ၾကားသိရသမွ်

ဘဏ်တွေပြိုလဲသွားလို့ ဘဝပျက်သွာ းတဲ့ ဘဏ်သူဌေ းဆိုတာ လုံးဝမရှိပါဘူး

၂၀၀၃ မွာ အာရွဓန ဘဏ္ လိုင္စင္အ႐ုတ္သိမ္းခံရပါတယ္ ။ ၿပိဳလဲသြားရၿပီဆိုတဲ့ ဘဏ္သူေဌးလူမြဲ ဦးအိုက္ထြန္း ႀကီးက သူ႔ရဲ႕ Olympic Construction ကို ၂၀၀၄ မွာ ” ေ႐ႊေတာင္ ” လို႔ နာမည္ေျပာင္းၿပီး ျပန္လာပါတယ္ ။

တစ္ႏွစ္ပဲၾကာပါတယ္ ။ အခုဆို သူ႔ရဲ႕ ပိုင္ဆိုင္မႈ asset ေတြက အာရွဓနဘဏ္ ပိုင္တုန္းကထက္ေတာင္ ၄ ဆ ေလာက္ပိုျမင့္လာၿပီလို႔ ခန္႔မွန္းယူဆၾကပါတယ္ ။

Epic comeback ေပါ့ ။ ဘဲႀကီးကရင့္ပါတယ္ ။ ၂၀၀၃ မွာ ဘဏ္ၿပိဳတယ္ ။ရတယ္။မွတ္ထားေနာ္ ျမန္မာ့စီးပြားေရးေလာက ။၂၀၀၄ မွာ သူ႔ Company ကို နာမည္ေျပာင္းၿပီးျပန္က်ဳံးတယ္ ။ ေျပာင္းတာေတာင္ အဂၤလိပ္နာမည္ ” Olympic ” ကို ျမန္မာလို ” ေ႐ႊေတာင္ ” တဲ့ ။ မခန္႔တာ ။ အတိတ္နဲ႔နမိတ္နဲ႔ ။

ထားပါ ။ ေျပာခ်င္တာက ဒီမွာ ဘယ္ဘဏ္သူေဌးမွ ဘဏ္ၿပိဳလဲသြားလို႔ ဒုကၡ မေရာက္သြားသလို အက်ပ္အတည္းလဲ မျဖစ္သြားဘူးဆိုတဲ့အေၾကာင္းပါ ။ ဘာလို႔လဲဆိုေတာ့ နဂိုကတည္းက ျမန္မာျပည္မွာ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈေတြဟာ ေကာင္းေကာင္းမတြင္က်ယ္ မထြန္းကားေသးလို႔ပါပဲ ။

ျမန္မာျပည္က ဘဏ္ေတြဟာ အပ္ေငြ ၊ ေခ်းေငြ နဲ႔ ေငြလႊဲ ေလာက္သာ ျဖစ္ျဖစ္ထြန္းထြန္းလုပ္ကိုင္ႏိုင္ၿပီး အျခားဆက္စပ္ဝန္ေဆာင္မႈေတြကို ေကာင္းေကာင္းမျဖည့္ဆည္းေပးႏိုင္ေသးပါဘူး ။ Digital Curency လည္း မထြန္းကားေသးပါဘူး ။ ျပည္သူလူထုေတြကလည္း အထူးတလည္ အသုံးျပဳဖို႔စိတ္အားမထက္သန္ေသးပါဘူး ။

ျမန္မာျပည္ လြတ္လပ္ေရးမရခင္တစ္ႏွစ္ ၁၉၄၇မွာေတာင္ အေမရိကန္မွာ credit ကဒ္သုံးစြဲမႈကို ထိန္းခ်ဳပ္ဖို႔ ဝန္ေဆာင္ခေတြ တိုးျမႇင့္လိုက္ရေပမယ့္ ၊ အခု ၂၀၂၁ ထိ ကြၽန္ေတာ္တို႔ဆီမွာေတာ့ ATM Card တစ္ကဒ္ အလကားလုပ္ေပးဖို႔ကိုေတာင္ ဘဏ္ဝန္ထမ္းေတြက ေခြၽးတလုံးလုံးနဲ႔ Marketing ဆင္းၿပီး ေတာင္းေတာင္းပန္ပန္နဲ႔ ဘဏ့္အေကာင့္ လိုက္ဖြင့္ေပးေနရပါတယ္ ။

ဒီက ျပည္သူေတြက တကယ့္ဆရာေတြပါ ။ အခု ကြၽန္ေတာ္တို႔ဆီမွာျဖစ္ေနတဲ့ အက်ပ္အတည္းက financial Crisis မဟုတ္ဘဲ Bank Run အေနအထားပါ ။ဘဏ္ေတြအေျပးၿပိဳင္တာ ကိုေျပာတာမဟုတ္ပါဘူး ။ဘဏ္ေတြကို မယုံၾကည္ၾကလို႔ ေငြေတြစုၿပဳံထုတ္ၾကတာကို ေျပာတာပါ ။ ဒါေတာင္ အျပည့္အဝ မဟုတ္ပါဘူး ။ ဘဏ္ေတြကို ယုံေနတဲ့သူေတြရွိပါေသးတယ္ ။

