အိမ္ေဆာက္ေနတုန္းမွာ အုတ္ခဲေတြ လာေတာင္းရင္ မေပးလိုက္ပါနဲ႔
ကၽြန္ေတာ့္ကားပ်က္ သြားလို႔ ကားျပင္ဖို႔ ဝပ္ေရွာ့ကို ပို႔ထားလိုက္ရတယ္။ ဒါေၾကာင့္ ၿမိဳ႕ပတ္ရထားစီးၿပီး အလုပ္သြားဖို႔ အိမ္နဲ႔ သိပ္မေဝးတဲ့
ဘူတာ႐ုံကို လမ္းေလၽွာက္ သြားလိုက္တယ္။ ဘူတာေရာက္ေတာ့ ရထားလာဖို႔ ေစာင့္ေနတုန္း ဘူတာ႐ုံ ပလက္ေဖါင္းေပၚမွာ
ခြက္ေလးတစ္လုံး ေရွ႕ခ်ၿပီး ငုတ္တုပ္ေလး ထိုင္ေနတဲ့ အသက္ ၅၀ အရြယ္ လူႀကီးတစ္ေယာက္ကို သတိထားမိလိုက္ပါတယ္ ။
သူဟာ အဝတ္အစား ႏြမ္းႏြမ္းပါးပါးကို ဝတ္ထားတယ္။ သူ႔မ်က္ႏွာမွာ ထမင္းအလြန္ ဆာေနပုံ ေပၚေနတယ္။ ဒါေပမဲ့ သူ႔႐ုပ္ရည္ဟာ သန႔္ျပန႔္လို႔
သူေတာင္းစားတစ္ေယာက္မဟုတ္ ေလာက္ဘူးလို႔ ကၽြန္ေတာ္တြက္မိတယ္။ ကၽြန္ေတာ္လည္း သူ႔ကို သနားတာနဲ႔ ဘူတာ႐ုံေဘးက ထမင္းတစ္ထုတ္ဝယ္ၿပီး သူ႔ဆီ သြားေပးလိုက္တယ္။
ဒီအခ်ိန္မွာ ရထားဝင္ လာလို႔ သူ႔ကို စကားမေျပာနိုင္ဘဲ လက္ထဲက ထမင္းထုတ္ကို ေပးၿပီး ရထားေပၚ အျမန္တက္လိုက္တယ္။
ကၽြန္ေတာ္ လွမ္းၾကည့္လိုက္ေတာ့ သူဟာ ကၽြန္ေတာ့္ကို အလြန္ေက်းဇူးတင္တဲ့ မ်က္ႏွာနဲ႔ လွမ္းၾကည့္ေန တာကို ျမင္လိုက္ရတယ္။
ကၽြန္ေတာ္ သူ႔အေၾကာင္းကို စဥ္းစားရင္း ညက ေတာ္ေတာ္နဲ႔ အိပ္မရဘူး။ ဒီလူဟာ သူေတာင္းစား မဟုတ္နိုင္ဘူး။ သူ႔႐ုပ္ရည္ၾကည့္ရတာ
အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္နိုင္တယ္၊ သူ အခု ဘာေၾကာင့္ ေတာင္းစားေနရတာလဲဆိုတာကို သိခ်င္ေနတယ္။
ေနာက္ေန႔မွာ ကၽြန္ေတာ္ဟာ ပုံမွန္အလုပ္သြားခ်ိန္ထက္ေစာၿပီး အိမ္က ထြက္ခဲ့တယ္။ အရင္ေန႔က ေတြ႕ခဲ့တဲ့ အဲဒီလူႀကီးနဲ႔ စကားေျပာခ်င္လို႔ပါ။
သူ႔ကို အရင္ေန ရာမွာပဲ ခြက္တစ္လုံးေရွ႕ခ်ၿပီး ထိုင္ေန တာကို ေတြ႕ရျပန္တယ္။ ကၽြန္ေတာ္ အရင္ရက္ ကလိုပဲ ထမင္းတစ္ထုတ္ အျမန္ဝယ္ၿပီး သူ႔ဆီသြားလိုက္တယ္။
သူ႔ကို ထမင္း ထုတ္ေပးရင္း ကၽြန္ေတာ္သိခ်င္ တာကို ေမးျမန္းၾကည့္လိုက္တယ္။“ဦးေလးကို ၾကည့္ရတာ အရင္က ခ်မ္းသာခဲ့တဲ့ လူတစ္ေယာက္ျဖစ္ခဲ့မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အဲဒါ မွန္ရဲ့လား ခင္ဗ်”
“မြႏၸါတယ္”
“ဟင္ ဒါဆို အခု ဘာျဖစ္လို႔ ဆင္းရဲသြားရတာလဲဗ်။ ဦးေလးဟာ ရွိတဲ့ ပစၥည္းေတြကို ေလာင္းကစားလုပ္ၿပီး ကုန္သြားလို႔လား၊ စီးပြားေရးလုပ္တာ ရႈံးသြားလို႔လား။
သားသမီးေတြ ႏွိပ္စက္လိုက္လို႔လား”“မင္း ေျပာတာေတြ တစ္ခုမွ မဟုတ္ပါဘူးကြယ္”“ဒါဆို ဦးေလး ဘာျဖစ္လို႔ ဒီဘဝေရာက္ေနခဲ့ရတာလဲဗ်”
“ငါ လူေတြကို စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတာပါ”“ဗ်ာ၊ လူေတြကို စိတ္ခ်မ္းသာေစခ်င္လို႔ ဒီဘဝေရာက္လာရတယ္ ဟုတ္လား။
