ၾကားသိရသမွ်
(၉)နာရီနောက်ပိုင်း လူသူကင်းမဲ့သွားတဲ့မန္တလေးမြို့တွင် တချို့နေရာတွေမှာ တိရိစ္ဆာန်လေးတွေတောင် အုပ်စုလိုက်လမ်းပေါ်တက်နေကြတဲ့ မြင်ကွင်း
(၉)နာရီနောက်ပိုင်း လူသူကင်းမဲ့သွားတဲ့မန္တလေးမြို့တွင် တချို့နေရာတွေမှာ တိရိစ္ဆာန်လေးတွေတောင် အုပ်စုလိုက်လမ်းပေါ်တက်နေကြတဲ့ မြင်ကွင်း
ယနေ့အချိန်ထိ လမ်းပေါ်တွေမှာ ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်တဲ့ မန္တလေးမြို့မှာတော့ ဩဂုတ်လ
(၁၆)ရက်နေ့ကအပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။မန္တလေးသူ၊မန္တလေ
းသားတွေလည်း အပြင်ထွက်ရင်ပစ်မိန့်ပေးထားတာကြောင့် မိမိတို့ရဲ့အသက်ကိုကာကွယ်ဖို့ အိမ်
ထဲမှာသာနေကြတာဖြစ်ပါတယ်။မနက် (၄)နာရီကနေ (၉)နာရီအထိ အပြင်ထွက်ခွင့်ပေးတာ
ကြောင့် မန္တလေးမြို့နေသူတွေလည်း အဲ့ဒီအချိန်လေးမှာသာ အပြင်ထွက်ပြီး ဝယ်ခြမ်းကြတာဖြစ်ပါတယ်။
မန္တလေးမြို့မှာ မနက် (၉)နာရီကနေ ညနေ(၃)နာရီအတွင်း အပြင်မထွက်ရတာ ဒီနေ့နဲ့ဆိုရင်
(၄)ရက်ရှိသွားပြီဖြစ်ပါတယ်။ဩဂုတ်လ (၁၉)ရက်နေ့မှာဆိုရင်လည်း (၉)နာရီမထိုးခင်
ကတည်းက လူသွားလူလာသိပ်မရှိတော့ဘဲတိတ်ဆိတ်ခြောက်ကပ်သွားပြီဖြစ်ပါတယ်။စျေးဆိုင်
တွေဆိုလည်း မနက်ပိုင်းသာရောင်းချပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဆိုင်ပိတ်လိုက်ရတာ
ဖြစ်ပါတယ်။လူနေထူထပ်ပြီး အရမ်းစည်ကားခဲ့တဲ့ မန္တလေးမြို့ကြီးကတော့ရက်ပိုင်းအတွင်းငြိမ်ကျသွားတာဖြစ်ပါတယ်။
အပြင်ထွက်ရင်ပစ်မိန့်ပေးထားတာတောင် မန္တလေးသူ၊မန္တလေးသားတွေကတော့ ရတဲ့အချိန်လေး
မှာ ဆန္ဒထုတ်ဖော်လိုက်ကြသေးတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ လမ်းပေါ်မှာ သွားလာသူမရှိ
တော့ဘဲ တချို့နေရာတွေမှာ ခွေးလေးတွေ၊နွားလေးတွေတောင် အုပ်စုလိုက် လမ်းပေါ်တက်နေ
ကြတာဖြစ်ပါတယ်။ပစ်မိန့်ပေးထားတာကြောင့် ပြည်သူတွေကတော့ အပြင်မထွက်ရဲကြလို့ တစ်
မြို့လုံးနီးပါး တိတ်ဆိတ်နေတဲ့ မန္တလေးမြို့ရဲ့ယနေ့မြင်ကွင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
creid writer and photo
creid writer and photo