အဲ့ဒါက ဘယ္သူေတြလည္းဆိုေတာ့ အီလစ္ေတြ ၊ Typccon ေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြပါပဲ။ဘယ္သူေတြက မယုံလဲ ဆိုေတာ့ အခု ခင္ဗ်ားတို႔ကြၽန္ေတာ္တို႔လို အေျခခံလူတန္းစားျပည္သူေတြပါပဲ ။ ဒါကိုလည္း လက္ခံပါတယ္ ။ ဘာလို႔လဲဆိုေတာ့ ကိုယ့္ေခြၽးနည္းစာ နဲ႔ ငါးေသာင္းစု တစ္သိန္းစု ကုပ္ကပ္စုလာရတဲ့ေငြကို ဘယ္သူမွ အရႈံးဆုံးမခံႏိုင္ပါဘူး ။

ျမန္မာျပည္ဟာ အသိုင္းအဝိုင္းမရွိရင္ ၊ မ်က္ႏွာေျပာင္မတိုက္တတ္ရင္ ၊ ႏို႔မႀကီး ဖင္မႀကီးရင္ ၊ အသားမျဖဴရင္ အင္မတန္ေငြရွာရခက္ပါတယ္ ။ ဘယ္သူမွ ကိုယ္ပင္ပင္ပန္းပန္းရွာေဖြစုေဆာင္းထားတဲ့ေငြကို အဆုံးရႈံးမခံႏိုင္ပါဘူး ။ အဲ့ဒီေတာ့ ဆုံးရႈံးမွာစိုးရိမ္ပါတယ္ ။ အဲ့ဒီစိုးရိမ္စိတ္နဲ႔ အမွားေတြလုပ္မိပါတယ္ ။ အဲ့ဒီအမွားေတြေၾကာင့္ ဘယ္သူေတြနစ္နာလည္းဆိုေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြပဲနစ္နာပါတယ္ ။

ဘဏ္သူေဌးလည္း မနစ္နာပါဘူး ၊ အစိုးရလည္း မနစ္နာပါဘူး ၊ စစ္တပ္လည္း မနစ္နာပါဘူး ။ ကြၽန္ေတာ္ရွင္းျပပါမယ္ ။ အခု % ေတြနဲ႔ ကိုယ့္ေငြကို အေလွ်ာ့ခံၿပီး ထုတ္ေနၾကတာကိုပါ ။ ေငြသား အ႐ြက္ရွားပါးမႈ Note Rare Run က ေတာ့ ျမန္မာျပည္မွာ တကယ္ျဖစ္ေနပါတယ္ ။ ဒါေပမယ့္ တကယ္ရွားပါးတာလည္းမဟုတ္ပါဘူး ။ ေငြေတြက ေစ်းကြက္ထဲမွာလည္ေနပါတယ္ ။

တခ်ိဳ႕ေတြက အပင္ပန္းခံ ATM စက္ေတြမွာ ေန႔တိုင္းတန္းစီးၿပီး တစ္ရက္ ၂သိန္း ၃ သိန္းထုတ္ၿပီး ကိုယ့္အိမ္မွာ ကိုယ္သိမ္းထားၾကပါတယ္ ။ ဘဏ္ေတြမွာ တိုးေဝွ႔ၿပီးထုတ္ၾကပါတယ္ ။ အဲ့ဒီမွာ ရာခိုင္ႏႈန္းအေလွ်ာ့နဲ႔ ျမန္မာေငြကို ျမန္မာေငြနဲ႔ျပန္ေရာင္းတဲ့ အင္မတန္မွ အံ့​ၾသ ဆန္းက်ယ္စရာေကာင္းေသာ သာမာန္လူနားမလည္ႏိုင္ေသာ ၿဂိဳလ္သားစီးပြားေရးေစ်းကြက္ဟာ ေပၚလာပါတယ္ ။

🔴ဘယ္သူေတြဖန္တီးေနသလည္း ဘာေၾကာင့္ျဖစ္ေပၚလာလည္း ေတြးၾကည့္ပါ ။ 🔴ဒီအခ်ိန္မွာ ေန႔စဥ္ေငြသားအမ်ားဆုံးစီးဆင္းေနတာ ေစ်းေတြ ၊ ကုန္စုံဆိုင္ေတြ ၊ Retail outlet ေတြ ၊ ဆီဆိုင္ ေတြနဲ႔ သယ္ယူပို႔ေဆာင္ေရးလိုမ်ိဳး ေန႔စဥ္မရွိမျဖစ္သုံးေနရတဲ့ ဝန္ေဆာင္မႈလုပ္ငန္းတြပါ ။

