ၾကားသိရသမွ်

Facebook ကို နာမည်ပြောင်းတော့မယ်လို့ သတင်းများထွက်ပေါ်

Facebook ကို နာမည်ပြောင်းတော့မယ်လို့ သတင်းများထွက်ပေါ်

Facebook ဟာ လာမည့်အပတ်တွင်းမှာပဲ နာမည်ပြောင်းလဲသွားဖို့ အစီအစဉ်ရှိတယ်လို့ The Verge သတင်းဌာနမှ အင်္ဂါနေ့ညနေခင်း သတင်းများတွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Facebook ဟာ လူမှုကွန်ယက်မီဒီယာကုမ္ပဏီတစ်ခုထက် metaverse ကုမ္ပဏီတစ်ခုဖြစ်လာစေရန် အထူးအာရုံစိုက်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook ကုမ္ပဏီရဲ့ အဓိက ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ရဲ့ အမည်ကို ပြောင်းလဲဖို့ ရည်ရွယ်လိုက်တယ်လို့ သတင်းများအရ သိရသည်။

စီးအီးအို ဇူကာဘတ်သည် နာမည်ပြောင်းလဲရန်အတွက် အောက်တိုဘာ ၂၈ရက်နေ့မှာ ကျင်းပမယ့် Facebook ရဲ့ နှစ်စဉ်ဆက်သွယ်ရေးကွန်ဖရင့်စ်တွင် ဆွေးနွေးသွားမှာဖြစ်ပြီး ပြောင်းလဲသွားမယ့် နာမည်ကိုတော့ ကွန်ဖရင်စ့် မတိုင်ခင်မှာတင် ကြေညာသွားမယ်လို့ သိရပါတယ်။

Facebook ကုမ္ပဏီဘက်မှ မည်သည့် မှတ်ချက်နဲ့ ကောလာဟလ များကိုမှ တုန့်ပြန်သွားမှာမဟုတ်ကြောင်း” Facebook ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ ပြောကြားထားပါတယ်။

Credit: MyanmarPlatform

Zawgyi

Facebook ကို နာမည္ေျပာင္းေတာ့မယ္လို႔ သတင္းမ်ားထြက္ေပၚ

Facebook ဟာ လာမည့္အပတ္တြင္းမွာပဲ နာမည္ေျပာင္းလဲသြားဖို႔ အစီအစဥ္ရွိတယ္လို႔ The Verge သတင္းဌာနမွ အဂၤါေန႔ညေနခင္း သတင္းမ်ားတြင္ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

Facebook ဟာ လူမႈကြန္ယက္မီဒီယာကုမၸဏီတစ္ခုထက္ metaverse ကုမၸဏီတစ္ခုျဖစ္လာေစရန္ အထူးအာ႐ုံစိုက္ထားတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Facebook ကုမၸဏီရဲ႕ အဓိက ဆိုရွယ္မီဒီယာျဖစ္တဲ့ Facebook ရဲ႕ အမည္ကို ေျပာင္းလဲဖို႔ ရည္႐ြယ္လိုက္တယ္လို႔ သတင္းမ်ားအရ သိရသည္။

စီးအီးအို ဇူကာဘတ္သည္ နာမည္ေျပာင္းလဲရန္အတြက္ ေအာက္တိုဘာ ၂၈ရက္ေန႔မွာ က်င္းပမယ့္ Facebook ရဲ႕ ႏွစ္စဥ္ဆက္သြယ္ေရးကြန္ဖရင့္စ္တြင္ ေဆြးေႏြးသြားမွာျဖစ္ၿပီး ေျပာင္းလဲသြားမယ့္ နာမည္ကိုေတာ့ ကြန္ဖရင္စ့္ မတိုင္ခင္မွာတင္ ေၾကညာသြားမယ္လို႔ သိရပါတယ္။

Facebook ကုမၸဏီဘက္မွ မည္သည့္ မွတ္ခ်က္နဲ႔ ေကာလာဟလ မ်ားကိုမွ တုန႔္ျပန္သြားမွာမဟုတ္ေၾကာင္း” Facebook ရဲ႕ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးကေတာ့ ေျပာၾကားထားပါတယ္။

Credit: MyanmarPlatform