မိန်းကလေး တစ်ယောက် ကောင်လေး နဲ့ အိပ်ခဲ့မယ်ဆိုရင် နောက်တစ်နေ့မှာ သိစေနိုင်မယ့် လက္ခဏာများ
သင့် ဘော်ဒါတစ်ယောက် မနေ့ညက ကောင်မလေး ချောချောလေးနဲ့တူတူ အိပ်ခွင့်ရခဲ့ရင်တော့ သိသာလွန်းနေမှာပါ။လေလေး တစ်ချွန်ချွန်နဲ့ အကြောင်းမရှိ အကြောင်းရှာ ပြုံးနေမှာပါ။
ပြီးတော့ အတွေ့အကြုံကို မနေနိုင် မထိုင်နိုင် သင့်ကိုလာ ပြောပြနေမှာပါ။ ဒါပေမယ့် မိန်းမ တွေ ဆိုရင်ရော??
သင်ဘားမှာတွေ့တဲ့ မိန်းကလေး၊ လုပ်ဖော်ကိုင်ဖက် ကောင်မလေး၊ Gym က ချိတ်တိတ်တိတ် ဖြစ်နေတဲ့ ကောင်မလေး၊ သူတို့ မနေ့ညက ဆက်ဆံခဲ့ရင် သင် ဘယ်လို သိပါမလဲ??
ဆံပင်ကောက် နေတာလား?? Bite Mark တွေလား?? အဲဒီ ရုပ်ရှင်ထဲက လက္ခဏာ တွေဟာ တကယ်တော့ မှားနေပါသေးတယ်။ မိန်းမ တွေဟာ ခန့်မှန်းရ ခက်လွန်းပါတယ်။
ဒါပေမယ့် သူမ မနေ့ညက ကံကောင်းခဲ့ကြောင်း သေချာတဲ့ လက္ခဏာ ၅ ခု ရှိပါတယ်။ အဲဒါတွေကတော့….
၁. သင့်ကို ဆွဲဆောင်နိုင် လွန်းပါတယ်
(…..) ကိစ္စမှာ တက်ကြွလေလေ၊ သူမ ကိုယ်ခန္ဓာက Pheromone တွေ များများထွက်လေပါ။ Pheromone ဆိုတာ မိန်းကလေးတွေက ထုတ်ပေးတဲ့ သင့်ကို မရိုးမရွ ဖြစ်စေနိုင်တဲ့ အနံ့ပေးတဲ့ ဓာတုပစ္စည်းတွေပါ။
အဲဒီ ပစ္စည်းတွေဟာ ဆန့်ကျင်ဘက် (…..)ကို စိတ်ကြွစေလာပြီး သင် သူမအနားကပ်လိုက်လို့ ကိုယ်နံ့ရတာနဲ့ သင့်ကိုယ်ထဲက အင်ဂျင်တွေ ခုတ်လာရင်တော့ သူမ (…..)ကိစ္စရထားတာ မကြာသေးပါဘူး။
၂. သူမ ပိုပျော်နေပါတယ်
(…..)ဆက်ဆံမှု များလာလေလေ၊ ပျော်ရွှင်မှု မြင့်တက်လာ လေလေပါ။ လူ ၁၅၀၀၀ လောက်ကို ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တစ်ပါတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် (…..)ဆက်ဆံသူတွေဟာ …
လုံးဝ မဆက်ဆံ သူတွေထက် ပျော်ရွှင်မှု ၅၅ ရာနှုန်း ပိုပါတယ်။ လူတွေဟာ ကိုယ့်ပါတ်ဝန်းကျင် ကသူတွေထက် (…..)ပိုဆက်ဆံရကြောင်း သိနေရုံနဲ့ကို ပိုပျော်ပါတယ် တဲ့။
၃. ပုံမှန်ထက် ပိုလှနေပါတယ်
(…..) ဆက်ဆံစဉ်မှာ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပါတယ်။ ကြွက်သားတွေ ပြေလျော့သွားပြီး သွေးစီးဆင်းနှုန်း ပိုများလာပါတယ်။
ပါးလေးတွေ ပန်းရောင်သမ်းလာပြီး အီစထရိုဂျင် ဟော်မုန်းလယ်ဗယ် မြင့်လာပါတယ်။ တခြားဟာတွေ တူနေရင် ပါးလေးတွေ သွေးရောင်တောက်နေတာဟာ ကျွန်တော်တို့ ယောက်ျားတွေကို ပိုလှတယ်လို့ ထင်စေပါတယ်။
၄. အိပ်ရေးဝလာပါတယ်
(…..)ပြီးဆုံးခြင်း ရထားတဲ့ အမျိုးသမီးတွေမှာ ဆက်ဆံပြီးပြီးခြင်း Prolactin ဟော်မုန်း ၃၀ ရာနှုန်း ပိုတိုးလာပြီး နောက်တစ်နေ့ နေ့လည်မှာ နောက်တစ်ခါ ထပ်တိုးလာပါတယ်။
Prolactin ဟော်မုန်းဟာ အိပ်ချင်စိတ် ကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် သူမ နေ့လည်နေ့ခင်း အိပ်ဖို့ ထွက်သွားရင်တော့ မနေ့ညက ရခဲ့ဲတဲ့ စည်းစိမ်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅. လိုအပ်ချက်တွေ နည်းသွားပါတယ်
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် ဖြစ်နေဖို့ လိုပါတယ်။ (…..) ကိစ္စဟာ လူတွေကို သံယောဇဉ်ဖြစ်အောင် ကူညီပေးတဲ့ Oxytocin ဟော်မုန်း ထုတ်ပေးပါတယ်။
Oxytocin တိုးလာတာနဲ့ သူမလဲ သံယောဇဉ် ပိုရှိလာသလို ခံစားလာစေရမှာ ဖြစ်ပြီး သင့်ကိုပို စိတ်ချလာလို့ အမြဲ တွယ်ကပ်မနေစေတော့ပါဘူး။
Oxytocin ဟာ မိန်းမတွေကို လူမှုဆက်ဆံရေးမှာ သံသယ နည်းစေတဲ့အတွက် အစစ်ဆေးပိုတာ၊ သင့် စကားလုံးတိုင်း၊ ဖုန်းပြောတိုင်း လိုက်စစ်ဆေးနေတာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။
Zawgyi
(…..) ကိစ်စမှာ တကျကွှလလေေ၊ သူမ ကိုယျခန်ဓာက Pheromone တှေ မြားမြားထှကျလပေါ။ Pheromone ဆိုတာ မိနျးကလေးတှကေ ထုတျပေးတဲ့ သင့ျကို မရိုးမရှ ဖွဈစနေိုငျတဲ့ အနံ့ပေးတဲ့ ဓာတုပစ်စညျးတှပေါ။
Credit : Gentlmen