ဥပမာ ခင္ဗ်ားဟာ ” ဂီးဂီး Mart ” ဆိုၿပီး supermarket ေတြဖြင့္ထားတဲ့ လုပ္ငန္းရွင္တစ္ေယာက္ဆိုပါေတာ့ ။ ( ဥပမာေနာ္ မွတ္ရသားရလြယ္ေအာင္လို႔ပါ ) ။ ဂီးဂီးMart ရဲ႕ေရာင္းအားဟာ ေန႔စဥ္ ေငြသား သိန္း သုံးရာ အထက္မွာ အနည္းဆုံးရွိပါတယ္ ။ ဆိုင္ခြဲ ၁၀ ခု ဆို တစ္ရက္ကို ေငြသားအ႐ြက္ႀကီးပဲ သိန္းသုံးေထာင္ရပါမယ္ ။ ဒီကာလမွာေတာ့ ေ႐ႊပါပဲ ။ အရင္ဆို ခင္ဗ်ားဟာ ဘဏ္မွာ keep it လုပ္ေနၾကပါ ။

အခုဒီကိစၥေတြျဖစ္ေနေတာ့ အဲ့ဒီမွာ ခင္ဗ်ားဟာ ခင္ဗ်ားေဘာ္ဒါ အနဲေလးတို႔ အတီးေလးတို႔ နဲ႔ေပါင္းၿပီး USD နဲ႔ ေ႐ႊ အရမ္းဝယ္ခ်င္ေနၾကတဲ့ လူေတြကို ၃% အေလွ်ာ့နဲ႔ ေငြသားျပန္ထုတ္ေပးၿပီး ဘဏ့္အေကာင့္ထဲက ပိုက္ဆံနဲ႔လဲပါတယ္ ။ သိန္းတစ္ေထာင္ကို ကိုးရာ့ခုႏွစ္ဆယ္ ဆိုေတာ့ ေနရင္းထိုင္ရင္း သိန္းသုံးဆယ္ျမတ္ပါတယ္ ။ ဒါလက္ကားေစ်းေနာ္။လက္လီဆို ၁၀ % ထိေပါက္ေနပါၿပီ။

အနဲေလးကလည္း USD လက္လႊဲအေရာင္းနဲ႔တင္ ၅ က်ပ္ေလာက္ျမတ္လိုက္ပါေသးတယ္ ။ အတီးေလးကလည္း အေခါက္ကိုကစားရင္း ၃က်ပ္ေလာက္ ခိုင္လိုက္ပါေသးတယ္ ။ အဲ့ဒီမွာ ခင္ဗ်ားရယ္ အနဲေလးရယ္ အတီးေလးရယ္ က သံပုရာသီးေလးေတြဆီကေန ၈ က်ပ္ဖိုးေလာက္ႏႊာလိုက္ၿပီးပါၿပီ ။ ၿပီးေတာ့ ကိုယ့္ဘဏ့္အေကာင့္ထဲကိုဝင္လာတဲ့ပိုက္ဆံကို Call Deposit ျပန္ထားေတာ့ ဘဏ္ဆီကေနလည္း ေန႔စဥ္အတိုးရပါေသးတယ္ ။

ခင္ဗ်ားလဲေပးလိုက္ရတဲ့ေငြသားအတြက္လည္း စိတ္မပူပါနဲ႔ ေန႔စဥ္ စားေသာက္ကုန္ေရာင္းရေငြထဲကေန ေငြသားအ႐ြက္ေတြျပန္ထြက္လာပါလိမ့္မယ္ ။ ဟုတ္ၿပီ အဲ့ဒါဆို တခုျပန္ေထာက္မယ္ ။ သိန္းတစ္ေထာင္ဆို သိန္းတစ္ေထာင္လုံးျမတ္တာမွ မဟုတ္တာ ကိုးရာေလာက္က အရင္း ၊ Supplier ေတြကိုျပန္ေခ်ရေသးတယ္လို႔ ေျပာလို႔ရပါတယ္ ။

စိတ္မပူပါနဲ႔ ။Supplier company ေသးေသးေလးေတြကို ခ်က္ နဲ႔ျပန္ရွင္းေပးလို႔ရပါတယ္ ။ သူတို႔ဖာသူသူတို႔ တိုးေဝွ႔ၿပီး ထုတ္ၾကေပေတာ့ ။ မရဘူး တခ်ိဳ႕ Item ေတြက မျဖစ္မေန ေငြသားနဲ႔ေခ်ေပးမွရမွာ ။ ကိစၥမရွိပါဘူး ။ May လ ၃ ရက္ေန႔ေနာက္ပိုင္းဖြင့္တဲ့ အေကာင့္သစ္မွန္သမွ် ေငြသားထည့္ရင္ ေငြသား အကန္႔အသတ္မရွိျပန္ထုတ္ေပးဖို႔ ၫႊန္ၾကားထားတဲ့ ဗဟိုဘဏ္ ဥပေဒကရွိေနပါေသးတယ္ ။

