Zawgyi
ဖက္ဆစ္ မအလဟာ အစိုးရကို “ေလထဲကအစိုးရ, လိုင္းေပၚကအစိုးရ”လို႔ ေလွာင္ေလ့ရွိပါတယ္။
ဒါေပမယ့္ မအလဟာ လိုင္းေပၚကအစိုးရလုပ္တာကို ေနာက္ကလိုက္လုပ္ေနရပါတယ္။
သူ႔ရဲ႕ဝန္ႀကီးခ်ဳပ္ရာထူးေတာင္ က ေျခဥဖ်က္ၿပီး ထြင္လုပ္တာကို လိုက္တုလုပ္ေနရတာပါ။ တပ္ရဲ႕လုံၿခဳံေရးသတင္းမွာ ေနျပည္ေတာ္၊ ဧရာဝတီ၊ ပဲခူးနဲ႔ မြန္ကို သူတို႔အပိုင္ထိန္းခ်ဳပ္ထားတဲ့ အစိမ္းေရာင္နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး၊
ရန္ကုန္နဲ႔ မႏၲေလးက ၅၀-၅၀ လို႔ သတ္မွတ္ထားပါတယ္။ စစ္ကိုင္း၊ မေကြး၊ ခ်င္း၊ ကယားနဲ႔ တနသၤာရီက ရန္သူအားေကာင္းနယ္ေျမလို႔ သတ္မွတ္ထားပါတယ္။
ရခိုင္၊ ကခ်င္၊ ရွမ္းေျမာက္နဲ႔ ကရင္က ရန္သူ႔နယ္ေျမျဖစ္ၿပီး စစ္ျဖစ္ရင္ ဆုတ္ခြါရႏိုင္တယ္လို႔ သတ္မွတ္ထားပါတယ္။
စစ္ဆင္ေရးလုပ္လိုရင္ သာလြန္အင္အား သုံးရမွာျဖစ္လို႔ လက္ရွိမွာ တၿပိဳင္နက္ထဲတိုက္ရန္ ထိုးစစ္ဆင္ရန္ မျဖစ္ႏိုင္လို႔ သုံးသပ္ထားပါတယ္။
ရွမ္းေတာင္နဲ႔ အျခားေဒသေတြဟာ ရန္သူအခ်င္းခ်င္းတိုက္ေနလို႔ သူတို႔ကိုဒုကၡမေပးႏိုင္လို႔ သုံးသပ္ထားပါတယ္။
အဆိုပါ ရခိုင္၊ ကခ်င္၊ ရွမ္းေျမာက္နဲ႔ ကရင္ကသာ လက္နက္ႀကီးရလို႔ ယခုအခ်ိန္ထတိုက္ရင္ မအလရႈံးပါမယ္။
က ထီစေရာင္းခ်ိန္မွာ မအလရဲ႕ က်ပ္မျပည့္တဲ့အဖြဲ႕ထင္ထားတာက ျပည္ပမွာပဲေရာင္းမယ္လို႔သာ ထင္ထားခဲ့တာပါ။ ျပည္တြင္းမွာေတာ့ ခ်ဲဒိုင္လိုသာလုပ္မယ္လို႔ ထင္ခဲ့ပုံပါ။
စာေရးသူတို႔ေတာင္ ဝင္ေငြကို ထီကေနရွာရမွန္း မသိခဲ့ပါ။ စီးပြါးေရးသမားေတြထံက အခြန္ေကာက္တာေလာက္သာ ေတြးခဲ့တာပါ။
ဒီေနရာမွာလဲ က မထင္မွတ္တဲ့ေနရာကေန ထၿပီးထီေရာင္း၊ ျပည္တြင္းက ေငြေပးစနစ္ကို ကြန္ပ်ဴတာကတဆင့္သုံးၿပီး ေရာင္းသြားသလို
၊ ျပည္သူကလဲ ဝက္ဝက္ကြဲအားေပးလိုက္လို႔ မအလေႁမြဖမ္းသြားပါတယ္။ ျပည္ထဲေရးနဲ႔ ဘ႑ာအခြန္တစ္ညလုံး အစည္းအေဝးထိုင္ၿပီး
