ၾကားသိရသမွ်

တရုတ်နဲ့ အာဆီယံကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးပြီ

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ဩဂုတ် ၁၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း ဒုနိုင်ငံခြားရေး၀န်ကြီး ဧရာဝဏ်ယူဆွတ်ဖ်နဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ဘရူနိုင်း၀န်ကြီး ဧရာဝဏ်ယူဆွတ်ဖ် ရဲ့အမြင်သဘောထားကို နားထောင်ပြီးနောက်မှာ တရုတ်နဲ့အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ရရှိဖို့ မျှော်လင့်ကြောင်း တရုတ်ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်အဖြစ် ဧရာဝဏ်ယူဆွတ်ဖ်ကို ခန့်အပ်တဲ့အပေါ် တရုတ်ကကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအဖြေ ကူညီရှာဖွေပေးဖို့ ဧရာဝဏ်ယူဆွတ်ဖ်အနေနဲ့ အာဆီယံလမ်းစဉ်ကို ကိုင်စွဲပြီး အချက် ၅ ချက်ပါ သဘောတူညီချက်အရ ထူးထူးကဲကဲ ကိုင်တွင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဝမ်ယိက ထုတ်ဖော်ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အကြံပြုချက် ၄ ချက်ကိုလည်း ဝမ်ယိက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရှိ ပါဝင်သင့်သူအားလုံး တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်ဖို့၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ဦးစားပေးထားပြီး အကူအညီတွေ ထိထိရောက်ရောက်နဲ့ ရရှိစေဖို့၊

စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြှင့်တင်ရေးကို ဦးတည်ဖို့နဲ့ ပြည်သူလူထုဆီ အစီအစဉ်တကျ အစိုးရကို ပြန်လည်အပ်နှင်းဖို့၊ မြန်မာနိုင်ငံ အကျိုးစီးပွားကို ဆောင်ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်မယ့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာ နယ်မြေဒေသပြင်ပက အင်အားစုတွေရဲ့ ၀င်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ရွေးချယ်မှုကို လေးစားဖို့လည်း အကြံပြုထားပါတယ်။

တရုတ်ဟာ မြန်မာ့ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမှုမြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ပါ၀င်သွားဖို့ ဆန္ဒရှိကြောင်းလည်း တရုတ်ဝန်ကြီး ဝမ်ယီက ပြောပါတယ်။

ဧရာဝဏ်ယူဆွတ်ဖ် ကတော့ သူဟာ အာဆီယံအထူးသံတမန်ဖြစ်တာကြောင့် အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေး လုပ်ဆောင်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံအရေးမှာ တရုတ်ရဲ့ စဉ်ဆက်မပြတ် အရေးပါတဲ့အခန်းကဏ္ဍကို လေးစားထောက်ခံကြောင်းနဲ့ တရုတ်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လည်း ဆန္ဒရှိတယ်လို့ ပြောသွားပါတယ်။