ကိုယ့္ရဲ႕ Super Market Branch ေတြ ၊ အနဲေလး တို႔ရဲ႕ လွ်ိဳ႕ဝွက္ Exchange ေကာင္တာေတြ ၊ အတီးေလးတို႔ရဲ႕ ေ႐ႊတြင္းေတြ ၊ အညာသားႀကီးရဲ႕ ဆီဆိုင္ေတြဆီကေန ေန႔စဥ္ ဗုံးေဘာလေအာတိုးဝင္ေနတဲ့ ေငြသားေတြကို တဘဏ္ဘဏ္ကိုလာေကာက္ခိုင္း ၊ အလကားေငြေရခိုင္းၿပီး ေနာက္ႏွစ္ရက္ေလာက္ေနရင္ျပန္ထုတ္႐ုံေပါ့ ။

တကယ့္ အဆီအသား ပြဲေတာ္ႀကီးပါပဲ ။ အႏွစ္ေတြခ်ည္းပဲစားရတာပါ ။ ဒါေတာင္ ေအာက္ျပည္ဆန္သူေဌးေတြ ၊ ပဲကုန္သည္ႀကီးေတြကို ထည့္မတြက္ထားေသးပါဘူး ။ ဒီ process ေလးကို ေသခ်ာေတြးၾကည့္မယ္ဆိုရင္ ဒီကာလအတြင္းမွာ ဘယ္သူေတြ အျမတ္ထြက္ေနတယ္ ၊ ဘယ္သူေတြ နစ္နာေနမယ္ ဆိုတာ ေတြးၾကည့္လို႔ရပါတယ္ ။

ဒါေၾကာင့္ ဒီကာလမွာ ႏိုင္ငံေရးအခက္အခဲကို ဗန္းၿပီၿပီး ဘယ္သူေတြေကာလဟာလ ကို တြင္တြင္က်ယ္က်ယ္ျဖန္႔ေနလည္းဆိုတာ သိေလာက္ပါၿပီ ။ တခါက ဂ်ာနယ္တစ္ေစာင္မွာ ဥေရာပ Brand ေတြ စီးႏိုင္တယ္၊ ဆီစားႀကီးလြန္းလို႔ Toyota ကိုပဲေ႐ြးစီးတာ လို႔ သူသိရွင္ၾကားေျပာဖူးတဲ့ ႐ိုးသားႀကိဳးသား ေအာင္သူမိုးသား ဆိုတဲ့ ေ႐ႊသူေဌးေလးတစ္ေယာက္ကေတာ့

Octane 95 တစ္လီတာ 1060 ျဖစ္သြားတဲ့ ေတာ္လွန္ေရးကာလအတြင္းမွာပဲ သူ႔ရဲ႕ Toyota Landcrusier ေလးကို ပစ္ပယ္ၿပီး မာစီးဒီးစ္ ကိုေျပာင္းစီးသြားခဲ့ပါၿပီ ။ ကြၽန္ေတာ္တို႔ကေတာ့ ၁၀ သိန္းကို ေငြသား၉ သိန္း နဲ႔လဲေပးမယ္ဆိုတဲ့ ၿဂိဳလ္သားေစ်းကြက္ကို ခုံမင္ေနတုန္း ။ ေျပာခ်င္တာက ဒါပါပဲ ။ ကိုယ့္ပိုက္ဆံကိုယ္ ထုတ္တာ မွန္ပါတယ္ ။ လက္လည္းလက္ခံပါတယ္ ။

အားလည္းအားေပးပါတယ္ ။ ဒါေပမယ့္ ကိုယ့္ပိုက္ဆံကိုယ္ အခ်ိန္ယူၿပီး ေသြးေအးေအးနဲ႔ အျပည့္ရမွ ထုတ္ၾကပါလို႔ ။ ရာခိုင္ႏႈန္း အေလွ်ာ့ခံၿပီး ကိုယ့္ပိုက္ဆံကို သူမ်ားအိပ္ကပ္ထဲ လြယ္လြယ္ေလး မေျပာင္းေပးလိုက္ပါနဲ႔ ။ ကိုယ္ပဲ နစ္နာလို႔ပါ ။ ႐ိုး႐ိုးေလး စဥ္းစားၾကည့္ပါ ။ ကိုယ့္ဘဏ့္အေကာင့္ထဲကပိုက္ဆံကိုယူၿပီး သူ႔လက္ထဲကေငြသားနဲ႔ လဲေပးတယ္ဆိုကတည္းက