ကၽြန္ေတာ္ နားမလည္လို႔ ရွင္းျပေပးပါလား”လူႀကီးက ေဆြးေျမ့တဲ့ ေလသံနဲ႔ ခုလို ရွင္းျပပါတယ္။ “ငါဟာ အရင္က အေတာ္ေလး ခ်မ္းသာခဲ့တယ္။
အိမ္ေထာင္ မရွိ လူပ်ိဳႀကီး တစ္ေယာက္ပါ။ ငါ့မွာ ေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား၊ မေကာင္းတဲ့ အက်င့္လို႔ ေျပာရမလား မသိဘူး။
ငါဟာ ေငြေၾကးအခက္အ ခဲျဖစ္ေနတဲ့ လူေတြ ငါ့ဆီလာၿပီး အကူအညီေတာင္းရင္ ငါ ဘယ္ေတာ့မွ မျငင္းဘူး။ သူတို႔လို သေလာက္ ပိုက္ဆံေတြ ေပးၿပီး ကူညီတယ္။
ငါဟာ အျမဲကူညီ တတ္တယ္ ဆိုတာ ၾကားေတာ့ အကူ အညီေတာင္းသူေတြ လည္း အေတာ္မ်ား လာတယ္။
ငါ ပိုက္ဆံေပးလိုက္လို႔ သူတို႔ေပ်ာ္သြားတာကို ျမင္ရင္ ငါလည္း စိတ္ခ်မ္းသာတယ္။ ဒါေပမဲ့ ငါ့ပိုက္ဆံေတြကလည္း အေပးပဲရွိၿပီး အရမရွိေတာ့ ေနာက္ဆုံး ကုန္သြားတာေပါ့ကြာ။
ငါလည္း ပိုက္ဆံမရွိေတာ့ ရွိတဲ့ ပစၥည္းေတြနဲ႔ အိမ္ကို ေရာင္းၿပီး စားေသာက္ရတယ္။ေနာက္ဆုံး စားစရာမရွိေတာ့ ခုလို လမ္းေဘးေရာက္လာတာေပါ့ကြာ”
“ဦးေလး၊ ခုလို ျဖစ္တဲ့အတြက္ ေနာင္တမရဘူးလား”“မရပါဘူး။ ဒါေပမဲ့ စိတ္မေကာင္းျဖစ္မိတာ တစ္ခုရွိတယ္”“ဘာကို စိတ္မေကာင္း ျဖစ္တာလဲ ဦးေလး”
“ေအးကြာ၊ ငါ လူေတြကို သနားလို႔ ငါ့ကိုယ္မွာ ဝတ္ထားတဲ့ အကၤ်ီကို ခၽြတ္ၿပီး ေပးလိုက္တယ္။ ငါ လိုအပ္ေနတဲ့ အခ်ိန္မွာ အကၤ်ီလက္ေလး တစ္ဖက္ကိုေတာင္ မေပးၾကဘူးကြာ။
ငါ့အေတြ႕ အၾကဳံကေန မင္းကို အႀကံတစ္ခု ေပးမယ္ကြာ။မင္း အိမ္တစ္လုံး ေဆာက္ၿပီး ေနစရာမ ရွိသူေတြကို လာေနခိုင္းလိုက္ပါ။ ဒါေပမဲ့ မင္းအိမ္ေဆာက္ေန တုန္းမွာ
အုတ္ခဲေတြ လာေတာင္းရင္ မေပးလိုက္ပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ မင္းမွာ အုတ္ခဲမရွိေတာ့လို႔ အိမ္မေဆာက္ နိုင္ရင္ မင္းမွာ ေနစရာ မရွိျဖစ္သြားမယ္”
ကၽြန္ေတာ္လည္း ရထားဝင္လာလို႔ ရထားေပၚ အျမန္ေျပးတက္လိုက္တယ္။ လူႀကီးရဲ့ စကားကို နားထဲမွာ ၾကားေယာင္ရင္း ခုလို စဥ္းစားေန မိတယ္။ ဟုတ္ပါတယ္။
အကူ အညီလို အပ္ေနသူေတြ ကို ကူညီတယ္ ဆိုတာ အလြန္မြန္ျမတ္တဲ့ အလုပ္ပါ။ဒါေပမဲ့ကူညီရင္း ကူညီရင္းနဲ႔ မိမိ ကိုယ္တိုင္မြဲ သြားရင္လည္း မဟုတ္ေသးပါဘူး။
ဒါေၾကာင့္ ကူညီရင္းနဲ႔ မမြဲေအာင္ မိမိကိုယ္ကို ျပည့္စုံတဲ့ ႀကီးပြားခ်မ္းသာသူ တစ္ေယာက္ အရင္ ျဖစ္ေအာင္ လုပ္သင့္တယ္။
အခု ဘီလ္ဂိတ္၊ မာ့ခ္ဇူကာဘတ္ တို႔လို႔ ကမၻာမွာအခ်မ္းသာဆုံး ဘီလ်ံနာ သူေဌးႀကီးေတြ ျဖစ္လာၿပီး ေဒၚလာ ဘီလ်ံနာေပါင္းမ်ားစြာကို လႉတန္းေပးေန သလိုေပါ့။
ဒီလိုမွ မဟုတ္ဘဲ ေဝသႏၲရာမင္းႀကီးလို ဆင္ျဖဴေတာ္ပါမခ်န္ စည္းစိမ္ျပဳတ္ လႉတန္းနိုင္ ရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ။
