ဆံပင်အရှည်ထားတဲ့မိန်းကလေးတိုင်းသတိထားရှောင်ကြဉ်သင့်တဲ့အရာ ၇ ခု
ဆံပင်အရှည်ထားတဲ့ မိန်းကလေးတိုင်းအတွက် ကိုယ့်ဆံသားကျန်းမာလှပစေဖို့ သတိထားရှောင်ကြဉ်သင့်တဲ့ အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။
Plastic ဘီးတွေနဲ့ဖြီးတာကိုရှောင်ပါ
Plastic ဘီးတွေနဲ့ ခေါင်းဖြီးတာက ဆံသားငြိပြီးရှုပ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။
ဆံပင်အရှည်ထားတဲ့သူတွေဆို ခေါင်းဖြီးရင်ပိုဂရုစိုက်ရပါမယ်။ ဒါကြောင့် အကောင်းဆုံးကတော့ သစ်သားနဲ့လုပ်ထားတဲ့ဘီး (သို့) ceramic brush နဲ့ဖြီးတာက ပိုကောင်းပါတယ်။
ပြင်းတဲ့ခေါင်းလျှော်ရည်တွေကိုရှောင်ပါ
ပြင်းတဲ့ခေါင်းလျှော်ရည်တွေကိုသုံးတာက ဆံသားအဆီဓာတ်ဆုံးရှုံးစေပြီး ဆံသားပျက်စီးစေပါတယ်။
ဒါကြောင့် ကိုယ်က ဆံပင်ရှည်တယ်ဆို ဆံသားလှအောင် ပိုဂရုစိုက်ရပါမယ်။ ခေါင်းလျှော်ရည်ကိုသေချာရွေးသုံးပြီး နောက်ကနေ conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။
ဆံပင်ကိုအနောက်လှန်မဖြီးပါနဲ့
ဆံပင်ကိုအနောက်လှန်ဖြီးတာက အုံထူတဲ့သူတွေ၊ ဆံပင်ပါးပြီး ဆံလုံးသေးတဲ့သူတွေ၊ ဆံပင်ရှည်တဲ့သူတွေဆို ဆံပင်ငြိတာ၊ ရှုပ်ထွေးပြီးကျွတ်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် ဆံပင်ကို အနောက်လှန်မဖြီးပါနဲ့။
ဆံပင်နှစ်ခွတွေကိုမညှပ်ပဲမထားပါနဲ့
ဆံပင်နှစ်ခွဖြစ်တာတွေကို မညှပ်ပဲထားရင် ဆံသားပျက်စီးစေပါတယ်။ ဆံပင်နှစ်ခွတွေ ပိုများလာစေပါတယ်။
ဒါကြောင့် ဆံပင်အရှည်ထားပြီး healthy hair ဖြစ်ချင်ရင် တစ်လတစ်ခါ ဆံပင်နှစ်ခွတွေကို ညှပ်ပေးပါ။
ဆံပင်ရေစိုနေချိန်ခေါင်းမဖြီးပါနဲ့
ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးမယ်ဆိုရင် ဆံပင်တွေကျွတ်ပြီး ဆံသားနာစေပါတယ်။
ဆံပင်အရှည်ကြီးတွေဆိုရင် အရမ်းရှုပ်ထွေးကုန်ပြီး ရှင်းရခက်တာမျိုးတွေပါ ဖြစ်ပါတယ်။
ဆံပင်ကိုပုံစံတစ်မျိုးထဲချည်ထားတာမျိုးမလုပ်ပါနဲ့
ဆံပင်ကို ပုံစံတစ်မျိုးထဲ ချည်ထားတာ၊ ထုံးထားတာ၊ စည်းထားတာမျိုးတွေ မလုပ်ပါနဲ့။
ဒီလိုပုံစံတစ်မျိုးထဲကို ပုံသေအမြဲလုပ်တာက ဆံပင်တွေကျိုးကြေပြီး ပျက်စီးစေပါတယ်။ ဆံသားနာစေပါတယ်။
ဆံပင်ကို treatment မလုပ်ပဲမနေပါနဲ့
ဆံပင်အရှည်ထားတဲ့သူတွေက ပုံမှန်ထက်ပိုပြီး ဆံပင်ကိုဂရုစိုက်ပေးသင့်ပါတယ်။
ဒါမှလည်း ဆံပင်ရှည်ရှည်လေးက healthy hair ဖြစ်ပြီး လှနေမှာပါ။ ဒီလိုလှနေဖို့ဆိုရင် အနည်းဆုံးတစ်လတစ်ခါ hair treatment ယူထာမျိုး လုပ်ပေးသင့်ပါတယ်။
ဆိုင်မှာမလုပ်နိုင်ရင်တောင် အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ ပေါင်းတင်တာမျိုး လုပ်ပေးလို့ရပါတယ်။