အဲ့ဒီလဲေပးတဲ့သူက ဘဏ္ကိုယုံလို႔ေပါ့ ။ သူသာ ဘဏ္ေတြၿပိဳမယ္ထင္ရင္ သူ႔လက္ထဲကေငြသားပိုက္ဆံကို ကိုယ့္ဘဏ့္အေကာင့္ထဲက ပိုက္ဆံနဲလဲေပးပါ့မလား ။ တကယ့္ကို ႐ိုး႐ိုးေလးပါပဲ ။ ေျပာခ်င္တာက ဒါပါပဲ ။
Credit – ကိုေခ်ာနက်ယ္
ကိုေခ်ာနက်ယ္ရဲ႕ေရးသားခ်က္အာေဘာ္အားျပန္လည္မွ်ေဝျခင္းသက္သက္သာျဖစ္ပါတယ္။
ယူနီကုဒ္

မြန်မာမှာကော ကမ္ဘာမှာကော ဘဏ်တွေပြိုလဲသွားလို့ ဘဝပျက်သွားတဲ့ ဘဏ်သူဌေးဆိုတာ လုံးဝမရှိပါဘူး

၂၀၀၃ မှာ အာရှဓန ဘဏ် လိုင်စင်အရုတ်သိမ်းခံရပါတယ် ။ ပြိုလဲသွားရပြီဆိုတဲ့ ဘဏ်သူဌေးလူမွဲ ဦးအိုက်ထွန်း ကြီးက သူ့ရဲ့ Olympic Construction ကို ၂၀၀၄ မှာ ” ရွှေတောင် ” လို့ နာမည်ပြောင်းပြီး ပြန်လာပါတယ် ။

တစ်နှစ်ပဲကြာပါတယ် ။ အခုဆို သူ့ရဲ့ ပိုင်ဆိုင်မှု asset တွေက အာရှဓနဘဏ် ပိုင်တုန်းကထက်တောင် ၄ ဆ လောက်ပိုမြင့်လာပြီလို့ ခန့်မှန်းယူဆကြပါတယ် ။

Epic comeback ပေါ့ ။ ဘဲကြီးကရင့်ပါတယ် ။ ၂၀၀၃ မှာ ဘဏ်ပြိုတယ် ။ရတယ်။မှတ်ထားနော် မြန်မာ့စီးပွားရေးလောက ။၂၀၀၄ မှာ သူ့ Company ကို နာမည်ပြောင်းပြီးပြန်ကျုံးတယ် ။ ပြောင်းတာတောင် အင်္ဂလိပ်နာမည် ” Olympic ” ကို မြန်မာလို ” ရွှေတောင် ” တဲ့ ။ မခန့်တာ ။ အတိတ်နဲ့နမိတ်နဲ့ ။

ထားပါ ။ ပြောချင်တာက ဒီမှာ ဘယ်ဘဏ်သူဌေးမှ ဘဏ်ပြိုလဲသွားလို့ ဒုက္ခ မရောက်သွားသလို အကျပ်အတည်းလဲ မဖြစ်သွားဘူးဆိုတဲ့အကြောင်းပါ ။ ဘာလို့လဲဆိုတော့ နဂိုကတည်းက မြန်မာပြည်မှာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေဟာ ကောင်းကောင်းမတွင်ကျယ် မထွန်းကားသေးလို့ပါပဲ ။

မြန်မာပြည်က ဘဏ်တွေဟာ အပ်ငွေ ၊ ချေးငွေ နဲ့ ငွေလွှဲ လောက်သာ ဖြစ်ဖြစ်ထွန်းထွန်းလုပ်ကိုင်နိုင်ပြီး အခြားဆက်စပ်ဝန်ဆောင်မှုတွေကို ကောင်းကောင်းမဖြည့်ဆည်းပေးနိုင်သေးပါဘူး ။ Digital Curency လည်း မထွန်းကားသေးပါဘူး ။ ပြည်သူလူထုတွေကလည်း အထူးတလည် အသုံးပြုဖို့စိတ်အားမထက်သန်သေးပါဘူး ။

မြန်မာပြည် လွတ်လပ်ရေးမရခင်တစ်နှစ် ၁၉၄၇မှာတောင် အမေရိကန်မှာ credit ကဒ်သုံးစွဲမှုကို ထိန်းချုပ်ဖို့ ဝန်ဆောင်ခတွေ တိုးမြှင့်လိုက်ရပေမယ့် ၊ အခု ၂၀၂၁ ထိ ကျွန်တော်တို့ဆီမှာတော့ ATM Card တစ်ကဒ် အလကားလုပ်ပေးဖို့ကိုတောင် ဘဏ်ဝန်ထမ်းတွေက ချွေးတလုံးလုံးနဲ့ Marketing ဆင်းပြီး တောင်းတောင်းပန်ပန်နဲ့ ဘဏ့်အကောင့် လိုက်ဖွင့်ပေးနေရပါတယ် ။

