတော်ကိုသွေးအိုင်ထဲမှာ
ဓားဒါဏ်ရာများဖြင့်လဲကျနေကြောင်းတွေ့ရှိ၍ဆရာတော်ကြီးနှင့်သံဃာများကဆေးရုံပို့စဉ်ပျံလွန်တော်မူခြင်းဖြစ်ပါတယ်။
မပျံလွန်သေးခင်စကားမေးမရကြောင်းလည်းကျောင်းထိုင်ဆရာတော်ကြီးကမိန့်ခဲ့ပါသည်။အထူးဝမ်းနဲမျက်ရည်ကျခဲ့ပြီးလာဖူးသူဒကာ ဒကာမများလည်းအလောင်းတော်အားဖူးမြော်ယင်းငိုကြွေးကြပါသည်။
ဆရာတော်ကနိုင်ငံရေးမလုပ်၊ဓမ္မစကူးလ်သင်တန်းကိုဦးစီးသူဖြစ်ပြီး၊ကျောင်းများမပိတ်ခင်၉တန်း၊၁၀တန်းပညာဒါနကျောင်းသား/ကျောင်းသူမျာကိုအုပ်ချုပ်ခဲ့သူလည်းဖြစ်ပါသည်အုတ်တိုင်းမှာ(၄)ပေသာ
မြင့်၍ဆရာတော်ပဌန်းရွတ်နေစဉ်ကျော်ဝင်းပြီးဒါးနှင့်ခုတ်သွားသည်ဟုယူဆရပါသည်၊ဆရာတော်ကောင်းရာဘုံသို့ရောက်ပါစေဘုရား။
Hay Man Hnin
zawgyi version
Hay Man Hnin