ၾကားသိရသမွ်

အားလုံးသတိထားလို့ရအောင်ပါရှင် ဒေါပုံမှာဖစ်သွားတာပါ မုန့်လက်ကောက်ကြော်သည်ပါရှင်…

အားလုံးသတိထားလို့ရအောင်ပါရှင် ဒေါပုံမှာဖြစ်သွားတာပါ မုန့်လက်ကောက်ကြော်သည်ပါရှင်

ဒီမိန်းမက လိမ်စားနေတာပါ….ဖြစ်ပုံက ဒီလိုပါရှင် အမတယောက်က

သူဆီကမုန့်ဝယ်ပါတယ် ၅ဝဝဖိုး အဲမိန်းမက တစ်ဗန်းလုံးကို ၁၀၀၀ ဘဲပေးဆိုပီးပြောပါတယ် ညီမလဲကြားပါတယ်

သေချာအောင် အဲမိန်းမကိုထပ်မေးပါတယ် အဲမိန်းမက နေပူလို့ သူဆက်မရောင်းနိုင်တော့လို့ပေးတာဆိုပီး ပြောပါတယ် အဲတာနဲ့ ညီမတို့ သူငယ်ချင်းတွေစုပီးတော့ ပိုက်ဆံပိုပေးဖို့ လုပ်လိုက်ပါသေးတယ်

ပီးတော့ အဲမိန်းမကိုမုန့်ဖိုးပိုက်ဆံအရင်းပေးတာကို သူကမယူသေးဘဲ မုန့်တွေအရင် အကုန်အောင် ဆက်ညှပ်နေပါတယ်

ညီမတို့တောင် မနဲ့တားယူရပါတယ်…ညီမတို့က နဲနဲ့ယူမယ်ပြောပီး ရပ်ခိုင်းလိုက်ရပါတယ်

အဲမိန်းမကို ပိုက်ဆံပေးတော့ ဖစ်တဲ့အမနဲ့ညီမတို့ ပိုက်ဆံ ပိုပေးလိုက်တယ်ပြောပီး အထဲပြန်ဝင်လိုက်ပါတယ်…

အထဲဝင်ပီးမှ ပိုက်ဆံက လိုသေးတယ်ပြောပီး ပိုက်ဆံ ၂၀၀၀၀ တောင်းပါတယ်…

သူမုန့်က တစ်ဗန်းလုံး ပေါင်းရင်တောင် ၁၀၀၀၀ တောင်မရှိပါဘူး…အဲပြသာနာ စရှာပါတယ်…

သူလိမ်နေမှန်းသိလို့ ရဲစခန်းသွားမယ်ဆို ပြောပါတယ် အဲအမက အဲတာ ရဲစခန်းလုံးဝမလိုက်ဘဲ
ပိုက်ဆံ၂၀၀၀၀ ကိုရအောင်တောင်းပါတယ် ညီမတို့က သူဆီက မုန့်ကိုတစ်ဗန်းလုံးဝယ်ပါမယ် ဆိုပီးလိမ်ပြောပါတယ်

အော်ကြီးဟစ်ကျယ်နဲ့ အရှက်ခွဲတဲ့ပုံစံမျိုးလုပ်ပါတယ် သူအရမ်းခက်ခဲ့နေလို့ အကူညီတောင်းရင်တောင် ပေးလိုက်ဦးမှာပါ

အစထဲက သူကို့ကူညီဖို့အတွက် ပိုက်ဆံတောင် ပိုပေးလိုက်တာပါ…အရင်ကလဲ အဲလိုဘဲ ခံဖူးတယ်…

အသိတယောက်က အဲမိန်းမပါဘဲ သူမျက်နှာ mask တပ်ထားတော့ မမှတ်မိလို့ ဝယ်စားမိကာမှ ခုလိုအလိမ်ခံရတာပါ…

ညီမတို့ဘက်က ၇၀၀၀ ပေးလိုက်ပါတယ် မုန့်ရဲ့တန်ကြေးကိုဖြတ်သွားရင်ကြားထဲက မနေနိုင်တဲ့ အကိုတစ်ယောက်က ၁၇၀၀၀ ထပ်စိုက်ပေးသွားပါတယ်…။

ညီမတို့လို့ အလိမ်မခံရအောင် တင်ပေးတာဖစ်ပါတယ်ရှင်…။

#credit
















#credit