ဒီက ပြည်သူတွေက တကယ့်ဆရာတွေပါ ။ အခု ကျွန်တော်တို့ဆီမှာဖြစ်နေတဲ့ အကျပ်အတည်းက financial Crisis မဟုတ်ဘဲ Bank Run အနေအထားပါ ။ဘဏ်တွေအပြေးပြိုင်တာ ကိုပြောတာမဟုတ်ပါဘူး ။ဘဏ်တွေကို မယုံကြည်ကြလို့ ငွေတွေစုပြုံထုတ်ကြတာကို ပြောတာပါ ။ ဒါတောင် အပြည့်အဝ မဟုတ်ပါဘူး ။ ဘဏ်တွေကို ယုံနေတဲ့သူတွေရှိပါသေးတယ် ။

အဲ့ဒါက ဘယ်သူတွေလည်းဆိုတော့ အီလစ်တွေ ၊ Typccon တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ဘယ်သူတွေက မယုံလဲ ဆိုတော့ အခု ခင်ဗျားတို့ကျွန်တော်တို့လို အခြေခံလူတန်းစားပြည်သူတွေပါပဲ ။ ဒါကိုလည်း လက်ခံပါတယ် ။ ဘာလို့လဲဆိုတော့ ကိုယ့်ချွေးနည်းစာ နဲ့ ငါးသောင်းစု တစ်သိန်းစု ကုပ်ကပ်စုလာရတဲ့ငွေကို ဘယ်သူမှ အရှုံးဆုံးမခံနိုင်ပါဘူး ။

မြန်မာပြည်ဟာ အသိုင်းအဝိုင်းမရှိရင် ၊ မျက်နှာပြောင်မတိုက်တတ်ရင် ၊ နို့မကြီး ဖင်မကြီးရင် ၊ အသားမဖြူရင် အင်မတန်ငွေရှာရခက်ပါတယ် ။ ဘယ်သူမှ ကိုယ်ပင်ပင်ပန်းပန်းရှာဖွေစုဆောင်းထားတဲ့ငွေကို အဆုံးရှုံးမခံနိုင်ပါဘူး ။ အဲ့ဒီတော့ ဆုံးရှုံးမှာစိုးရိမ်ပါတယ် ။ အဲ့ဒီစိုးရိမ်စိတ်နဲ့ အမှားတွေလုပ်မိပါတယ် ။ အဲ့ဒီအမှားတွေကြောင့် ဘယ်သူတွေနစ်နာလည်းဆိုတော့ ကျွန်တော်တို့ပြည်သူတွေပဲနစ်နာပါတယ် ။

ဘဏ်သူဌေးလည်း မနစ်နာပါဘူး ၊ အစိုးရလည်း မနစ်နာပါဘူး ၊ စစ်တပ်လည်း မနစ်နာပါဘူး ။ ကျွန်တော်ရှင်းပြပါမယ် ။ အခု % တွေနဲ့ ကိုယ့်ငွေကို အလျှော့ခံပြီး ထုတ်နေကြတာကိုပါ ။ ငွေသား အရွက်ရှားပါးမှု Note Rare Run က တော့ မြန်မာပြည်မှာ တကယ်ဖြစ်နေပါတယ် ။ ဒါပေမယ့် တကယ်ရှားပါးတာလည်းမဟုတ်ပါဘူး ။ ငွေတွေက ဈေးကွက်ထဲမှာလည်နေပါတယ် ။

တချို့တွေက အပင်ပန်းခံ ATM စက်တွေမှာ နေ့တိုင်းတန်းစီးပြီး တစ်ရက် ၂သိန်း ၃ သိန်းထုတ်ပြီး ကိုယ့်အိမ်မှာ ကိုယ်သိမ်းထားကြပါတယ် ။ ဘဏ်တွေမှာ တိုးဝှေ့ပြီးထုတ်ကြပါတယ် ။ အဲ့ဒီမှာ ရာခိုင်နှုန်းအလျှော့နဲ့ မြန်မာငွေကို မြန်မာငွေနဲ့ပြန်ရောင်းတဲ့ အင်မတန်မှ အံ့သြ ဆန်းကျယ်စရာကောင်းသော သာမာန်လူနားမလည်နိုင်သော ဂြိုလ်သားစီးပွားရေးဈေးကွက်ဟာ ပေါ်လာပါတယ် ။