ဆံပင္အရွည္ထားတဲ့မိန္းကေလးတိုင္းသတိထားေရွာင္ၾကဥ္သင့္တဲ့အရာ ၇ ခု
ဆံပင္အရွည္ထားတဲ့ မိန္းကေလးတိုင္းအတြက္ ကိုယ့္ဆံသားက်န္းမာလွပေစဖို႔ သတိထားေရွာင္ၾကဥ္သင့္တဲ့ အရာ ၇ ခုကို ေျပာျပေပးလိုက္ပါတယ္။
Plastic ဘီးေတြနဲ႔ၿဖီးတာကိုေရွာင္ပါ
Plastic ဘီးေတြနဲ႔ ေခါင္းၿဖီးတာက ဆံသားၿငိၿပီးရႈပ္တာ၊ ဆံပင္ကြၽတ္တာေတြ ျဖစ္ေစပါတယ္။
ဆံပင္အရွည္ထားတဲ့သူေတြဆို ေခါင္းၿဖီးရင္ပိုဂ႐ုစိုက္ရပါမယ္။ ဒါေၾကာင့္ အေကာင္းဆုံးကေတာ့ သစ္သားနဲ႔လုပ္ထားတဲ့ဘီး (သို႔) ceramic brush နဲ႔ၿဖီးတာက ပိုေကာင္းပါတယ္။
ျပင္းတဲ့ေခါင္းေလွ်ာ္ရည္ေတြကိုေရွာင္ပါ
ျပင္းတဲ့ေခါင္းေလွ်ာ္ရည္ေတြကိုသုံးတာက ဆံသားအဆီဓာတ္ဆုံးရႈံးေစၿပီး ဆံသားပ်က္စီးေစပါတယ္။
ဒါေၾကာင့္ ကိုယ္က ဆံပင္ရွည္တယ္ဆို ဆံသားလွေအာင္ ပိုဂ႐ုစိုက္ရပါမယ္။ ေခါင္းေလွ်ာ္ရည္ကိုေသခ်ာေ႐ြးသုံးၿပီး ေနာက္ကေန conditioner သုံးေပးဖို႔လည္း မေမ့ပါနဲ႔။
ဆံပင္ကိုအေနာက္လွန္မၿဖီးပါနဲ႔
ဆံပင္ကိုအေနာက္လွန္ၿဖီးတာက အုံထူတဲ့သူေတြ၊ ဆံပင္ပါးၿပီး ဆံလုံးေသးတဲ့သူေတြ၊ ဆံပင္ရွည္တဲ့သူေတြဆို ဆံပင္ၿငိတာ၊ ရႈပ္ေထြးၿပီးကြၽတ္တာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။
ဒါေၾကာင့္ ဆံပင္ကို အေနာက္လွန္မၿဖီးပါနဲ႔။
ဆံပင္ႏွစ္ခြေတြကိုမညႇပ္ပဲမထားပါနဲ႔
ဆံပင္ႏွစ္ခြျဖစ္တာေတြကို မညႇပ္ပဲထားရင္ ဆံသားပ်က္စီးေစပါတယ္။ ဆံပင္ႏွစ္ခြေတြ ပိုမ်ားလာေစပါတယ္။
ဒါေၾကာင့္ ဆံပင္အရွည္ထားၿပီး healthy hair ျဖစ္ခ်င္ရင္ တစ္လတစ္ခါ ဆံပင္ႏွစ္ခြေတြကို ညႇပ္ေပးပါ။
ဆံပင္ေရစိုေနခ်ိန္ေခါင္းမၿဖီးပါနဲ႔
ဆံပင္ေရစိုေနခ်ိန္မွာ ေခါင္းၿဖီးမယ္ဆိုရင္ ဆံပင္ေတြကြၽတ္ၿပီး ဆံသားနာေစပါတယ္။
ဆံပင္အရွည္ႀကီးေတြဆိုရင္ အရမ္းရႈပ္ေထြးကုန္ၿပီး ရွင္းရခက္တာမ်ိဳးေတြပါ ျဖစ္ပါတယ္။
ဆံပင္ကိုပုံစံတစ္မ်ိဳးထဲခ်ည္ထားတာမ်ိဳးမလုပ္ပါနဲ႔
ဆံပင္ကို ပုံစံတစ္မ်ိဳးထဲ ခ်ည္ထားတာ၊ ထုံးထားတာ၊ စည္းထားတာမ်ိဳးေတြ မလုပ္ပါနဲ႔။
ဒီလိုပုံစံတစ္မ်ိဳးထဲကို ပုံေသအၿမဲလုပ္တာက ဆံပင္ေတြက်ိဳးေၾကၿပီး ပ်က္စီးေစပါတယ္။ ဆံသားနာေစပါတယ္။
ဆံပင္ကို treatment မလုပ္ပဲမေနပါနဲ႔
ဆံပင္အရွည္ထားတဲ့သူေတြက ပုံမွန္ထက္ပိုၿပီး ဆံပင္ကိုဂ႐ုစိုက္ေပးသင့္ပါတယ္။
ဒါမွလည္း ဆံပင္ရွည္ရွည္ေလးက healthy hair ျဖစ္ၿပီး လွေနမွာပါ။ ဒီလိုလွေနဖို႔ဆိုရင္ အနည္းဆုံးတစ္လတစ္ခါ hair treatment ယူထာမ်ိဳး လုပ္ေပးသင့္ပါတယ္။
ဆိုင္မွာမလုပ္ႏိုင္ရင္ေတာင္ အိမ္မွာပဲ သဘာဝနည္းလမ္းေတြနဲ႔ ေပါင္းတင္တာမ်ိဳး လုပ္ေပးလို႔ရပါတယ္။



