ၾကားသိရသမွ်

10 ရက်နေ့ FTTH wifi တွေ လိုင်းဖြတ်မယ်ဆိုတာနဲ့ပက်သက်ပြီး စိတ်မပူရအောင် အမတစ်ယောက်ရေးထားတဲ့စာကို မျှဝေလိုက်ပါတယ်






ဥပမာ ကျမ ရှင်းပြမယ်












Soe Sandi Htun

FTTH ကိစ္စ က ခနခနတက်လာလို့ မပြောမနေရဖြစ်နေလို့ ကျမ တို့ ညီကိုမောင်နှမအကုန် စိတ်ပူနေရတာမျိုးမမြင်ချင်လို့ ရေးလိုက်ပါတယ်

မအလ တို့က ပိတ်ချင်တာ တကယ်ကိုရှိသမျှ အကုန်ပိတ်ချင်တာပါ လိုင်းရပီး Information က social ပေါ်တက်နေတာကို သူတို့လုံးဝမလိုချင်တာ

အဲ့တာကြောင့်လဲ အင်တာနက်ရတယ်ဆို ရှိသမျှ အကုန်လိုက်ပိတ်ကြတာပါ

ခုFTTHက တကယ်သာပိတ်ရင် ဆိုးကျိုးရလဒ်တွေကို ပြည်သူကမရပဲ

သူတို့ပဲဆိုးကျိုးရဖို့ရှိတာကိုသိလို့ Risk များလို့ ကြံရာမရဖြစ်နေတာပါ

ဥပမာ ကျမ ရှင်းပြမယ်

DIA ပဲ Bank လုပ်ငန်းတွက်သာ ဖွင့်ထားပီဆိုပါတော့

ကျမတို့ ငွေလွှဲ ငွေထုတ် ငွေသွင်း နဲ့ အစရှိတာတွေ ပြည်သူကလုပ်လို့မရတော့ရင် (FTTHမရှိလို့)

ဘဏ်တွေဖွင့်ထားလဲ အလကား ဖြစ်ပီ ဝင်ငွေမလည်ပတ်ရင် ဆိုးကျိုးက သူတို့်ပဲရမှာ

တခုတော့ရှိတယ် သူတို့ ဟိုးအရင်ကလို ATM မရှိတဲ့ခေတ်ထိကိုပြန်သွားမှ ကျမတို့ ဘဏ်နဲ့ပဲ အလုပ်လုပ်နိုင်တော့မယ်

အဲ့တော့ FTTH ဖျက်ဖို့ဆိုတာ သူတို့တွက် အင်မတန် Risk များလို့ ဆိုတာသဘောပေါက်စေချင်တယ်

အဲ့ထိမသွားဖို့တွက်လဲ FTTH မဖျက်ဖို့ Operator တွေကအထူးကြိုးစားပေးနေပါတယ်

သူတို့ကတော့ ကျမတို့ကို အမျိုးမျိုးနဲ့ခြောက်လှန့်နေမှာ

ကျမတို့ယုံကြည်ထားရမှာတခုပဲ အာဏာရူးတွေ အမြစ်ပျက်တဲ့ထိ တိုက်ဖျက်ရဖို့ ဘာသာမတူလဲ ကျမတို့ တမြေထဲနေ ညီကိုမောင်နှမတွေ အားလုံးတူတူကြိုးစားရမှာပါ

ကျမတို့ကိုခြောက်တိုင်း ကျမတို့ထိပ်လန့်နေရတာကို မြင်ချင်တဲ့သူတွေကို အခွင့်ရေးမပေးပါနဲ့

ကျမတို့ မြင်နေလဲ သွေးမပျက်ဖူးဆိုတဲ့တိုင်းပဲနေပါ

စိတ်မပျက်ကြပါနဲ့ စိတ်ဓာတ်လဲမကျပါနဲ့ အရေးတော်ပုံအောင်တော့မည်

Soe Sandi Htun