🔴ဘယ်သူတွေဖန်တီးနေသလည်း ဘာကြောင့်ဖြစ်ပေါ်လာလည်း တွေးကြည့်ပါ ။ 🔴ဒီအချိန်မှာ နေ့စဉ်ငွေသားအများဆုံးစီးဆင်းနေတာ ဈေးတွေ ၊ ကုန်စုံဆိုင်တွေ ၊ Retail outlet တွေ ၊ ဆီဆိုင် တွေနဲ့ သယ်ယူပို့ဆောင်ရေးလိုမျိုး နေ့စဉ်မရှိမဖြစ်သုံးနေရတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွပါ ။

ဥပမာ ခင်ဗျားဟာ ” ဂီးဂီး Mart ” ဆိုပြီး supermarket တွေဖွင့်ထားတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုပါတော့ ။ ( ဥပမာနော် မှတ်ရသားရလွယ်အောင်လို့ပါ ) ။ ဂီးဂီးMart ရဲ့ရောင်းအားဟာ နေ့စဉ် ငွေသား သိန်း သုံးရာ အထက်မှာ အနည်းဆုံးရှိပါတယ် ။ ဆိုင်ခွဲ ၁၀ ခု ဆို တစ်ရက်ကို ငွေသားအရွက်ကြီးပဲ သိန်းသုံးထောင်ရပါမယ် ။ ဒီကာလမှာတော့ ရွှေပါပဲ ။ အရင်ဆို ခင်ဗျားဟာ ဘဏ်မှာ keep it လုပ်နေကြပါ ။

အခုဒီကိစ္စတွေဖြစ်နေတော့ အဲ့ဒီမှာ ခင်ဗျားဟာ ခင်ဗျားဘော်ဒါ အနဲလေးတို့ အတီးလေးတို့ နဲ့ပေါင်းပြီး USD နဲ့ ရွှေ အရမ်းဝယ်ချင်နေကြတဲ့ လူတွေကို ၃% အလျှော့နဲ့ ငွေသားပြန်ထုတ်ပေးပြီး ဘဏ့်အကောင့်ထဲက ပိုက်ဆံနဲ့လဲပါတယ် ။ သိန်းတစ်ထောင်ကို ကိုးရာ့ခုနှစ်ဆယ် ဆိုတော့ နေရင်းထိုင်ရင်း သိန်းသုံးဆယ်မြတ်ပါတယ် ။ ဒါလက်ကားဈေးနော်။လက်လီဆို ၁၀ % ထိပေါက်နေပါပြီ။

အနဲလေးကလည်း USD လက်လွှဲအရောင်းနဲ့တင် ၅ ကျပ်လောက်မြတ်လိုက်ပါသေးတယ် ။ အတီးလေးကလည်း အခေါက်ကိုကစားရင်း ၃ကျပ်လောက် ခိုင်လိုက်ပါသေးတယ် ။ အဲ့ဒီမှာ ခင်ဗျားရယ် အနဲလေးရယ် အတီးလေးရယ် က သံပုရာသီးလေးတွေဆီကနေ ၈ ကျပ်ဖိုးလောက်နွှာလိုက်ပြီးပါပြီ ။ ပြီးတော့ ကိုယ့်ဘဏ့်အကောင့်ထဲကိုဝင်လာတဲ့ပိုက်ဆံကို Call Deposit ပြန်ထားတော့ ဘဏ်ဆီကနေလည်း နေ့စဉ်အတိုးရပါသေးတယ် ။

ခင်ဗျားလဲပေးလိုက်ရတဲ့ငွေသားအတွက်လည်း စိတ်မပူပါနဲ့ နေ့စဉ် စားသောက်ကုန်ရောင်းရငွေထဲကနေ ငွေသားအရွက်တွေပြန်ထွက်လာပါလိမ့်မယ် ။ ဟုတ်ပြီ အဲ့ဒါဆို တခုပြန်ထောက်မယ် ။ သိန်းတစ်ထောင်ဆို သိန်းတစ်ထောင်လုံးမြတ်တာမှ မဟုတ်တာ ကိုးရာလောက်က အရင်း ၊ Supplier တွေကိုပြန်ချေရသေးတယ်လို့ ပြောလို့ရပါတယ် ။

စိတ်မပူပါနဲ့ ။Supplier company သေးသေးလေးတွေကို ချက် နဲ့ပြန်ရှင်းပေးလို့ရပါတယ် ။ သူတို့ဖာသူသူတို့ တိုးဝှေ့ပြီး ထုတ်ကြပေတော့ ။ မရဘူး တချို့ Item တွေက မဖြစ်မနေ ငွေသားနဲ့ချေပေးမှရမှာ ။ ကိစ္စမရှိပါဘူး ။ May လ ၃ ရက်နေ့နောက်ပိုင်းဖွင့်တဲ့ အကောင့်သစ်မှန်သမျှ ငွေသားထည့်ရင် ငွေသား အကန့်အသတ်မရှိပြန်ထုတ်ပေးဖို့ ညွှန်ကြားထားတဲ့ ဗဟိုဘဏ် ဥပဒေကရှိနေပါသေးတယ် ။