ဘဏ္ေတြပိတ္ဖို႔အထိ စဥ္းစားလာပါတယ္။ ဒါေပမယ့္ သူတို႔ပိတ္ရင္၊ လိုင္းေပၚက ေငြသုံးလို႔မရရင္ သူ႔ဘဏ္စနစ္ၿပိဳကြဲမွာမို႔လို႔ မအလဟာ ရဲ႕ ခြခ်က္လုပ္တာကို ခံလိုက္ရပါတယ္။ ဘဏ္ေငြေပးစနစ္ပိတ္ရင္လဲ သူ႔စီးပြါးထိခိုက္မယ္၊ မပိတ္ရင္လဲ ထီေရာင္းတာကို တားမရျဖစ္မယ္ဆိုတဲ့ အေနအထား အက်ပ္အတည္းထဲ ေရာက္သြားခဲ့ပါတယ္။ ဟာ လုပ္ငန္းအေတာ္မ်ားမ်ားကို လိုင္းေပၚက ေအာင္ျမင္စြာလုပ္လာေနပါတယ္။
မအလဟာ ယခင္ကလိုမဟုတ္ဘဲ ကို ေနာက္ကေန လိုက္တုန႔္ျပန္ေနရပါတယ္။ တပ္ထဲမွာလဲ PDF တပ္အတြက္ ကင္းေစာင့္ က်င္းတူး၊
မိုင္းျမဳပ္နဲ႔ အလုပ္ရႈပ္ေနတာ လခ်ီေနၿပီး၊ ဆရာေဇာ္ေဝစိုး ေျပာလိုက္ ေရးလိုက္တိုင္း တပ္လွန႔္ေနရလို႔ ေနာက္ပိုင္း တကယ္လာတိုက္ရင္ေတာင္ တပ္ကအသင့္အေနအထားရွိဖို႔ ခက္လာမွာပါ။
စာေရးသူျမင္တာကေတာ့ ယခုအခ်ိန္ထိ ရဲ႕ PDF တပ္က မလာေသး ဘဲေတာင္ မအလဟာ ေလထဲက အတိုက္ခံ အထိုးခံေနရတာနဲ႔တင္ အေတာ္နာေနပါၿပီ။ တကယ္သာ လက္နက္ေကာင္းေကာင္းနဲ႔ PDF က တိုက္ႏိုင္ရင္ ရန္ကုန္ဟာ အခ်ိန္မေ႐ြး ဒီမိုလက္ထဲ ေရာက္မွာပါလို႔ ေျပာပါရေစ။
Unicode
ဖက်ဆစ် မအလဟာ အစိုးရကို “လေထဲကအစိုးရ, လိုင်းပေါ်ကအစိုးရ”လို့ လှောင်လေ့ရှိပါတယ်။
ဒါပေမယ့် မအလဟာ လိုင်းပေါ်ကအစိုးရလုပ်တာကို နောက်ကလိုက်လုပ်နေရပါတယ်။ သူ့ရဲ့ဝန်ကြီးချုပ်ရာထူးတောင် က ခြေဥဖျက်ပြီး ထွင်လုပ်တာကို လိုက်တုလုပ်နေရတာပါ။ တပ်ရဲ့လုံခြုံရေးသတင်းမှာ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ကို သူတို့အပိုင်ထိန်းချုပ်ထားတဲ့ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး၊
ရန်ကုန်နဲ့ မန္တလေးက ၅၀-၅၀ လို့ သတ်မှတ်ထားပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ တနင်္သာရီက ရန်သူအားကောင်းနယ်မြေလို့ သတ်မှတ်ထားပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်က ရန်သူ့နယ်မြေဖြစ်ပြီး စစ်ဖြစ်ရင် ဆုတ်ခွါရနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ စစ်ဆင်ရေးလုပ်လိုရင် သာလွန်အင်အား သုံးရမှာဖြစ်လို့ လက်ရှိမှာ တပြိုင်နက်ထဲတိုက်ရန် ထိုးစစ်ဆင်ရန် မဖြစ်နိုင်လို့ သုံးသပ်ထားပါတယ်။