————————–

တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိဟာ ဩဂုတ္ ၁၈ ရက္ေန႔က ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္း ဒုႏိုင္ငံျခားေရး၀န္ႀကီး ဧရာဝဏ္ယူဆြတ္ဖ္နဲ႔ ျမန္မာ့အေရး တယ္လီဖုန္းနဲ႔ ဆက္သြယ္ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနအေပၚ ဘ႐ူႏိုင္း၀န္ႀကီး ဧရာဝဏ္ယူဆြတ္ဖ္ ရဲ႕အျမင္သေဘာထားကို နားေထာင္ၿပီးေနာက္မွာ တ႐ုတ္နဲ႔အာဆီယံႏိုင္ငံေတြဟာ ျမန္မာႏိုင္ငံရဲ႕မိတ္ေဆြေတြျဖစ္ၿပီး ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းမႈ ရရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း တ႐ုတ္ဝန္ႀကီး ဝမ္ယိက ေျပာပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးသံတမန္အျဖစ္ ဧရာဝဏ္ယူဆြတ္ဖ္ကို ခန႔္အပ္တဲ့အေပၚ တ႐ုတ္ကႀကိဳဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံအေျခအေနနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရွိ ပါဝင္သင့္သူအားလုံးကို ေတြ႕ဆုံေဆြးေႏြးမႈေတြကတဆင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒေဘာင္အတြင္းကေန ႏိုင္ငံေရးအေျဖ ကူညီရွာေဖြေပးဖို႔ ဧရာဝဏ္ယူဆြတ္ဖ္အေနနဲ႔ အာဆီယံလမ္းစဥ္ကို ကိုင္စြဲၿပီး အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္အရ ထူးထူးကဲကဲ ကိုင္တြင္ေဆာင္႐ြက္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ဝမ္ယိက ထုတ္ေဖာ္ေျပာၾကားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ တ႐ုတ္ရဲ႕ အႀကံျပဳခ်က္ ၄ ခ်က္ကိုလည္း ဝမ္ယိက ေျပာၾကားသြားပါတယ္။

ျမန္မာႏိုင္ငံရွိ ပါဝင္သင့္သူအားလုံး တျဖည္းျဖည္း ယုံၾကည္မႈတည္ေဆာက္ဖို႔၊ ကိုဗစ္-၁၉ ေရာဂါတိုက္ဖ်က္ေရးအတြက္ ျမန္မာႏိုင္ငံကို ဦးစားေပးထားၿပီး အကူအညီေတြ ထိထိေရာက္ေရာက္နဲ႔ ရရွိေစဖို႔၊

စိတ္ရွည္သည္းခံၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျမႇင့္တင္ေရးကို ဦးတည္ဖို႔နဲ႔ ျပည္သူလူထုဆီ အစီအစဥ္တက် အစိုးရကို ျပန္လည္အပ္ႏွင္းဖို႔၊ ျမန္မာႏိုင္ငံ အက်ိဳးစီးပြားကို ေဆာင္႐ုံမက ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ေမွ်ာ္မွန္းခ်က္ေတြကိုပါ ျဖည့္ဆည္းေပးႏိုင္မယ့္ ဒီမိုကေရစီလုပ္ငန္းစဥ္ကို ျပန္လည္စတင္ဖို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းေရးမွာ နယ္ေျမေဒသျပင္ပက အင္အားစုေတြရဲ႕ ၀င္ေရာက္စြက္ဖက္မႈကို ဆန႔္က်င္ကန႔္ကြက္ၿပီး ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ျပည္သူေတြရဲ႕ေ႐ြးခ်ယ္မႈကို ေလးစားဖို႔လည္း အႀကံျပဳထားပါတယ္။

တ႐ုတ္ဟာ ျမန္မာ့ျပႆနာကို ႏိုင္ငံေရးအရ ေျဖရွင္းမႈျမႇင့္တင္ရာမွာ အျပဳသေဘာေဆာင္တဲ့ အခန္းက႑မွာ ဆက္လက္ပါ၀င္သြားဖို႔ ဆႏၵရွိေၾကာင္းလည္း တ႐ုတ္ဝန္ႀကီး ဝမ္ယီက ေျပာပါတယ္။

ဧရာဝဏ္ယူဆြတ္ဖ္ ကေတာ့ သူဟာ အာဆီယံအထူးသံတမန္ျဖစ္တာေၾကာင့္ အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ေရး တြန္းအားေပး လုပ္ေဆာင္သြားမွာ ျဖစ္သလို ျမန္မာႏိုင္ငံအေရးမွာ တ႐ုတ္ရဲ႕ စဥ္ဆက္မျပတ္ အေရးပါတဲ့အခန္းက႑ကို ေလးစားေထာက္ခံေၾကာင္းနဲ႔ တ႐ုတ္နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈကို အားေကာင္းေစဖို႔လည္း ဆႏၵရွိတယ္လို႔ ေျပာသြားပါတယ္။