ကိုယ့်ရဲ့ Super Market Branch တွေ ၊ အနဲလေး တို့ရဲ့ လျှို့ဝှက် Exchange ကောင်တာတွေ ၊ အတီးလေးတို့ရဲ့ ရွှေတွင်းတွေ ၊ အညာသားကြီးရဲ့ ဆီဆိုင်တွေဆီကနေ နေ့စဉ် ဗုံးဘောလအောတိုးဝင်နေတဲ့ ငွေသားတွေကို တဘဏ်ဘဏ်ကိုလာကောက်ခိုင်း ၊ အလကားငွေရေခိုင်းပြီး နောက်နှစ်ရက်လောက်နေရင်ပြန်ထုတ်ရုံပေါ့ ။

တကယ့် အဆီအသား ပွဲတော်ကြီးပါပဲ ။ အနှစ်တွေချည်းပဲစားရတာပါ ။ ဒါတောင် အောက်ပြည်ဆန်သူဌေးတွေ ၊ ပဲကုန်သည်ကြီးတွေကို ထည့်မတွက်ထားသေးပါဘူး ။ ဒီ process လေးကို သေချာတွေးကြည့်မယ်ဆိုရင် ဒီကာလအတွင်းမှာ ဘယ်သူတွေ အမြတ်ထွက်နေတယ် ၊ ဘယ်သူတွေ နစ်နာနေမယ် ဆိုတာ တွေးကြည့်လို့ရပါတယ် ။

ဒါကြောင့် ဒီကာလမှာ နိုင်ငံရေးအခက်အခဲကို ဗန်းပြီပြီး ဘယ်သူတွေကောလဟာလ ကို တွင်တွင်ကျယ်ကျယ်ဖြန့်နေလည်းဆိုတာ သိလောက်ပါပြီ ။ တခါက ဂျာနယ်တစ်စောင်မှာ ဥရောပ Brand တွေ စီးနိုင်တယ်၊ ဆီစားကြီးလွန်းလို့ Toyota ကိုပဲရွေးစီးတာ လို့ သူသိရှင်ကြားပြောဖူးတဲ့ ရိုးသားကြိုးသား အောင်သူမိုးသား ဆိုတဲ့ ရွှေသူဌေးလေးတစ်ယောက်ကတော့

Octane 95 တစ်လီတာ 1060 ဖြစ်သွားတဲ့ တော်လှန်ရေးကာလအတွင်းမှာပဲ သူ့ရဲ့ Toyota Landcrusier လေးကို ပစ်ပယ်ပြီး မာစီးဒီးစ် ကိုပြောင်းစီးသွားခဲ့ပါပြီ ။ ကျွန်တော်တို့ကတော့ ၁၀ သိန်းကို ငွေသား၉ သိန်း နဲ့လဲပေးမယ်ဆိုတဲ့ ဂြိုလ်သားဈေးကွက်ကို ခုံမင်နေတုန်း ။ ပြောချင်တာက ဒါပါပဲ ။ ကိုယ့်ပိုက်ဆံကိုယ် ထုတ်တာ မှန်ပါတယ် ။ လက်လည်းလက်ခံပါတယ် ။

အားလည်းအားပေးပါတယ် ။ ဒါပေမယ့် ကိုယ့်ပိုက်ဆံကိုယ် အချိန်ယူပြီး သွေးအေးအေးနဲ့ အပြည့်ရမှ ထုတ်ကြပါလို့ ။ ရာခိုင်နှုန်း အလျှော့ခံပြီး ကိုယ့်ပိုက်ဆံကို သူများအိပ်ကပ်ထဲ လွယ်လွယ်လေး မပြောင်းပေးလိုက်ပါနဲ့ ။ ကိုယ်ပဲ နစ်နာလို့ပါ ။ ရိုးရိုးလေး စဉ်းစားကြည့်ပါ ။ ကိုယ့်ဘဏ့်အကောင့်ထဲကပိုက်ဆံကိုယူပြီး သူ့လက်ထဲကငွေသားနဲ့ လဲပေးတယ်ဆိုကတည်းက

အဲ့ဒီလဲပေးတဲ့သူက ဘဏ်ကိုယုံလို့ပေါ့ ။ သူသာ ဘဏ်တွေပြိုမယ်ထင်ရင် သူ့လက်ထဲကငွေသားပိုက်ဆံကို ကိုယ့်ဘဏ့်အကောင့်ထဲက ပိုက်ဆံနဲလဲပေးပါ့မလား ။ တကယ့်ကို ရိုးရိုးလေးပါပဲ ။ ပြောချင်တာက ဒါပါပဲ ။
Credit – ကိုချောနကျယ်
ကိုချောနကျယ်ရဲ့ရေးသားချက်အာဘော်အားပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါတယ်။
ယူနီကုဒ်