Credit original writter
Unicode Version
အိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့
ကျွန်တော့်ကားပျက် သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့
ဘူတာရုံကို လမ်းလျှောက် သွားလိုက်တယ်။ ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံ ပလက်ဖေါင်းပေါ်မှာ
ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်ပါတယ် ။
သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန် ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့
သူတောင်းစားတစ်ယောက်မဟုတ် လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။ ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။
ဒီအချိန်မှာ ရထားဝင် လာလို့ သူ့ကို စကားမပြောနိုင်ဘဲ လက်ထဲက ထမင်းထုတ်ကို ပေးပြီး ရထားပေါ် အမြန်တက်လိုက်တယ်။
ကျွန်တော် လှမ်းကြည့်လိုက်တော့ သူဟာ ကျွန်တော့်ကို အလွန်ကျေးဇူးတင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေ တာကို မြင်လိုက်ရတယ်။
ကျွန်တော် သူ့အကြောင်းကို စဉ်းစားရင်း ညက တော်တော်နဲ့ အိပ်မရဘူး။ ဒီလူဟာ သူတောင်းစား မဟုတ်နိုင်ဘူး။ သူ့ရုပ်ရည်ကြည့်ရတာ
အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်၊ သူ အခု ဘာကြောင့် တောင်းစားနေရတာလဲဆိုတာကို သိချင်နေတယ်။
နောက်နေ့မှာ ကျွန်တော်ဟာ ပုံမှန်အလုပ်သွားချိန်ထက်စောပြီး အိမ်က ထွက်ခဲ့တယ်။ အရင်နေ့က တွေ့ခဲ့တဲ့ အဲဒီလူကြီးနဲ့ စကားပြောချင်လို့ပါ။
သူ့ကို အရင်နေ ရာမှာပဲ ခွက်တစ်လုံးရှေ့ချပြီး ထိုင်နေ တာကို တွေ့ရပြန်တယ်။ ကျွန်တော် အရင်ရက် ကလိုပဲ ထမင်းတစ်ထုတ် အမြန်ဝယ်ပြီး သူ့ဆီသွားလိုက်တယ်။
သူ့ကို ထမင်း ထုတ်ပေးရင်း ကျွန်တော်သိချင် တာကို မေးမြန်းကြည့်လိုက်တယ်။“ဦးလေးကို ကြည့်ရတာ အရင်က ချမ်းသာခဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါ မှန်ရဲ့လား ခင်ဗျ”
“မွန္ပါတယ်”
“ဟင် ဒါဆို အခု ဘာဖြစ်လို့ ဆင်းရဲသွားရတာလဲဗျ။ ဦးလေးဟာ ရှိတဲ့ ပစ္စည်းတွေကို လောင်းကစားလုပ်ပြီး ကုန်သွားလို့လား၊ စီးပွားရေးလုပ်တာ ရှုံးသွားလို့လား။
သားသမီးတွေ နှိပ်စက်လိုက်လို့လား”“မင်း ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူးကွယ်”“ဒါဆို ဦးလေး ဘာဖြစ်လို့ ဒီဘဝရောက်နေခဲ့ရတာလဲဗျ”
“ငါ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတာပါ”“ဗျာ၊ လူတွေကို စိတ်ချမ်းသာစေချင်လို့ ဒီဘဝရောက်လာရတယ် ဟုတ်လား။
ကျွန်တော် နားမလည်လို့ ရှင်းပြပေးပါလား”လူကြီးက ဆွေးမြေ့တဲ့ လေသံနဲ့ ခုလို ရှင်းပြပါတယ်။ “ငါဟာ အရင်က အတော်လေး ချမ်းသာခဲ့တယ်။
