မေကြးတိုင္း၊ စလင္းၿမိဳ႕မေစ်းႀကီး မီးေလာင္ေန၊ ဆိုင္ခန္းအမ်ားစု မီးထဲပါေန
ရန္ကုန္၊ ႏိုဝင္ဘာ ၂၃
မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္ရွိ စလင္းၿမိဳ႕မေစ်းႀကီး ယေန႔ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ညေန ၆ နာရီ ၂၀ မိနစ္ဝန္းက်င္တြင္ မီးစတင္ေလာင္ကြၽမ္းလ်က္ရွိေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
ေဒသခံမ်ားကမူ မီးေလာင္ရသည့္အေၾကာင္းအရင္း မသိရွိေသးေၾကာင္း ေျပာဆိုၾကသည္။
ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ကမူ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕၊ ေဈးမရပ္ ကြက္၊
ၿမိဳ႕မေဈးမီးေလာင္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ စလင္းၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၃)စီး၊ေရသယ္ယာဥ္(၃)စီး၊
မင္းဘူးခ႐ိုင္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၁)စီး၊ ဆင္ျဖဴကြၽန္းနယ္ေျမမီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁)စီး၊
ေရသယ္ယာဥ္(၁)စီး၊ ပြင့္ျဖဴၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၁) စီး၊ ေရသယ္ယာဥ္(၁)စီး၊
ကုန္းေဇာင္းနယ္ေျမမီးသတ္စခန္းမွ မီးသတ္ယာဥ္(၁)စီးစုစုေပါင္း (၁၂)စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္လ်က္ရွိသည္ဟု သတင္း ထုတ္ျပန္သည္။
မကွေးတိုင်း၊ စလင်းမြို့မဈေးကြီး မီးလောင်နေ၊ ဆိုင်ခန်းအများစု မီးထဲပါနေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စလင်းမြို့မဈေးကြီး ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒေသခံများကမူ မီးလောင်ရသည့်အကြောင်းအရင်း မသိရှိသေးကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကမူ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ဈေးမရပ် ကွက်၊
မြို့မဈေးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ရေသယ်ယာဉ်(၃)စီး၊
မင်းဘူးခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊
ရေသယ်ယာဉ်(၁)စီး၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ်(၁)စီး၊
ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးစုစုပေါင်း (၁၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိသည်ဟု သတင်း ထုတ်ပြန်သည်။