ရှမ်းတောင်နဲ့ အခြားဒေသတွေဟာ ရန်သူအချင်းချင်းတိုက်နေလို့ သူတို့ကိုဒုက္ခမပေးနိုင်လို့ သုံးသပ်ထားပါတယ်။ အဆိုပါ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်ကသာ လက်နက်ကြီးရလို့ ယခုအချိန်ထတိုက်ရင် မအလရှုံးပါမယ်။ က ထီစရောင်းချိန်မှာ မအလရဲ့ ကျပ်မပြည့်တဲ့အဖွဲ့ထင်ထားတာက ပြည်ပမှာပဲရောင်းမယ်လို့သာ ထင်ထားခဲ့တာပါ။ ပြည်တွင်းမှာတော့ ချဲဒိုင်လိုသာလုပ်မယ်လို့ ထင်ခဲ့ပုံပါ။
စာရေးသူတို့တောင် ဝင်ငွေကို ထီကနေရှာရမှန်း မသိခဲ့ပါ။ စီးပွါးရေးသမားတွေထံက အခွန်ကောက်တာလောက်သာ တွေးခဲ့တာပါ။ ဒီနေရာမှာလဲ က မထင်မှတ်တဲ့နေရာကနေ ထပြီးထီရောင်း၊ ပြည်တွင်းက ငွေပေးစနစ်ကို ကွန်ပျူတာကတဆင့်သုံးပြီး ရောင်းသွားသလို၊ ပြည်သူကလဲ ဝက်ဝက်ကွဲအားပေးလိုက်လို့ မအလမြွေဖမ်းသွားပါတယ်။ ပြည်ထဲရေးနဲ့ ဘဏ္ဍာအခွန်တစ်ညလုံး အစည်းအဝေးထိုင်ပြီး
ဘဏ်တွေပိတ်ဖို့အထိ စဉ်းစားလာပါတယ်။ ဒါပေမယ့် သူတို့ပိတ်ရင်၊ လိုင်းပေါ်က ငွေသုံးလို့မရရင် သူ့ဘဏ်စနစ်ပြိုကွဲမှာမို့လို့ မအလဟာ ရဲ့ ခွချက်လုပ်တာကို ခံလိုက်ရပါတယ်။ ဘဏ်ငွေပေးစနစ်ပိတ်ရင်လဲ သူ့စီးပွါးထိခိုက်မယ်၊ မပိတ်ရင်လဲ ထီရောင်းတာကို တားမရဖြစ်မယ်ဆိုတဲ့ အနေအထား အကျပ်အတည်းထဲ ရောက်သွားခဲ့ပါတယ်။ ဟာ လုပ်ငန်းအတော်များများကို လိုင်းပေါ်က အောင်မြင်စွာလုပ်လာနေပါတယ်။
မအလဟာ ယခင်ကလိုမဟုတ်ဘဲ ကို နောက်ကနေ လိုက်တုန့်ပြန်နေရပါတယ်။ တပ်ထဲမှာလဲ PDF တပ်အတွက် ကင်းစောင့် ကျင်းတူး၊ မိုင်းမြုပ်နဲ့ အလုပ်ရှုပ်နေတာ လချီနေပြီး၊ ဆရာဇော်ဝေစိုး ပြောလိုက် ရေးလိုက်တိုင်း တပ်လှန့်နေရလို့ နောက်ပိုင်း တကယ်လာတိုက်ရင်တောင် တပ်ကအသင့်အနေအထားရှိဖို့ ခက်လာမှာပါ။
စာရေးသူမြင်တာကတော့ ယခုအချိန်ထိ ရဲ့ PDF တပ်က မလာသေး ဘဲတောင် မအလဟာ လေထဲက အတိုက်ခံ အထိုးခံနေရတာနဲ့တင် အတော်နာနေပါပြီ။ တကယ်သာ လက်နက်ကောင်းကောင်းနဲ့ PDF က တိုက်နိုင်ရင် ရန်ကုန်ဟာ အချိန်မရွေး ဒီမိုလက်ထဲ ရောက်မှာပါလို့ ပြောပါရစေ။