အိမ်ထောင် မရှိ လူပျိုကြီး တစ်ယောက်ပါ။ ငါ့မှာ ကောင်းတဲ့ အကျင့်လို့ ပြောရမလား၊ မကောင်းတဲ့ အကျင့်လို့ ပြောရမလား မသိဘူး။
ငါဟာ ငွေကြေးအခက်အ ခဲဖြစ်နေတဲ့ လူတွေ ငါ့ဆီလာပြီး အကူအညီတောင်းရင် ငါ ဘယ်တော့မှ မငြင်းဘူး။ သူတို့လို သလောက် ပိုက်ဆံတွေ ပေးပြီး ကူညီတယ်။
ငါဟာ အမြဲကူညီ တတ်တယ် ဆိုတာ ကြားတော့ အကူ အညီတောင်းသူတွေ လည်း အတော်များ လာတယ်။
ငါ ပိုက်ဆံပေးလိုက်လို့ သူတို့ပျော်သွားတာကို မြင်ရင် ငါလည်း စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံတွေကလည်း အပေးပဲရှိပြီး အရမရှိတော့ နောက်ဆုံး ကုန်သွားတာပေါ့ကွာ။
ငါလည်း ပိုက်ဆံမရှိတော့ ရှိတဲ့ ပစ္စည်းတွေနဲ့ အိမ်ကို ရောင်းပြီး စားသောက်ရတယ်။နောက်ဆုံး စားစရာမရှိတော့ ခုလို လမ်းဘေးရောက်လာတာပေါ့ကွာ”
“ဦးလေး၊ ခုလို ဖြစ်တဲ့အတွက် နောင်တမရဘူးလား”“မရပါဘူး။ ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာ တစ်ခုရှိတယ်”“ဘာကို စိတ်မကောင်း ဖြစ်တာလဲ ဦးလေး”
“အေးကွာ၊ ငါ လူတွေကို သနားလို့ ငါ့ကိုယ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး ပေးလိုက်တယ်။ ငါ လိုအပ်နေတဲ့ အချိန်မှာ အင်္ကျီလက်လေး တစ်ဖက်ကိုတောင် မပေးကြဘူးကွာ။
ငါ့အတွေ့ အကြုံကနေ မင်းကို အကြံတစ်ခု ပေးမယ်ကွာ။မင်း အိမ်တစ်လုံး ဆောက်ပြီး နေစရာမ ရှိသူတွေကို လာနေခိုင်းလိုက်ပါ။ ဒါပေမဲ့ မင်းအိမ်ဆောက်နေ တုန်းမှာ
အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မင်းမှာ အုတ်ခဲမရှိတော့လို့ အိမ်မဆောက် နိုင်ရင် မင်းမှာ နေစရာ မရှိဖြစ်သွားမယ်”
ကျွန်တော်လည်း ရထားဝင်လာလို့ ရထားပေါ် အမြန်ပြေးတက်လိုက်တယ်။ လူကြီးရဲ့ စကားကို နားထဲမှာ ကြားယောင်ရင်း ခုလို စဉ်းစားနေ မိတယ်။ ဟုတ်ပါတယ်။
အကူ အညီလို အပ်နေသူတွေ ကို ကူညီတယ် ဆိုတာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ဒါပေမဲ့ကူညီရင်း ကူညီရင်းနဲ့ မိမိ ကိုယ်တိုင်မွဲ သွားရင်လည်း မဟုတ်သေးပါဘူး။
ဒါကြောင့် ကူညီရင်းနဲ့ မမွဲအောင် မိမိကိုယ်ကို ပြည့်စုံတဲ့ ကြီးပွားချမ်းသာသူ တစ်ယောက် အရင် ဖြစ်အောင် လုပ်သင့်တယ်။
အခု ဘီလ်ဂိတ်၊ မာ့ခ်ဇူကာဘတ် တို့လို့ ကမ္ဘာမှာအချမ်းသာဆုံး ဘီလျံနာ သူဌေးကြီးတွေ ဖြစ်လာပြီး ဒေါ်လာ ဘီလျံနာပေါင်းများစွာကို လှူတန်းပေးနေ သလိုပေါ့။
ဒီလိုမှ မဟုတ်ဘဲ ဝေသန္တရာမင်းကြီးလို ဆင်ဖြူတော်ပါမချန် စည်းစိမ်ပြုတ် လှူတန်းနိုင် ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
Credit original writter



